ပြင်ဦးလွင်မြို့နယ် စည်ကားရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး အသတ်ခံရ

0
87

၁၉ စက်တင်ဘာ ၂၀၂၂

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် စည်ကားကျေးရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး အသတ်ခံခဲ့ရကြောင်း တုသိတာလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးထံက သိရသည်။

စက်တင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီခန့်က အသတ်ခံရသည့် ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ကြောင်း အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

“အသေစိတ်ကိုတော့ မသိသေးဘူးဗျ ရဲတွေလိုက်နေတုန်းပဲရှိသေးတယ် ကျနော်တို့ကို ခေါ်တာ ၁၂ နာရီဝန်ကျင်လောက်ပေါ့။ ဖြစ်ထားတဲ့ ပုံစံက ကလေးတွေ ပြောပြချက်အရ ညကတည်းက ဖြစ်ထားတဲ့ အနေအထားရှိတယ်” ၎င်းက ပြောသည်။

အသတ်ခံရသူ ၅ ဦးမှာ အသက် ၄၀ နှစ်အရွယ် ရှိသည့် အမျိုးသား ၂ ဦး၊ အသက် ၃၀ နှစ်အရွယ်ရှိသည့် အမျိုးသမီး ၁ ‌ဦးအပါအဝင်အသက် ၁၃ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးအပါအဝင် အသတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသူ ၅ ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် လည်ပင်းလှီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းများကို ပြင်ဦးလွင် နာရေးကူညီမှုအသင်း၊ စည်ကားကျေးရွာအသင်း၊ တုသိတာ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြင်ဦးလွင်ပြည်သူဆေးရုံးကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here