“စစ်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတဲ့အတွက် ကိုဗစ်ကာလမှာ တစ်ချို့သော လူသားချင်းစာနာသော အကူအညီတွေပေးဖို့ ခက်ခဲတာတွေရှိတယ်။ တစ်ချိန်တည်းမှာ စစ်ပွဲကာလအတွင်း တိုင်းရင်းသားတွေအပေါ်မှာ ပိုမိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်” ဦးအောင်မျိုးမင်း(ညီမျှခြင်း-မြန်မာ)

0
251

ညီမျှခြင်း-မြန်မာ၊ ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

၁ ဇွန် ၂၀၂၀

COVID- 19 ကာလအတွင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့များက ပြောပါ တယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ကတော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာတွေ လုပ်ဆောင်တာတွေ မရှိပဲ နှုတ်ဆိတ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့များက ဆိုပါတယ်။ ဒါကြောင့် COVID- 19 ကာလအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှုတ်ဆိတ်မနေပဲ ကိုင် တွယ် ဖြေရှင်းပေးရန်နှင့် မဖြစ်ခင်ကြိုတင်ကာကွယ်မှုမျိုးတွေ လုပ်ဆောင်ပေးရန် လူ့အခွင့်အရေးအဖွဲ့ ၂၂ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို မေလ ၁၇ ရက်နေ့ ကတိုက် တွန်းတောင်း ဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဘာတွေ တိုက် တွန်းတောင်းဆိုထားပါသလဲ၊လက်ရှိ COVID- 19 ကာလမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကကော ဘယ်လိုရှိနေပါသလဲ စတဲ့အကြောင်းအရာတွေကို ထုတ်ပြန်ချက်ထုတ်ရာတွင် ပါ၀င် တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဆက်သွယ် မေးမြန်းရာတွင် သူက အခုလိုစပြောပါတယ်။

ဦးအောင်မျိုးမင်း – လူ့အခွင့်အရေး ကော်မရှင်ဆိုတာက ဒီလိုသာမန် အခြေအနေမျိုးမှာတောင်မှ ဒီမြန်မာ နိုင်ငံမှာ ရှိတဲ့ နိုင်ငံ သားတွေရဲ့ အားလုံးကိုတောင်မှ လူ့အခွင့်အရေးကို စောင့်ကြည့်ပြီးတော့ အမြဲတမ်းလို အပ်သလို ကာကွယ်စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလမှာ ဆိုရင် ကျနော်တို့က ပို မိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေ ရှိနေတယ်။ စစ်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတဲ့အတွက် ကိုဗစ်ကာလမှာ တစ်ချို့သော လူသားချင်းစာနာသော အကူအညီတွေပေးဖို့ ခက်ခဲတာတွေရှိတယ်။ တစ်ချိန်တည်းမှာတင် စစ်ပွဲကာလအတွင်းမှာ တိုင်းရင်းသားတွေအပေါ်မှာ ပိုမိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေ တယ်။ အဲတော့ အဲလိုမျိုးကိစ္စတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေးကော်မရှင်က သာမန်စောင့်ထိန်းရမယ့် တာ၀န်တင်မကပဲနဲ့ ဒီထက်ပိုပြီးတော့ တက်ကြွစွာဖြင့် ဒီထက်ပိုပြီးတော့ နိုးကြားစွာဖြင့် ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တည်ပေးတဲ့ဟာမျိုး ကြေညာချက်မျိုး ဒါမှမဟုတ်လို့ရှိရင် လုပ်ဆောင်ချက်မျိုး ဒါတွေကို လုပ်ဆောင်ပေးဖို့အတွက် အသိပေးလိုတဲ့အတွက် ကြောင့်မို့လို့ အခုလိုကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။

မေး – လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ လူ့အခွင့်အရေး ကော်မ ရှင်ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုရှိနေသလဲ။ ဆရာတို့အနေနဲ့ ဘယ်လိုတွေ့ရသလဲ။

ဦးအောင်မျိုးမင်း – အခု ဒီကော်မရှင်ကတော့ အသစ်ဖြစ်တယ်။ အသစ်ဖြစ်တော့ သူတို့အနေနဲ့ တကယ် တမ်းလုပ်ဆောင်နိုင်ဖို့ အချိန်မှာ ဒီ COVID- 19 ကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေတာတွေ ရှိပါတယ်။ အဲတော့ COVID ကာလ မဖြစ်ခင်တုန်းကတော့ တစ်ချို့သော CSO အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ဘာလုပ်မလဲ ဆိုတဲ့ဟာမျိုး တိုင်ပင်တဲ့ အဆင့်လောက်အထိပဲ ရှိသေးတယ်။ ဒါပေမယ့် တကယ်တမ်း လုပ်ဆောင်မှုကို အခုအချိန်အထိ သေသေချာချာ မတွေ့ရသေးဘူး။ ဒါက ၂ ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါက ဒီ COVID ကာလလည်း အကြောင်းပြနိုင်ပေမယ့် နောက်တစ်ခုကလည်း အသစ်ဖြစ်တဲ့အတွက် အနှောင့်အ နှေးဖြစ် နိုင်တာ ဘယ်လိုပဲ အကြောင်းအမျိုးမျိုးဖြစ်ပါ လူ့အခွင့်အရေး ကော်မရှင်အဖြစ် ခန့်အပ်ခံလို့ရှိရင်တော့ ဒီ ဟာတွေ က ကျနော်တို့ ဘယ်လိုအခြေအနေမျိုးမှာ မဆို နိုင်ငံတော်မှာ ရှိတဲ့ လိုအပ်သော လူ့အခွင့်အရေး ကာကွယ်ပေးဖို့ လိုသလို အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာကို အကြံပေးဖို့ တာ၀န်က တော့ သူတို့ဆီမှာ ရှိတဲ့အတွက် ဒါတွေကို လုပ်နိုင်တဲ့ အချိန်မှာ လုပ်နိုင်သလောက် လုပ်ဆောင်ဖို့ကတော့ လိုအပ်နေပါတယ်။

မေး – ဒီထုတ်ပြန်ချက်ကနေ လူ့အခွင့်အရေးကော်မရှင်ကို ဘယ်လိုဖြစ်စဉ်တွေမှာ အဓိကထား ထောက်ပြ ချင်တာလဲ။ ပြီးတော့ ဘာတွေကို အဓိကထားလုပ် ဆောင်စေချင်တာလဲ။

ဦးအောင်မျိုးမင်း – ထောက်ပြစရာကတော့ အများကြီးပါ။ ဒါပေမယ့် ကျနော်တို့ အဓိက ထောက်ပြချင်တဲ့ ကိစ္စတစ်ခုကတော့ ဒီ ရခိုင်ဒေသမှာ မော်တော်ယာဉ်ပေါ်မှာ နှိမ့်စက်တဲ့ ကိစ္စ တပ်မတော်ကနေ ဒါနဲ့ ပတ် သက်ပြီးတော့ ၀န်ခံတာ ရှိပေမယ့် လူ့အခွင့်အရေး ကော်မရှင်က ဒါနဲ့ ပတ်သက်လို့ သုံးသပ်ချက် ဒါနဲ့ ပတ် သက်ပြီးတော့ ရပ်တည်ချက် တစ်စုံတစ်ရာမှ မထွက်လာဘူး။ အဲဒီကိစ္စတစ်ခု ကျနော်ထောက်ပြ ချင်တယ်။

နောက်တစ်ခု ကတော့ ကျနော်တို့ ဒီနိုင်ငံရေး အကျဉ်းသားတွေ ကိစ္စမှာ အစိုးရရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာပေမယ့် တစ်ချို့သော နိုင်ငံရေး အကျဉ်းသားတွေ ဆက် ပြီးတော့ ကျန်နေတုန်း အဲတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လွတ်သင့် လွတ် လိုက်တဲ့ သူများ မတရားသော ဥပဒေတွေနဲ့ ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားတွေ လွတ် ပေးဖို့ အတွက်လည်း သူတို့နဲ့ ရပ်တည်ချက် လုပ်ဆောင်သင့်တယ်။ နောက်တစ်ခုက ဒီ COVID ကာလအ တွင်း မှာ ကျနော်တို့ဘာတွေ ကြုံတွေ့နေရသလဲဆိုတော့ တစ်ခါတစ်လေ လိုတာထက်ပိုပြီးတော့ ကျနော် တို့ တရားဥပဒေစိုးမိုးရေး ဆိုပြီးတော့ လိုတာထက်ပိုပြီးတော့ လုပ်ဆောင်သော တစ်ချို့သော အချက်တွေ ရှိပါ တယ်။ အဲဒါတွေ မဖြစ်အောင် Guideline လေးတွေ အဲဒါတွေ မဖြစ်အောင် ဘယ်လိုမျိုး လုပ်ဆောင် သင့် တယ် ဆိုတဲ့ပြောကြားချက်လေးတွေ ဒါလေးတွေ လုပ်ဆောင်ပြီးတော့ နိုင်ငံတော် အစိုးရ အနေနဲ့ ဒီကိစ္စတွေ ကို အရေးယူ ဆောင်ရွက်ဖို့အတွက် ရပ်တည်ချက်တွေ ထုတ်ပြန်ပေးဖို့အတွက် ဒါမျိုးတွေလည်း ကျနော် တောင်းဆိုချင်ပါတယ်။

မေး – ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက်ဖြေရှင်းတာ မ ရှိဘဲ ဖာထေးနိုင်ဖို့ လုပ်ပိုင်ခွင့် အခွင့်အာဏာနဲ့ တာ၀န်၀တ္တရားတွေကို မကြောက် မရွံ့ဘဲ ထိရောက်စွာ လုပ် ဆောင်ဖို့ ပြောထားတယ်။ ဆိုတော့ အဲဒါက ဘာကိုဆိုလိုတာလဲ။

ဦးအောင်မျိုးမင်း – ဒီဟာမျိုးကတော့ ခုနပြောသလိုပဲ COVID ကာလအတွင်းမှာ COVID ကြောင့်မို့လို့ မလုပ်နိုင် ပါဘူးဆိုတဲ့ အချက်မျိုး ဒါတွေကတော့ COVID ကာလမှာ ကန့်သတ်လို့ ရပါတယ် ဆိုတဲ့ အကြောင်းအရာမျိုး တကယ်တမ်းကျတော့ လူ့အခွင့်အရေး ရပ်တည်ရမယ့်အစား တစ်ချို့သော နေရာတွေမှာ ထိထိရောက် ရောက်နဲ့ မပြောသောအချက် ပြောသင့်ရဲ့သားနဲ့ ရပ်တည်သင့်ရဲ့သားနဲ့ ရပ် တည်မှု အပိုင်းမှာ နောက်ကျနေတာ ဒါနဲ့ ပတ်သက်လို့ ဘာမှမသိရတဲ့ အချက်ကိုထောက်ပြတာဖြစ်ပါတယ်။

မေး – COVID-19 ကာလမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ နိုင်ငံ တကာမှာ ရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်ကို ဘယ်လိုမျိုး နှိုင်းယှဉ်လို့ ရနိုင်လဲ။

ဦးအောင်မျိုးမင်း – နိုင်ငံတွေမှာကတော့ သူနိုင်ငံနဲ့သူ မတူညီသော လုပ်ဆောင်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒီ COVID ကာလ အတွင်းမှာ မလိုလားအပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ဖို့ တရားဥပဒေ စိုးမိုး ရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ဖို့အတွက် ကုလသမဂ္ဂ ကိုယ်တိုင်ကလည်း လူ့ အခွင့်အရေး ကော်မရှင်တွေ သူတို့ခေါ်တာကတော့ Human Right Institute ပေါ့နော်၊ အဲဒါတွေက ပိုပြီး တော့ နိုးကြားကြပါ။ အဲဒါနဲ့ ပိုပြီးတော့ ရပ်တည်ကြပါလို့ ပြောထားကြပါတယ်။ ဆိုတဲ့အချက်က သာမန် တောင် မဟုတ်ဘူး။ ကြိုတင်ပြီးတော့ မဖြစ်အောင် ကာကွယ်တားဆီးရေး မျိုးအဆင့်မျိုးဖြစ်အောင် လုပ် ဆောင် ပေးပါ ပြောပေမယ့် တစ်ချို့နိုင်ငံတွေမှာတော့ လုပ်ဆောင်ကြတယ်။ တစ်ချိန်တည်းမှာလည်း ဖြစ်နိုင် တဲ့ ကိစ္စတွေ ချိုးဖောက်မှုတွေကို ကြိုတင်သတိပေးပြီးတော့ ဒါတွေမဖြစ်အောင် တားဆီးတာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံကတော့ အဲလိုမျိုး ကိစ္စနဲ့ ဖြစ်လာတဲ့ ကိစ္စတောင်မှ ရပ်တည်မှု ခိုင်ခိုင်မာမာ မရှိတာကို တွေ့ရပါ တယ်။

မေး- ထုတ်ပြန်ချက်ထဲမှာ အစိုးရက ရခိုင်နှင့် ချင်းမှာ အင်တာနက်ဖြတ်တောက် တာနဲ့ ပတ်သက်ပြီး ထည့်သွင်းထားတယ်။ ဆိုတော့ လူ့အခွင့်အရေး ရှု့ထောင့်က ကြည့်မယ်ဆိုရင် ဒီ အင် တာနက်ဖြတ်တောက် တာက လူ့အခွင့်အရေး ချိုးဖောက်မှု ဘယ်လောက်အထိ ရှိနိုင်သလဲ။

ဦးအောင်မျိုးမင်း – အဲတော့ အင်တာနက်ဖြတ်တောက်မှုက ကျနော်တို့ လွတ်လပ်စွာ သတင်းရယူမှုကို ထိ ခိုက်ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီ ရရှိဖို့အတွက် လိုအပ်နေတယ်။ အခုလိုမျိုး COVID ကာလအတွင်းမှာ ဆိုရင် သူတို့အနေနဲ့ ကျန်းမာရေး ဆိုင်ရာ အချက်အလက်တွေ သူတို့အနေနဲ့ ပိုပြီးတော့ ရသင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အခြေအ နေက သာမန်နေအိမ်မှာ နေထိုင်ပြီးတော့ Quarantine လိုနေလို့ရတဲ့ အခြေအနေမဟုတ်ဘူး။ အဲတော့ သတင်းနဲ့ ပတ်သက်ပြီးတော့မှ သိရှိခွင့်ရှိသလို ကျန်းမာရေး အသိပညာတွေနဲ့ ပတ်သက်ပြီးတော့ လက် လှမ်းမှီမှု ရှိအောင် ရရှိရမှာ သူတို့ရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး အင်တာနက်တွေ ပိတ် ထားခြင်းကြောင့် အခြေအနေတွေ အကြောင်းအရာတွေ နောက်တစ်ခါ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ကို အချိန်နဲ့ တစ်ပြေးညီ လိုအပ်တဲ့သူတွေကြားထဲမှာ မရရှိခြင်းက ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးကို ထိ ခိုက်တာဖြစ်သလို လူတွေရဲ့ အခြေခံအခွင့်အရေး တစ်ခုဖြစ်တဲ့ သတင်းများ ရရှိခွင့်ကို သွားပြီးတော့ ထိခိုက် တာ ရှိပါတယ်။

မေး – ဆရာတို့အနေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဘာအဓိက တောင်းဆိုချင် တာလဲ။

ဦးအောင်မျိုးမင်း – တောင်းဆိုချင်တာကတော့ ဖြစ်လာမှ ဒီလိုမျိုး လူ့အခွင့်အရေး ကိစ္စတွေကို တိုင်ကြားပါ။ ဒါနဲ့ ပတ်သက်ပြီး တော့ လိုအပ်သလို အထက်ကိုတင်ပြပါမယ့် ပုံစံမျိုး မဟုတ်ဘဲနဲ့ မဖြစ်ခင်ကတည်းက ဒါမျိုး တွေ ဖြစ်နိုင်သော ကိစ္စတွေက ဘာတွေ ဖြစ်နိုင်သလဲ ဒါကြောင့်မို့ မဖြစ်ဖို့အတွက် တရားဥပဒေစိုးမိုးရေး တာ၀န်ထမ်း ဆောင်တဲ့သူ COVID ကာလအတွင်းမှာ ဒီလိုမျိုး တာ၀န်ထမ်းဆောင်တဲ့သူတွေက ဘာတွေ ကို ရှောင်ရှား သင့်သလဲ ဘာတွေကို သတိထားသင့်သလဲ နောက်တစ်ခါ အမိန့်တွေ စည်းကမ်းတွေ ထုတ် တဲ့ အခါမှာလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်တွေနဲ့ကျနော်တို့ မသွေဖီသွားအောင် အစိုးရကို အကြံ ဉာဏ် ပြုတာတွေ နောက်တစ်ခါ လက်ရှိ အခြေအနေမှာ လိုအပ်သော တိုင်းရင်းသား လူမျိုးတွေ ဒေသတွေ အပေါ် မှာ ချန်လှပ်ပြီးတော့ လူ့အခွင့်အရေး ကိစ္စတွေ ချန်လှပ်ပြီးတော့ မရရှိအောင် ဒါမှမဟုတ်လို့ရှိရင် ကျန်ခဲ့အောင် လုပ်ဆောင်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း အစိုးရကို တင်ပြပြီးတော့ လူ့အခွင့်အရေး အတွက် ရပ်တည် သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။

မေး – ဆရာအနေနဲ့ တစ်ခြားဘာများ ဖြည့်စွတ်ပြောချင်သေးလဲ။

ဦးအောင်မျိုးမင်း – သာမန်အခြေအနေမှာတောင်မှ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ဆိုးရွားတဲ့ လူ့အခွင့် အရေးကိစ္စတွေကို စောင့်ကြည့်တာ ပြီးရင် မဖြစ်အောင် တားဆီးတာ ဖြစ်လာလို့ရှိရင်လည်း ဥပဒေအရ ကျနော်တို့ အမှန်တရား အတိုင်းဖြစ်အောင် လုပ်ဆောင်တာရှိပါတယ်။ အခုလိုမျိုး COVID ကာလမှာ ပိုမိုပြီး တော့ ဆိုးရွားသော ခွဲခြားမှုတွေ ရှိနိုင်တယ်။ ပိုမိုပြီးတော့ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ဥပမာ အာဏာ အလွှဲသုံးစားလုပ်တာ ၊ လိုတာထက် ပိုကန့်သတ် တာ ရှိနိုင်တယ် ဒီနေရာမျိုးတွေမှာ ပိုမိုပြီးတော့ ရပ်တည်ပေးဖို့အတွက် တိုက်တွန်းလိုပါတယ်။ တိုင်ကြားမှ ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ တကယ်ကြိုတင်ပြီးတော့ လူ့အခွင့်အရေးကို ရဲရဲဝံ့ဝံ့ ရပ်တည်ပေးဖို့အတွက် တိုက် တွန်းလို ပါတယ်။

အားမီ(NMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here