နှစ်ဖက်တစ်ပြိုင်နက် အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် တပ်မတော်ကို AAအပါအဝင် ညီနောင် (၃) ဖွဲ့ ကမ်းလှမ်း

0
168

၂ ဇွန် ၂၀၂၀

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေး တပ်တပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့က တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းကြောင်း ဇွန်လ (၁) ရက်နေ့က ထုန်ပြန်လိုက်သည်။

နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်၊ အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့ အဖွဲ့အစည်းကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို လက်တွေ့ကျကျ ထိရောက်စွာဆောင်ရွက်ရန်နှင့် တိုက်ပွဲများမဖြစ်ပဲ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်နှင့် ၎င်းတို့အဖွဲ့များကြား နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းသွားေစရန်နှင့် Covid -19 ရောဂါကာကွယ်ထိန်းချုပ်ရေးကို အထောက်အကူပြု ဖြစ်စေရန်အတွက်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ဆိုသည်။

ယင်းသို့ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေးကို ဇွန်လ (၁) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့ထိ သုံးလတာ သက်တမ်းတိုးမြှင့်လိုက်ခြင်းဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ညီနောင်သုံးဖွဲ့သည် ယခင်ကလည်း ယင်းသို့ထုတ်ပြန်မှုများရှိသည့်အတွက် ယခုအကြိမ်မှာ (၆) ကြိမ်မြောက်ဖြစ်သည်။ သို့သော်လည်း ယင်းကာလအတွင်း တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့ဘက်ကလည်း ပြန်လည်တုံ့ပြန် ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့က နိုင်ငံအတွင်း Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှ အပ ကျန်နယ်မြေများ၌ မေလ (၁၀) ရက်နေ့မှ (၃၁) ရက်နေ့ထိ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရက္ခိုင့်တပ်တော် AA ကို အစိုးရမှ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

ထို့ကြောင့် စစ်ရေးတင်းမာနေသည့် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားေနပြီး စစ်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများ ထိခိုက်၊ သေဆုံးမှုမှုအပြင် စစ်ဘေးရှောင်နေကြသည့် လူမနေကျေးရွာများမှာလည်း မီးလောင်ဆုံးရှုံးမှုများ ရှိနေသည်။

လက်ရှိတွင် နှစ်အဖွဲ့အစည်းတို့က တွေ့ဆုံနွေးဆွေးခြင်းများ ရှိမနေခြင်းမှာ ငြိမ်းချမ်းရေးအတွက် အချိန်ဆွဲနေသလိုဖြစ်နေကြောင်း ရသေ့တောင်ၿမို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေၚခင်စောဝေက သုံးသပ်သည်။

“ သူတို့ တွေဆုံညိွနှိုင်းမှု မလုပ်တာကို တော်တော်ကြာသွားၿပီ။ သူတို့ တွေ့ဆုံမှုကတော့ နေရာရွေးနေတာကိုလည်း တွေ့တယ်။ ဒါကို စဉ်စားကြည့်တဲ့အခါ သူတို့က ၿငိမ်းချမ်းရေးအတွက် နှောက်ယှက်ဖြစ်အောင် တမင် အချိန်ကို ဆွဲနေသလားလို့ ပြည်သူတွေရဲ့ထင်မြင်မှုတွေ ဝေဖန်မှုတွေလည်း ရှိနေတယ်။ ” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ယင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ မကြာခဏလုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ဒေါ်ခင်စောဝေက ထောက်ပြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၁၆၄၀၀၀ ကျော်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် လူဦးရေ ၆၀၀၀ ကျော်ထိ ရှိလာနေၿပီး စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ႀကုံနေကြရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် မိုးရာသီကာလသို့ ရောက်ရှိလာြပီဖြစ်သည့်အတွက် မိုးစပါး ထွန်ယက်စိုက်ပျိုးရန် မိမိနေရပ်သို့ ပြန်ချင်ေနၾကသည္။

ထို့ကြောင့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲများရပ်တန့်ၿပီး ငြိမ်းချမ်းစေချင်ကြောင်း စစ်တေြၿမို့ ရွှေပါရမီဘုန်ႀကီးကျောင်းကို ရောက်ရှိနေသည့် မြောက်ဦးမြို့နယ် အောင်တပ်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ ကျနော်တို့ တောင်းဆိုချင်တာက နှစ်ဖက်စလုံး အေးချမ်းသွားရင်တော့ သိပ်ကောင်းမှာပဲလို့။ ကျနော်တို့က အမြဲတမ်း ဆုတောင်းနေပါတယ်။” ဦးကျော်လှစိန်က ပြောသည်။

ရခိုင်ပြည်နယ်နှင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်နှစ်ခန့်ကြာမြင့် လာနေၿပီး လက်ရှိ အချိန်ထိ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

ထို့အပြင် တိုက်ပွဲ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ ပစ်ခတ်ခံရမှု၊ မိုင်းထိမှန်မှု စသည့်တိုကြောင့် သေဆုံးဒဏ်ရာရသူများလည်း တဖြည်းဖြည်းတိုးလာနေသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here