“မဲပေးခွင့် ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာတွေက နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေဖြစ်တယ်။ အဲတော့ သူတို့တွေရဲ့ ကိုယ်စား ပြုမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက် သူတို့ဒေသအတွက် နစ်နာတယ်” ဦးမျိုးကျော် (UNA အတွင်းရေးမှူးအဖွဲ့ဝင်)

0
343

UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း

၈ ဇွန် ၂၀၂၀

COVID- 19 ကာလမှာ ၂၀၂၀ ရွေးကောက်ပွဲကို ပုံမှန်အတိုင်းသာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေနဲ့ ပတ် သက်ပြီးတော့ ပါတီတွေကို တရား၀င် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားတာတွေ မရှိသေးဘူးလို့ နိုင် ငံ ရေးပါတီတွေက ဆိုပါတယ်။ အဲလို အနေအထားမျိုးမှာ ဇွန်လ ၁ ရက်နေ့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစည်းထားတဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန် ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ရွှေ့ဆိုင်းတာပဲဖြစ် ဖြစ် ဒါမှမဟုတ် ကျင်းပတာပဲဖြစ်ဖြစ် လုပ်ခဲ့မယ်ဆိုရင် သူတိုရဲ့ သဘောထားတွေကို ရယူဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသပါမကျန် နယ်စွန်နယ်ဖျားရှိ ဒေသတွေအားလုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပပေးဖို့လည်း တောင်းဆိုထားပါတယ်။ အဲလိုကျင်းပလိုက်မယ်ဆိုရင် အဲဒီဒေသတွေမှာ စစ်ဘောင်းကျဉ်းလာနိုင်ပြီး နိုင်ငံရေးဘောင် ကျယ်လာနိုင်တယ်လို့ UNA ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဘာကြောင့် ပါတီတွေရဲ့ သဘောထားကို ရယူသင့်ပါသလဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဘာကြောင့် တောင်းဆိုရတာလဲ၊ ရခိုင်ပြည်နယ်လို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာလဲ၊ စတာတွေကို UNA အတွင်းရေးမှူး အဖွဲ့၀င်လည်းဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးကျော်ကို ဇွန်လ ၁ ရက်နေ့က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဆရာတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပတာပဲဖြစ်ဖြစ် ရွှေ့ဆိုင်းတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ၀င် ရောက်ယှဉ်ပြိုင်မယ် ပါတီတွေနှင့် ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုတာတွေ့ရတယ်။ ဆိုတော့ လက်ရှိ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေကို ဆရာတို့ အနေနဲ့ ဘယ်လိုသိထားသလဲ။

ဖြေ – ကျနော်တို့ အခုသူတို့ပြောနေတဲ့ ပုံစံကတော့ ပုံမှန်အတိုင်း ကျင်းပမယ်ဆိုတဲ့ဟာမျိုး ပြော တယ်။ ဒါပေမယ့် အခုအခြေအနေက တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး COVID- 19 အခြေအနေ ကြောင့် နိုင်ငံရေးပါတီတွေက ဘာမှလှုပ်ရှားလို့ မရတဲ့ အနေအထားမျိုးအထိ ရောက်နေတယ်။ အဲဒီတော့ ဖြစ်စေချင်တာကတော့ အကယ်၍ ပုံမှန်အတိုင်း ကျင်းပမယ်ဆိုရင် တောင်မှ လုပ်ထုံးလုပ်နည်းဆိုတာက ၂၀၁၀ တုန်းကနေပြီးတော့ ၂ လ ကျော်ကျောက်လေး ကြေညာတယ်။ ၂၀၁၅ လေးလလောက် ကြိုကြေညာတယ်။ ဒါတွေကို သူတို့ လုပ်ထုံးလုပ်နည်း လို့ များ ပြောနေတာလား။ အခုအချိန်မှာက ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ၂၀၂၀ သေချာပြီလား သေချာရင် အခုက တည်းကနေပြီးတော့ တရား၀င်ကြေညာဖို့ လိုတယ်။ ဒါမှမဟုတ် နောက်ဆုတ်မယ် ဘာ မယ်ညာမယ်ဆိုရင်လည်း ကျနော်တို့ ဖြစ်စေချင်တာကတော့ နိုင်ငံရေးပါတီတွေက တာ၀န်ရှိ ခေါင်း ဆောင် တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်းပြီးတော့ ကြိုပြီးကြေညာသင့်တယ်လို့ ထင်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ၂၀၂၀၊ ၂၀၁၅ အခြေအနေ မဟုတ်ဘူး ဒီနေ့နိုင်ငံရေး အခြေအနေအရ ဒီနေ့ နိုင်ငံရဲ့ ကျန်းမာ ရေး လူမှု့ရေး အထွေထွေကိစ္စတွေက အဲလိုမဟုတ်တဲ့အတွက်မှာ တစ်ဖက်မှာလည်း ပြင်ဆင်ဖို့ အချိန်ပို လိုအပ် တယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒီအတွက်မှာ ညှိနှိုင်းပြီးမှ သတ်မှတ်ပေးဖို့ ကျနော်တို့ လိုချင်တာပါ။

မေး – ပြီးတော့ ဆရာတို့အနေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာပါ ရွေး ကောက် ပွဲကျင်းပဖို့ တောင်းဆိုထားတာ တွေ့ရတယ်။ ဘာဖြစ်လို့ အဲလိုဒေသတွေကို ထည့်သွင်း တောင်းဆိုရတာလဲ။

ဖြေ – ကျနော်တို့ နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ဗျာ။ ဒါပေမယ့် ရွေးကောက် ပွဲကို ၂၀၁၀ ရော ၂၀၁၅ မှာရော အပြည့် မကျင်းပနိုင်ခဲ့ဘူး။ အထူးသဖြင့် မဲပေးခွင့် ရွေးကောက်ပွဲ မကျင်း ပတဲ့ နေရာတွေက နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေဖြစ်တယ်။ အဲတော့ သူတို့တွေရဲ့ ကိုယ်စား ပြုမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက်မှာ သူတို့ဒေသအတွက် နစ်နာတယ်။ သူတို့ရဲ့ အသံတွေ ပျောက်တယ်။ ဆိုတော့ အခုဆိုရင် အဲဒီထက်တောင် ပေါ်လာမယ့် အနေအထား ဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုရင် ရခိုင်မှာ ဖြစ်နေတဲ့ အခြေအနေက ပုံမှန်ထက်ကို ပိုပြီးတော့ ဆိုးတယ်။ အဲဒီတော့ ပုံမှန် ရွေးကောက်ပွဲ မဖြစ်တာကတော့ ဥပမာ မြန်မာနိုင်ငံရဲ့ အရှေ့ဖက် ရှမ်းပြည်တို့၊ ကရင်တို့ အဲလိုဟာမျိုးတွေ မဖြစ်တာ။ အခုကျတော့ ရခိုင်မှာပါ ဆိုတော့ ပိုပြီးတော့ များသွားမယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံက ရွေးကောက်ပွဲ သက်တမ်းနှင့်ဆိုရင် အစိုးရက သက်တမ်း ၂ ကြိမ်ပေါ့။ အခုတစ်ကြိမ်ဆိုရင် ကျနော်တို့ တတိယသက်တမ်း ဒီမိုကရေစီ အစိုးရ ပြောင်းတဲ့နေရာမှာ ပြည် သူတစ်ရပ်လုံး တိုင်းရင်းသား ပြည်သူအကုန်လုံးမှာ လူထုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ရစေချင်တယ်၊ သူတို့ရဲ့ အသံတွေနဲ့ ပါစေချင်တယ်။ သူတို့ဒေသဖွံ့ဖြိုးဖို့ တိုးတက်ဖို့အတွက် ကိုယ်စားလှယ် တွေ ရဖို့လိုတယ်။ အဲဒီအတွက်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အဲလိုမျိုး နေရာကျန်လှပ်ရအောင် တိုက်တွန်းခြင်းဖြစ်တယ်။

မေး – စစ်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပရင် စစ်ဘောင်ကျဉ်း သွားနိုင်မယ် နိုင်ငံရေး ဘောင်ကျယ်လာမယ်လို့ ဆရာတို့ ပြောထားတာရှိတယ် ဆိုတော့ တကယ်ပဲ အဲလိုဒေသတွေမှာ ရွေးကောက်ပွဲကြောင့် စစ်ဘောင်ကျဉ်းသွာနိုင်တာလား။ ဆရာတို့ ဘယ်လိုသုံး သပ်ထားတာလဲ။

ဖြေ – ရွေးကောက်ပွဲ ကျင်းပမယ်ဆိုကတည်းက ဒီဒေသမှာ ကျင်းပနိုင်အောင် အဲဒီဒေသမှာ စိုးမိုး နေတဲ့ တပ်တွေရှိမယ်။ တစ်ဖက်က တိုက်ပွဲဖြစ်မယ့် နိုင်ငံရဲ့ တပ်မတော်ရှိမယ်။ ဒီအဖွဲ့အစည်း တွေ ညှိနှိုင်းကြ ရမယ်။ အုပ်ချုပ်နေတဲ့ အစိုးရတွေ ညှိနှိုင်းကြရမယ်။ ကော်မရှင်တွေ အရပ်ဖက် အဖွဲ့အစည်း တွေ ပြည်သူ တွေ အကုန်လုံး ပူးပေါင်းပြီးတော့ ဒီရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ပူးပေါင်းပြီးတော့ ညှိနှိုင်း ကြရမယ်။ တစ်နည်းအားဖြင့် အဲလိုညှိနှိုင်းလိုက်ခြင်းအားဖြင့် လူတွေက တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှု တွေ ချစ်ခင်မှုတွေ စစ်မတိုက်ဘဲနဲ့ အရပ်ဖက် အုပ်ချုပ်ရေးရဲ့ အသီးအပွင့်တွေ ခံစားရမယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်လို့ ကိုယ်စားလှယ်လောင်းရလာတယ်ဆိုတာနဲ့ သူ့ ကိုယ်စားလှယ်လောင်းတွေ သူ့ဒေသအတွက် အကျိုးတွေ ဆောင်ရွက်နိုင်မယ်။ စစ်ဘောင်ကျဉ်းပြီးတော့ အရပ်ဖက်နိုင်ငံရေးအရကနေပြီးတော့ နိုင်ငံရေး အုပ်ချုပ်ရေး ပိုပြီးတော့ အားကောင်း လာမယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။

မေး – ပြီးခဲ့တဲ့ရက်ပိုင်းက ရက္ခိုင့်တပ်တော် AA က အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားတွေနဲ့ တပ်မတော်အပါအ၀င် သူ့ရဲ့ လက်အောက်ခံတပ်တွေကို ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ ထုတ်ပြန်ထားတာရှိတယ်။ အဲလို အနေအထားမျိုးမှာ ရခိုင်ပြည်နယ်ဖက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် အနေအထားက ဖြစ်လာနိုင်ပါမလား။

ဖြေ – ရက္ခိုင့်တပ်တော် AA ကတော့ တော်လှန်ရေး တပ်ဖြစ်တယ်လေ။ သူတို့အနေနဲ့ ကတော့ တော်လှန်ရေးတပ် သူတို့ကို ကိုယ်စားပြုတယ် သူ့ကိုအားကိုးတယ်နေပြီးတော့ ပြည်သူ တွေ ရှိ တယ်ဆိုရင်တော့ သူကတော့ အစိုးရ လုပ်ငန်းကို သူတို့ လုပ်လာမှာပဲ။ တော်လှန်ရေး တပ်ကတော့ တော် လှန်ရေး အသွင်သဏ္ဍန်ဆောင်မှာပေါ့။ ဒါကြောင့်လည်းပဲ ကျနော်တို့ကနေပြီးတော့ နိုင်ငံရေး ဘောင် ကျယ်ဖို့လိုတယ်ဆိုပြီးတော့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ နိုင်ငံရေးအရရော ကျနော်တို့ ပွဲတွေလည်း လုပ်ပြီး ပြောခဲ့ပါတယ်။ အခုက ရခိုင်က စစ်ဘောင်က အရမ်းကျယ်သွားတယ်။ဒါကိုလည်း ကျနော်တို့က ညှိနှိုင်းအဖြေရှာရုံကလွဲလို့ တိုက်ပွဲလုပ်ရုံနဲ့ အမြစ်ပြတ်ချေမှုန်း လုပ်မယ်လို့ ပြောရုံနဲ့ ဒီကိစ္စက ပွဲပြီးသွားမှာတော့ မဟုတ်ပါဘူး။

မေး – ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မယ် ဆို ရင် သူတို့နဲ့ လာရောက်ညှိနှိုင်းပြီးမှ လုပ်ဆောင်ရမယ်ဆိုပြီးတော့ ပြောဆိုထားတာတွေရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာ အစိုးရအတွက် ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်သလဲ။

ဖြေ – တကယ့်တကယ်ကျတော့ အစိုးရကတော့ ရှင်းရှင်းပြောရရင် သူတို့ကို တော်လှန်တယ် ပုန်ကန်တယ်ဆိုရင် အကြမ်းဖက်လို့ သတ်မှတ်ထားတယ်ဆိုတဲ့အတွက်မှာ သူတို့ကြေညာတာလောက်ကို အဖက်လုပ်စရာ မလိုဘူးဆိုတဲ့ အနေအထားမျိုး ကျနော်တို့ကတော့ မြင်တယ်။ အဲဒီဟာရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းဆိုရင် သူတို့ကလွဲလို့ ကျန်တဲ့ ဟာတွေ မရဘူးဆိုတဲ့ တက်လာတဲ့ အနေအထား ရောက်သွားတာပေါ့။

မေး – ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် နှစ်ဖက်လက်နက်ကိုင်တွေကို တပ်ခွာ ထားဖို့နှင့် စစ်ပွဲတွေရပ်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အနေ အထားက အဲလို အခြေအနေမျိုး ဖြစ်လာနိုင်ပါမလား ဆရာတို့အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ – အကုန်လုံးကတော့ ကျနော်တို့ နိုင်ငံက ရှိတဲ့ လူတွေပဲ ဖန်တီးထားကြတာ။ တိုက်ပွဲတွေ အကုန် လုံး၊ စစ်ပွဲပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံမှာ ဒီတိုင်းရင်းသားတွေ သူတို့ရဲ့ မူလအခွင့်အရေး မရတာတွေ ရပိုင်ခွင့် တန်းတူညီမျှမှု မရှိတာတွေရဲ့ အကျိုးဟာ အခုလို တိုက်ပွဲတွေ ဖြစ်တာ။ ဒါတွေဟာလည်း ဘယ် သူမှ လုပ်တာမဟုတ်ဘူး ကျနော်တို့ နိုင်ငံမှာ ရှိတဲ့သူ အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကနေပြီးတော့ ဒီတိုင်း ရင်းသားတွေရဲ့ ပြဿနာဖြစ်တယ်။ ဒါတွေကို ပြန်ပြီး ညှိနှိုင်းအဖြေရှာမယ် ဆိုတဲ့ လမ်းနဲ့ပဲ သွားလို့ရမယ်လို့ မြင်တယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တိုင်းရင်းသား တွေကို တန်းတူ အခွင့်အရေးပေးရမယ်။ နိုင်ငံရေးအရ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုပြီးဖော်ထုတ်အောင် လုပ်ရမယ်။ အဲလိုမဟုတ်ဘဲ အခုလို တိုက်ပွဲ အပြီးအပြတ်ချေ မှုန်းမယ် ဆိုတဲ့ဟာမျိုး အတွေးအခေါ် အယူအဆတွေနဲ့ကတော့ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းမှာတော့ မဟုတ်ပါဘူး။ အဖြေတစ်ခုမှ ပေါ်လာမှာ မဟုတ်ပါဘူးလို့ ကျနော်တို့က ယုံကြည်ပါတယ်။

မေး – ဆရာအနေနဲ့ ဘာများ ဖြည့်စွတ်ပြောစရာများရှိသေးသလဲ။

ဖြေ – အကယ်၍ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ပုံအခြေအနေတစ်ခု မဟုတ်တဲ့အတွက်မှာ ကိုရီးယား လိုနိုင်ငံမျိုးနဲ့ သူတို့ကိုးကားနေတာပေါ့။ ရွေးကောက်ပွဲကို COVID ကာလမှာ အောင်မြင်စွာ လုပ်လို့ရတယ်ဆိုတာ သူတို့နိုင်ငံအနေအထားနဲ့ ကျနော်တို့ နိုင်ငံ အနေအထားနဲ့က အများကြီး အဆင့်ကွာပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု စည်းကမ်း သေသပ်မှု ဒါတွေဟာ အများကြီးအဆင့် ကွာပါ တယ်။ အဖက်ဖက်က သူတို့မှာက နည်းပညာတွေကအစ ရယူနိုင်တယ်။ ကျနော်တို့ နိုင်ငံမှာက အဲဒီအ နေအ ထားမျိုး မရှိသေးဘူး။ အကယ်၍သာ ၂၀၂၀ မှာ ရွေးကောက်ပွဲ ပုံမှန် အတိုင်း ကျင်းပမယ်ဆိုရင်သော်လည်းကောင်း ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ် ဆိုရင်သော် လည်း ကောင်း ကျနော်တို့ ဒီ နိုင်ငံရေးပါတီက တာ၀န်ရှိသူ ခေါင်းဆောင်တွေနဲ့ ကော်မရှင်နဲ့ ညှိနှိုင်းပြီးတော့ ပုံမှန်ကာ လဆို တာထက် ကျနော်တို့ အခုရွေးကောက်ပွဲ ကျင်းပမယ့်ဟာကိုတော့ ပိုပြီးတော့ ကျနော်တို့ ဆောလျင်စွာ ညှိနှိုင်းအသိ ပေးစေလိုပါတယ်။

အားမီ(NMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here