“ကျောင်း ပြန်လည်ဖွင့်နိုင်ဖို့ ပလက်ဝစစ်ဘေးက ပြန်လည်ငြိမ်းဖို့ အရေးကြီးပါတယ်၊ ကျန်တဲ့အပိုင်းက ကျနော်တို့ ဖြေရှင်းနိုင်ပါတယ်” ဦးပေါင်လွန်မင်းထန်(လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်)

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၃ ဇွန် ၂၀၂၀

ခိုနူမ်းသုန်သတင်း၊ အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့ကနေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနကကြေညာထားပေမယ့် ခုလိုကိုဗစ်နိုင်တင်းကာလမျိူးမှာ အခြေခံပညာကျောင်းပေါင်း ၁၄၉၈ ကျောင်းရှိတဲ့ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အဆင်သင့်ဖြစ်နေပြီလား။ ကျောင်းတွေကို ဘယ်လိုပုံစံနဲ့ တက်ရောက်မလဲ၊ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေကဘယ်လိုရှိနေလဲ။ အထူးသဖြင့် စစ်မက်ဖြစ်ပွားဒေသ ပလက်ဝမြို့နယ်မှာ ကျောင်းပြန်ဖွင့်နိုင်မယ့်အလားလားက ဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကို ခိုနူမ်းသုန်မီဒီယာမှ မေးမြန်းထားပါတယ်။

မေး ။ ။ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိနေလဲ။

ဖြေ ။ ။ ဖွင့်လှစ်နိုင်အာင်လုပ်ထားပါတယ်။ Social distancing အရ နည်းနည်း အခန်းအခက်အခဲရှိပါတယ် အခန်းနေရာထိုင်ခင်းအဆင်မပြေတာေလးတွေရှိတယ်၊ ဒါမယ့် သိပ်တော့မများပါဘူး။ မများဘူးးဆိုတာက တချို့ကျောင်းတွေဆိုရင် လူမများတော့အဆင်ပြေတယ်။ လူများတဲ့ကျောင်း ၇ ကျောင်းလောက်ဘဲရှိပါတယ်၊ အဲဒီ ၇ ကျောင်းကို နေ့၊ ည ဒါမှမဟုတ် တစ်ပတ်ခြားပေါ့ လုပ်ရင်တော့အဆင်ပြေနိုင်တယ်။

မေး။ ။ တကယ်လို့ကျောင်းပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ကျောင်းသားတွေက ဘယ်လိုပုံစံမျိူးနဲ့ကျောင်းတက်ကြမလဲ။

ဖြေ ။ ။ အသုတ်လိုက်ဖြစ်ဖို့များတယ် ဒါပေမယ့် ၄၊ ၅ကျောင်း လောက်ပဲ အသုတ်လိုက်ဖြစ်ပြီးတော့ အများစုကတော့ ပုံမှန်တိုင်းရပါတယ်၊ ချင်းကသိတဲ့ အတိုင်း ကျောင်းသားနည်းတဲ့ကျော င်းကများတယ်၊ ကျောင်းသားများတဲ့ကျောင်းက ဟားခါးမှာ ၃ ကျောင်းလောက်လဲရှိမယ် ပလက်ဝ ရှိမယ်၊ အသုတ်လိုက်က မနက်ညခွဲ မလား တစ်ပတ်ခြားခွဲမလားဆိုတာ ကျနော်တို့ လျာထားတာရှိပါတယ်။

မေ:။ ။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးက အခြေခံပညာကျောင်းအားလုံးကို ဖွင့်နိုင်မယ့်အလားအလာ တကယ်ရှိပါ့မလား။

ဖြေ ။ ။ ပြန်ဖွင့်နိုင်ပါတယ် ၊ ခုကပြန်ဖွင့်ဖို့ အခက်ဆုံးကျောင်းက ပလက်ဝစစ်ဘေးရှောင် ကိစ္စ အဲ့တာအရေးကြီးဆုံး ဖြစ်တယ်။ အဲ့တာလည်းပဲ ကျွန်တော်တို့ ခုနောက်ဆုံးအရဆိုရင် တော်တော်များဖွင့်နိုင်ပါတယ်၊ အ.ထ.က ဆမီး ၊ သံတောင်တို့ ပလက်ဝတစ်ခုပဲ အခက်အခဲရှိတယ်၊ နယ်ကကျောင်းတွေလည်း တော်တော်များတက်လို့ရတဲ့အနေထားေတာ့ရှိပါတယ်။

မေ:။ ။ ဒီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာဆိုရင် ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၂၅၀ ကျော်ကို ကျောင်းအဆင့်တိုးမြှင့်ပေးထားပါတယ်။ ဆိုတော့ ကျောင်းဆရာ၊ ဆရာမတွေ လုံလောက်မှုအခြေအနေကော ရှိပါမလား။ လိုအပ်ချက်တွေ ဘယ်လောက် ရှိနေသးလဲ။

ဖြေ ။ ။ ဆရာ/ဆရာမကတော့ လုံးဝမလုံလောက်သေးဘူး၊ မူလတန်းပြက ၂၀၉၀ လောက်လိုတယ်၊ ခုလောလောဆယ် ပြည်ထောင်စုဝန်ကြီးက ချပေးဖို့ပြောထားတာကတော့ မူလတန်းပြက ၁၇၀ ကျော်ပေါ့နော်၊ အထက်တန်းပြက ၇၅၊ အလယ်တန်းပြက ၅၁၂ လောက်ရှိတယ်၊ ဒါပေမယ့် နည်းသေးတယ်၊ ကျွန်တော်တို့ ကျောင်းထပ်တိုးတာ ၂၅၀ လောက်ဆိုတော့ ဆရာလိုအပ်ချက်ကတော့အများကြီးရှိပါသေးတယ်။

မေး။ ။ ဆရာ၊ ဆရာမ မလုံလောက်မှုတွေကိုကော ဘယ်လိုဖြေရှင်းဖို့စီစဉ်ထားပါသလဲ။

ဖြေ ။ ။ အမှန်ကခန့်ထားရေးက ပြည်ထောင်စုကလုပ်တာဆိုတော့ ကျနော်တို့ပြည်နယ်ဘက်ကနေခန့်ဖို့ကတော့ ဘွဲ့ရတွေကို စာချူပ်ချူပ်ပြီး ခန့်လို့ရအောင်လည်း လမ်းညွန်ထားပါတယ်၊ လိုအပ်ချက်ကတော့ ချက်ချင်းမဖြေရှင်း နိုင်ရင်တောင် ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ရှာရမှာပေါ့၊ အခုက အထွက်တွေများနေတဲ့ အခါကျတော့ ဒီအတွက်တွေ ကိုပြန်ဖြည့်ဆည်းဖို့၊ အစားထိုးဖို့အပိုင်းက အရမ်းခက်ခဲပါတယ်။ ကျောင်းဆရာ/ဆရာမတွေက အထွက်ဘဲရှိပြီးအဝင်မရှိတော့ နေရာတိုင်းမှာ တော့ ဆရာတွေလိုအပ်တယ်၊ ခုကျောင်းအသစ်တိုးတာနဲ့ဆိုတော့ လိုအပ်ချက်တော့ ပိုများတာပေါ့။

မေး။ ။ အထူးသဖြင့် ပလက်ဝမြို့နယ်ဆိုရင် ကျောင်းပေါင်း ၃၇၀ ကျော်ရှိတယ် စစ်မက်ဖြစ်ပွားတဲ့ဒေသဆိုတော့ ကျောင်းပြန်ဖွင့်နိုင်ပါ့မလား။

ဖြေ ။ ။ အရင်တုန်းက အ.ထ.က ဆမီး၊ သံထောင်လောက်ဘဲ တက်နိုင်မယ်ဆိုပြီးတင်ပြတာပေါ့ အခုနောက်ပိုင်းမှာတော့ ပလက်ဝမြို့နယ် အပေါ်ပိုင်းက ကျောင်းတွေတက်လို့ရမယ်ဆိုပြီးတင် ပြထားတာတွေရှိပါတယ်။ ကျောင်းပြန်လည်ဖွင့်နိုင်ဖို့ကတော့ ပလက်ဝစစ်ဘေးက ပြန်လည်ငြိမ်းဖို့အရေးကြီးပါတယ်၊ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့ဖြေရှင်းနိုင်ပါတယ်၊ ဒါပေမယ့်စစ်ဘေးရှိတဲ့နေရာကတော့ ကျနော်တို့တောင်မှ မဝင်နိုင် မသွားနိုင်ဘူးဆိုတော့ အဲဒီပြသနာက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်။

ခိုနူမ်းသုန် – ပေးပို့သည်။

Share me now!