မယ်လဒုက္ခသည်စခန်းအတွင်း ရှောင်တခင်စစ်ဆေး၊ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0
270

ဇွန် ၂၃ရက်၊ ၂၀၂၀ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သော မယ်လဒုက္ခသည်စခန်းတွင်းသို့ ထိုင်းအာဏာပိုင် များမှ ယနေ့ ဇွန်လ ၂၃ရက်နေ့တွင် မူးယစ်ဆေးဝါး ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မိသားစု နေအိမ် တစ်ခုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ထိုင်းစစ်သား၊ ရဲနှင့် စခန်းလုံခြုံရေး စသည့်ပူးပေါင်းအဖွဲ့မှ မယ်လဒုက္ခသည်စခန်း၏ ဇုန် (B-5B) ရှိ အိမ်နံ ပါတ်(၉၂)မှ အိမ်ရှင် မုမု ဆိုသူ၏ နေအိမ်သို့ အနံ့ခံခွေးများဖြင့် ရှောင်တခင် လာရောက်စစ်ဆေးရာ စိတ်ကြွဆေးပြားထုတ်များကို ဖမ်းဆီးရမိခဲ့ကြောင်း ဇုန်(B) လုံခြုံရေး တာဝန်ခံ စောရွှေဝင်းမြိုင် ကနဦး ပြောသည်။

၎င်းက “စစ်သားတွေ ရဲတွေ စခန်းလုံခြုံရေးအဖွဲ့တွေက ကျနော်တို့ ဒီက ရပ်ကွက် တာဝန်ရှိသူတွေကို ဘားမှ အကြောင်း မကြားပဲ ဝင်လာပြီး စစ်ဆေးတာ။ အဲ့မှာ (၅)ထုပ်အရင်မိတယ်။ အဲ့ဒါပြီးတော့ စခန်းလုံခြုံရေးက ကျနော်တို့ကို အကြောင်းကြားပြီး ထပ်သွားရှာတော့ အလုံးရေ (၂၄၀၀)ထပ်မိတယ်”ဟု ပြော သည်။

ထိုသို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးရာတွင် အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သူမှာ ထွက်ပြေး တိမ်းရှောင် သွားပြီ နေအိမ်ရှိ ကျန်ရှိသည့် မိသား စုဝင်(၄) ဦးဖြစ်သည့် အဘွားအိုတစ်ဦး၊ ညီမတော်စပ် သူတစ်ဦး၊ အဒေါ် တော်စပ်သူတစ်ဦးနှင့် အမျိုး သား တစ်ဦးကို ခေတ္တယာယီခေါင်ဆောင် သွားကြောင်း စောရွှေဝင်းမြိုင် က ဆက်ပြောသည်။

ထို့နောက် သတင်းအရ ၎င်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူမှာ အသက် (၂၇) နှစ်အရွယ် စောအဲငဲ ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ လက်တွဲလုပ်ဆောင်သူ တစ်ဦးကို ဖမ်းဆီးရမိ၍ ကာယကံရှင်ကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်းမိခင်ဖြစ်သူမှ ဖုန်းဆက်ခေါ်သော်လည်း ပြန်လာအဖမ်းခံခြင်းမရှိကြောင်း မယ်လစခန်း၏ လုံခြုံရေး ဒု-တာဝန်ခံ စောအယ်မွီးက အတည်ပြုသည်။

၎င်းက “သူအမေက ပြောလိုက်တယ်။ သားရေ ပြန်လာခဲ့ပေါ့။ ဒီမှာသူများငါတို့ကို ဖမ်းနေပြီးပေါ့။ သားပြန်လာမှ ဒီက ဖမ်းထားတဲ့သူတွေ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ကာယခံရှင်က သေသေရှင်ရှင် မပြန်လာဘူးတဲ့။ အခု သူနေတဲ့ နေရာကိုသူများ GPS နဲ့ လိုက်တာ နေရာကို သိနေပြီး။ အဲ့ဒါ သူကပြောသေးတယ်။ လာဖမ်းရဲရင် လာဖမ်းပေါ့။သူမှာက လက်နက်ရှိနေတယ်” ဟု ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးဝါး စစ်ဆေးမှုကို ထိုင်းအာဏာပိုင်များမှ တစ်လတစ်ခါ စစ်ဆေး ဆောင်ရွက်မှုများ ပြုလျက်ရှိကာ မကြာခဏ ဖမ်းဆီးရမိမှုများရှိပြီး လက်ရှိ ဖမ်းဆီရမှုသည် သတင်းအရ လာရောက်ဖမ်းဆီးသည့် ပုံစံဖြစ်သလို ပမာဏ အများဆုံး ဖမ်းဆီးရမှုလည်း ဖြစ်ကြောင်း သိရသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here