ပဋိပက္ခဖြစ်ပွားရာဒေသများတွင် မုဒိန်းမှုကို ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်ခုအဖြစ် အသုံးပြုခံနေရကြောင်း WLB ပြောဆို

0
398

၃၀ ဇွန် ၂၀၂၀

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပွားလျက်ရှိပြီး တိုင်းရင်းသူ အမျိုးသမီးများအနေဖြင့် မုဒိန်းမှုကို ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်ခုအဖြစ် အသုံး ပြုခံ နေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်ခံရသူများကို ကူညီ ထောက် ပံ့ရေးနေ့ ၏ အွန်လိုင်းစကားဝိုင်းတွင် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) တွဲဖက်အထွေ ထွေအတွင်း ရေးမှူး ၂ လွေးပိုးငယ် က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အထူးသဖြင့် ဒီတိုင်းရင်းသူများအနေနဲ့လည်း မုဒိန်းမှု ကို ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးနဲ့ တပ်မတော်ကနေ ကျူးလွန်နေတဲ့ဟာကို ကျမတို့ တွေ့ရတယ်။ တိုင်းရင်း သူ အမျိုးသမီးတွေကို စစ်လက်နက်တစ်ခုအဖြစ် ညှဉ်းပန်းနှိပ်စက်မှုကို ကျုးလွန်နေတာကို တွေ့ရတယ်။ ဒီ မုဒိန်းမှုနဲ့ ပတ်သက်ပြီးတော့မှ တိုင်းရင်းသား ဒေသ မှာ ဆိုလို့ရှိရင် ဘာကြောင့် ကျမက စစ်ပွဲရဲ့ လက်နက်တစ်ခု အဖြစ်အသုံးပြုတယ်လို့ ပြောသလဲ ဆိုရင် အမျိုသမီး အများစုသည် လက်နက်ကိုင်ပြီးမှ တော်လှန်တာ တော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေ ဒီတိုက် ပွဲ ဖြစ်နေတဲ့ ကာလအတွင်းမှာ မုဒိန်းမှုတွေ အကျင့်ခံရတယ်။ အုပ်စုလိုက် မုဒိန်းကျင့်ခြင်းတွေကိုလည်း ခံရ တယ်။”

ထို့အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဆိုင်ရာ ညှင်းပန်းနှိမ့်စက်မှုများကိုလည်း အမျိုးသမီး များအနေဖြင့် ခံနေရ သည်ဟု လွေးပိုးငယ်က ဆက်ပြောသည်။

“အဲလိုခံရတဲ့ အခါမှာ မဒိန်းကျင့် ရုံနှင့် ပြီးသွားပြီလာဆို မဟုတ်ဘူး မုဒိန်းးကျင့်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ အရ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြုလုပ်တဲ့ ဟာကို တွေ့ရတယ်”

ယခုကဲ့သို့ အမျိုးသမီးများ ညှင်းပန်နှိမ့်စက်ခံနေရသည့် ဖြစ်ရပ်သည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် တိုင်းရင်းသားဒေသများတွင် အများဆုံးဖြစ်ပြီး အမျိုးသမီးများအပြင် အခြားသော ဒေသခံများမှာလည်း လူအခွင့် အရေး ချိုးဖောက်ခံရမှုနှင့် မတူကွဲပြားသည့် ညှင်းပန်းနှိမ့်စက်မှု အမျိုးမျိုးကို ခံနေရသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်များသည် ယခင် အုပ်ချုပ်သူ အစိုးရအဆက်ဆက်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် ဆက် လက်ဖြစ်ပွားနေသည်ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ND-Burma မှ ကိုအောင်ဇော်ဦးက အဆိုပါ အွန်လိုင်း စကားဝိုင်း တွင် ပြောဆိုခဲ့သည်။

ကိုအောင်ဇော်ဦးက “ညှင်းပန်းနှိမ့်စက်မှုတွေက အဓိက ဖြစ်တာက ပြည်သူတွေကို Target ထားပြီး ပြည်သူ တွေကို ဦးတည်ပြီးတော့ ဖြစ်တာ ခံရတဲ့လူ အများဆုံးကလည်း ပြည်သူတွေ အဓိက ဘယ်နေရာတွေမှာ အဖြစ် များလဲ ဆိုတော့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားဒေသတောင်မှ စစ်ဖြစ်တဲ့ တိုင်းရင်း သား ဒေသတွေမှာ များပါတယ်။ အဲဒါကို တွေ့နေရတယ်။ နဂိုတုန်းက ကရင်မှာ ဖြစ်တယ်။ ကရင်က ငြိမ်းချမ်း ရေး ယူတော့ ကရင်မှာ လျော့လာတယ်။ နောက်ကချင်မှာ ဖြစ်တယ်။ ကချင်က ငြိမ်းချမ်းရေးယူတော့ လျော့ လာတယ်။ နောက်တိုက်ပွဲတွေ ထပ်ဖြစ်တယ် ထပ်ဖြစ်လာတယ်။ အခုနောက်ပိုင်း အဖြစ်များဆုံးက ရှမ်းမြောက် နှင့် ရခိုင် အခုနောက်ပိုင်းမှာ ရခိုင်မှာ ပိုများလာတယ်။” ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်ခံရသူများကို ကူညီထောက် ပံ့ရေးနေ့တွင် လူ့မှု့အသင်းအဖွဲ့များဖြစ်သည့် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ၊ လူ့အခွင့်အရးမှတ်တမ်း ကွန်ရက် မြန်မာနိုင်ငံ ND-Burma၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP ၊ ဝိမုတ္တိအမျိုးသမီး အဖွဲ့အစည်း VWO နှင့် အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ AJAR တို့က ပူးတွဲ သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို လည်း ညှဉ်းပန်းနှိမ့် စက်မှုပုံစံတစ်မျိုးဖြင့် ကျူးလွန်မှုများရှိနေဆဲဖြစ်ကြောင်း၊ မှတ်တမ်းတင်နိုင်ခဲ့ပြီး ညှဉ်းပန်း နှိမ့်စက်မှုများကို ထိန်းသိမ်းရေး စခန်းများနှင့် စစ်ကြောရေးများတွင် အသုံးပြုလျက်ရှိပြီး သတင်း အချက်အလက် ရရှိရန်နှင့် အတင်းအကြပ်ခံ၀န် ထွက်ဆိုစေရန် အသုံးပြုသည်ကို မကြာခဏ တွေ့ရှိရဆဲ ဖြစ်ပါသည်ဟု ပါရှိ သည်။

ထို့အပြင် ထိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ၀င် ညှဉ်းပန်းနှိမ့်စက်မှုကို ကျူးလွန်သည့် ကျူးလွန် သူများကို အပြစ်ပေးအရေးယူခြင်းနှင့် ထပ်မံမဖြစ်ပွားစေရန် တားဆီးကာကွယ်ရန်မှာအစိုးရ၏ တာ၀န်ဖြစ် သည်။ သို့သော် ထိုပြစ်မှုများ ကျူးလွန်သူများကို အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေမှု အစဉ်အ လာ ဆက်လက်ဖြစ်ပေါ်နေပြီး လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ဆက်လက်ပေးနေဆဲဖြစ်သည်။ ကျူးလွန်သူ များမှာ လွတ် မြောက်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

လေးပိုးငယ်က “ယနေ့အချိန်ထိ ကျမတို့ အမျိုးသမီးများအဖွဲ့ မှတ်တမ်းတင်ထားတာတွေ ရာကျော်၊ ထောင် ကျော်ရှိတယ်။ ဒါပေမဲ့ အဲမှတ်တမ်းတွေကို တရားမျှတမှုအတွက် အမှန်တရားအတွက် တရားရုံးမှာ ရောက်ရှိ ပြီး ဖြေရှင်းပေးနိုင်တာ ယနေ့အချိန်ထိ မတွေ့ရသေးဘူး။” ဟုပြောသည်။

ကိုအောင်ဇော်ဦးကလည်း “ကျေးရွာသားတွေ သူတို့ သံသယရှိတဲ့လူတွေ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုလို့ ဖမ်းတာဆီးတာတွေ လုပ်တယ် နှိမ့်စက် တယ်။ ဒါတွေကိုမှ တစ်ချို့ကိစ္စတွေမှာ ပြန်ပြီးတော့မှ မကျူးလွန်ခဲ့တဲ့ လူတွေကို ပြန်တောင်းပန်တာလည်း မရှိဘူး။ သူတို့ကို ပြန်လည်ပြီးတော့ ကုစား ပေးတာလည်း မရှိဘူး ဒါတွေက တိုင်းရင်းသားဒေသတွေမှာ လက်ရှိ တောက်လျှောက် လက်ရှိလည်း ဖြစ်နေ တယ် အရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ ဒီလိုပဲ လက်နက်ကိုင် တိုက်ပွဲတွေဖြစ် နေမယ် ဆိုရင် နောင်လည်း ဒီကိစ္စ ဆက်ရှိဖို့ ကျနော်တို့မြင်နေရတယ်။”ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပ့ံရေးနေ့တွင် လူမှု့အဖွဲ့အစည်း ၅ ဖွဲ့က တိုင်းရင်းသားဒေသတွင် တိုးချဲ့ထားသော တပ်မတော်၏ တပ်ရင်းများကို ရပ်တန့် ရန်နှင့် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်ရန်၊ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ညှဉ်းပန်းနှိမ့်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက် ပေးရန် အစိုးရအား တောင်းဆိုထားသည်

ထို့အပြင် ညှဉ်းပန်းနှိမ့်စက်မှု ဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ် UNCAT အား လက်မှတ်ရေးထိုး အတည်ပြု ရန် နှင့် ဥပဒေအဖြစ် ပြဌာန်းဆောင်ရွက်ရန်၊ ညှဉ်းပန်းနှိမ့်စက်မှု ကျူးလွန်ခံရသူများနှင့် အခြားနည်းဖြင့် လူ့ အခွင့် အရေး ချိုးဖောက်ခံရသူများအတွက် အစိုးရအနေဖြင့် ပြန်လည်ကုစားရေးနှင့် ပြန်လည်ထူထောင် ရေး အစီအ စဉ်များကို ရေးဆွဲအကောင်အထည်ဖော်ရန် စသည့် အချက်များ အပါအ၀င် အချက် ၈ ချက်ကို လူမှုအသင်းအဖွဲ့အစည်း ၅ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ဖြင့် အစိုးရအား တောင်းဆိုထားသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here