မြန်မာအစိုးရတပ် နှင့် KIA ကချင်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်

0
262

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့သည် ယနေ့ ကချင်ပြည်နယ်နှင့် ရှမ်းမြောက် နေရာ ၂ ခုတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေ Bum Chyang စခန်းတွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ မှ သိပါသည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ်အွမ်ရွာနှင့် တီးမားရွာကြားတွင် မြန်မာစစ်တပ် တပ်မ (၁၁) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၉)တို့ ဇူလိုင် (၁၆)၊ ယနေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲတို ဖြစ်ပွားခဲ့သည်။

KIA တပ်မဟာ (၄) တပ်ရင်း (၉) နယ်မြေကို တပ်မတော် စစ်ကြောင်း ဝင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦး ယခုလို ပြောသည်။

“ဒီမနက်ဘဲ ကျနော်တို့ ရွာအပြင်ဘက်မှ နာရီဝက် လောက် တိုက်ပွဲဖြစ်ခဲ့တယ်။ ရွာထဲမှာတော့ ဘာမှ မဖြစ်ဘူး။”

မြန်မာအစိုးရတပ်နှင့် KIA တပ်တို့ ဇူလိုင် (၁၄)ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်လမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here