မိုးရွာသွန်းမှုကြောင့် ရက်ချောင်းစစ်ဘေးရှောင်များ နေရာပြောင်းရွေ့နေရ

0
216

ရေနစ်မြုပ်နေသည့် ရက်ချောင်းစစ်ဘေးရှောင်စခန်းကို မြင်ရပုံ (ဓာတ်ပုံ – မြတန်ဆောင်းဆရာတော်)

၇ ဇူလိုင် ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြေပုံမြို့နယ်၊ ရက်ချောင်း စစ်ဘေးရှောင် စခန်းအတွင်းသို့ ရေဝင်ရောက်နစ်မြုပ်မှုများရှိခဲ့သည့်အတွက် စစ်ဘေးရှောင်များကို နေရာရွေ့ပြောင်းထားခဲ့ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က နံနက် ၃ နာရီအချိန်မှ နေ့လည် ပိုင်းအချိန်ထိ တောင်ကျရေများမှာ စစ်ဘေးရှောင်စခန်းအတွင်းသို့ ဝင်ရောက်ကာ၊ ၅ ပေခန့် နစ်မြုပ်ခဲ့သည့် အတွက် စစ်ဘေးရှောင် စခန်းနှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များသို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း အကူညီပေးနေသည့် မြတန်ဆောင်းဆရာတော်က မိန့်သည်။

“ ရေတွေတက်လာတော့ စိုးရိမ်းရတယ်။ မွေးခင်းစမိခင်တွေ၊ ကလေးတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ အတွက် ရေတက်လာတော့ အဆင်မပြေဘူး။ ရေတက်လာတဲ့ အရှိန်အဟုန်နဲ့ ဝင်တိုက်တော့ တဲအိမ်တချို့ ပျက်စီး သွားတာရှိတယ် ” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

ယင်းသို့ ရေဝင်လာသည့်အတွက် ရိက္ခာတစ်ချို့မှာလည်း ရေဖြင့် မျောပါသွားမှုရှိခဲ့ကြောင့် ၎င်းက ဆက်မိန့်သည်။

“ နောက်တစ်ခုက အလှူရှင်တွေကလှူထားတဲ့ စားနပ်ရိက္ခာဆန်တွေ၊ ငပိတွေ၊ ဆားတွေတချို့ ရေနဲ့ပါသွားတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်။ ရေတက်တော့ ချက်ပြုတ်စား သောက်မည့်နေ ရာတွေမရှိတော့ဘူး။ အခက်အခဲတွေ တော်တော်ဖြစ်တယ် ” ဟု ဆရာတော်က ရှင်းပြသည်။

ယင်းစစ်ဘေးရှောင်စခန်းမှာ ချောင်းကမ်းစပ်တွင်တည်ဆောက်ထားၿပီး မိုးအဆက်ပြတ်ရွာသွန်းရာတွင် တောင်ကျရေများ စီးဆင်းလာမှု၊ ရက်ချောင်းကြောင်းမှ ဒီရေတက်လာမှုကြောင့် ရေနစ်မြုပ်ရခြင်းဖြစ်ကြောင်းလည်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ ေရ ၄ ေပခြဲ ၅ ေပခန့် မြုပ်ခဲ့သော်လည်း ယနေ့အချိန်တွင် ၃ပေခွဲ ခန့်ကျ ဆင်းသွားပြီးဖြစ်သည်။ သို့သော်လည်း နောက်ထပ် ရေကြီးလာမှုများ ရှိလာနိုင်မည်စိုးရိမ်ရသည့်အတွက် ခေတ္တတည်းခိုရန် အဆောင်မြင့် တစ်ခုလိုချင်နေကြသည်။

ေယာချောင်း ရွာသာယာမှ စစ်ရှောင်နေသူ ဦးခင်ကျော်လှိုင်က “ မနေ့ကဆိုရင် အကုန်လုံး မြုပ်သွားတယ်။ အဲဒီလို့ မြုပ်သွားတော့ နေထိုင် ဖို့အတွက် အဆင်မပြေတော့ဘူး။ အခု အချိန်မွာ ေရေတြ နည်းနည်း ဆင်းသွားပေမယ့်လည်း နောက်ထပ် မိုးများကြီးလာရင် မြုပ်နိုင်တယ်။ ဒါကြောင့် ရေလွတ်တဲ့ နေရာမှာ အရေးပေါ်နေထိုင်ဖို့ အတွက် ခပ်မြင့်မြင့် အဆောင်တစ်ဆောင်လိုအပ်တယ် ” ဟု သူ ကပြောသည်။

အဆိုပါ စခန်းတွင် မြေပုံမြို့နယ် ေယာချောင်း ရွာသာယာ ၊ ဒင်္ဂါးရ ၊ မီးကျောင်းတက် စသည့် ကျေးရွာမှ ဒေသခံများ လာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး ယာယီတဲအိမ် (၁၁၅) လုံးနှင့် စစ်ဘေးရှောင် ၄၀၀ ကျော်ခုံလှုံနေကြခြင်းလည်းဖြစ်သည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၇၊ ၁၈ ရက်နေ့ကလည်း ရေကြီးရေလျှံမှုများ ရှိခဲ့သည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here