ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြည်နယ်အစိုးရ အရေးတယူမရှိကြောင်း ဒေသခံ CSO အချို့ သုံးသပ်

0
248

၇ ဇူလိုင် ၂၀၂၀

ကယားပြည်နယ်အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူ မထားရှိတဲ့အပြင် ပြည်သူများ သိရှိအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချပြထားခြင်း မရှိဘူးလို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုစစ်မုန်းက ပြောပါတယ်။

“ နံပတ် ၁ကတော့ ပြည်သူတွေ ငြိမ်းချမ်းရေးအခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ သိခွင့်မရဘူးပေါ့နော်။ နောက်တစ်ခုနံပတ် ၂ကတော့ အစိုးရတွေလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူမရှိဘူးပေါ့နော်။ အရေးတယူမရှိဘူး။ သူတို့ အာဏာထပ်ရရေး၊ မဲထပ်နိုင်ရေးပဲ အာရုံရှိတယ်။ နောက်တစ်ခုကCovidကာလမှာပေါ့နော် ဒီရောဂါကိစ္စအကြောင်းပြပြီးမှ ဒီသူတို ့ပုံရိပ်တွေ တည်ထောင်တယ်၊ သူတို ့ ရွေးကောက်ပွဲအတွက်အကျိုးရှိအောင် ပဲလုပ်ပြီးမှ ဒီငြိမ်းချမ်းရေးဏ္ဍကိုပစ်ပယ်တဲ့ သဘောရှိတယ်။” လို့ ကိုစစ်မုန်းက ပြောပါတယ်။

ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ရဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးမှု ရပ်နားတာတွေနဲ့ ပတ်သက်ပြီး ကိုစစ်မုန်းက ပြောသွားတာ ဖြစ်ပါတယ်။ ၂၀၂၀ အတွင်းမှာတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ကိုဗစ်ကြောင့် ဆက်ပြီး မတွေ့ဆုံကြတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဖက် တွေ့ဆုံမှု မရှိတာဟာလည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် ပြည်နယ်မှာ ဒီလိုဆွေးနွေးပွဲတွေကနေ တစ်ဆင့် ဖော်ဆောင်နိုင်စွမ်းကတော့ အားနည်းနေတယ်လို့ နည်းပညာအထောက်အကူပြု ကွန်ယက်မှ ဘုတ်အဖွဲ့ ဥက္ကဌ ကိုကျော်ထင်အောင်က သုံးသပ် ပြောဆိုထားပါတယ်။

“ ပထမအကြိမ်အစိုးရနဲ့ဒုတိယအကြိမ်အစိုးရတို့ချဉ်းကပ်မှုပုံစံတွေ မတူညီတဲ့ အတွက်ကြောင့်မို့လို့ကို ဒါ အများကြီးကို စေ့စပ်ဆွေးနွေးရတဲ့ အချိန်မှာ အဟန် ့အတားဖြစ်စေတာတို့၊ နောက်ပိုင်းတာ၀န်ယူတဲ့ သူတွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သိရှိမှု အားနည်းမှု၊ လေ့လာမှုအားနည်းမှု၊ တာ၀န်ယူမှု တာ၀န်ခံစွမ်း အားနည်းမှုတွေကြောင့်မို့လို့ကို ဒီလို လစဉ်တွေ့ဆုံမှုတွေ၊ ပြောဆိုဆွေးနွေးမှုတွေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေက သတ်မှတ်တဲ့အတိုင်း မဖြစ်တာတွေက အများကြီးပါ။ အခုချိန်ထိဆိုရင်လည်း ဒီကဏ္ဍတွေမှာ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွေ နည်းနည်းလောက်နဲ့ပဲ ရပ်တန် ့နေပြီးတော့ တကယ့် အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် ပြည်နယ်မှာ ဒီလိုဆွေးနွေးပွဲတွေကနေ တစ်ဆင့် ဖော်ဆောင်နိုင်စွမ်းကတော့ အများကြီးအားနည်းနေပါတယ်” လို့ သူက ပြောပါတယ်။

ပြည်နယ်အစိုးရကိုယ်တိုင် အစည်းအဝေးတွေ လုပ်ဆောင်နေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူ ဆောင်ရွက်လိုပါက Online ကနေတဆင့် ဆောင်ရွက်နိုင်တယ်လို့ ကိုစစ်မုန်းက အကြံပြု ပြောဆိုသွားပါတယ်။

“ ဒါက အစိုးရနဲ့ပဲ ဆိုင်လိမ့်မယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်နယ်အတွင်းအဓိက ဒီဖြစ်ပျက်နေတဲ့ ဟာတွေက အစိုးရအပေါ်မှာ အများကြီးမူတည်တယ်ပေါ့နော် ဆိုတော့ ပုံမှန်မတွေ့ဆုံလို့ ဖြစ်တယ်ဆိုတာထက် ဘာဖြစ်လို့ ပုံမှန်မတွေ ့နိုင်လည်းပေါ့နော် တွေ့လို့ရပါတယ်ပေါ့နော် အနည်းဆုံး Online ကနေပဲဖြစ်ဖြစ် သို ့မဟုတ်ရင်လဲ သူတို ့အစိုးရကိုယ်တိုင်တောင်မှ ဒီအစည်းအဝေးတွေ အမြဲတမ်း လုပ်နေတာ”လို့ သူက ပြောပါတယ်။

ကပ်ဘေးကြောင့် တွေ့ဆုံမှုတွေ မလုပ်ဖြစ်တဲ့အတွက် ပြန်လည်တွေ့ဆုံနိုင်တဲ့အခါမှာ လူထုတွေရဲ့ တင်ပြချက်တွေကို အစိုးရထံ တင်ပြပေးသွားဖို့ ဆန္ဒရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ရှားတောမြို့နယ်ဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်က ပြောပါတယ်။

“ကျတော်တို ့အခုက အစိုးရနဲ ့တွေ ့ဖို ့လစဉ်ပုံမှန်က ဒီကပ်ဘေးကြောင့်မတွေ ့ဖြစ်ဘူး။ တကယ်လို့များ သူတို့က အဲ့လိုမျိုးမလုံခြုံတော့ဘူးဆိုတဲ့ အမြင်ရှိလာမယ်ဆိုရင် လူထုခေါင်းဆောင်တစ်ယောက် သို့တည်းမဟုတ် ကိုယ်စားလှယ်တစ်ယောက် တရား၀င်လာတိုင်ပြီးတော့မှ ကျတော်တို ့ဒီအစိုးရနဲ ့တွေ ့တဲ့ အချိန်မှာ ဒါတွေ တင်ပြပေးသွားဖို့ အဲလိုမျိုးတော့ ဆန္ဒရှိတယ်” သူက ပြောပါတယ်။

ပြည်နယ်အဆင့် ပြည်နယ်အစိုးရနဲ့ KNPP တွေ့ဆုံဆွေးနွေးမှုအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူကတော့ အခုလို သုံးသပ် ပြောဆိုသွားပါတယ်။

“ကျနော့်အနေနဲ့ တကယ်တမ်း ကတော့ ပြည်နယ်မှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ပြည်နယ်အဆင့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်နိုင်လား အဲတာကျနော် သွားပြီးစဉ်းစားကြည့်တယ်လေ ဒါဒီ ငြိမ်းချမ်းရေးဆိုတာက ခုနက ထိလွယ်ရှလွယ်တယ်လေး။ အလုပ်မှာ သူကခုနပြောသလို အလုပ်မှာ ခုန နို်င်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကနေတစ်ဆင့် ညွှန်ကြား ထားမယ်ဆိုလို့ရှိရင် သူ့ကိုလုပ်ပိုင်ခွင့် ပေးထားလဲဆိုတာတော့ ရှိမှာလေ ဒါတော့ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အတွက် သူကလာပြီးမတက်ရောက်သလား ဒီတော့ တကယ်တမ်းဒီလိုလုပ်မယ်ဆိုလို့ရှိရင်တော့ပြည်နယ်အစိုးရတစ်ခုတည်းနဲ့ ပြီးနိုင်မှာလား မပြီးဘူးထင်တယ်။”

ပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ၊ ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့နှင့် ၂၀၁၉ခုနှစ် မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ်၊ လစဉ် တွေ့ဆုံမှုအခြေအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက ၎င်းတို့ရဲ့ တစ်နှစ်သာကာလအတွင်းလုပ်ငန်း အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

၂၀၁၂ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPနဲ့ပြည်နယ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ရေးထိုးခဲ့ကြပြီး လစဉ်တွေ ့ဆုံမှုတွေ၊ ၆လတစ်ကြိမ်ဆွေးဆုံမှုဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ ထဲမှာပဲ ပြည်ထောင်စုအဆင့် ပထမအကြိမ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ်ထဲမှာ ပြည်ထောင်စုအဆင့် ဒုတိယအကြိ်မ်နှင့် တတိယအကြိမ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here