ကချင်စစ်ရှောင် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် KHCC စီစဉ်

0
268

၈ ဇူလိုင် ၂၀၂၀

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စစ်ပြေးဒုက္ခသည်အိမ်ထောင်စုတစ်ချို့သည် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ၏ အစီစဉ်ဖြင့် ဇူလိုင် ၄ ရက်နေ့တွင် ပထမအကြိမ် နေရပ်ပြန်ကြပြီဖြစ်သည်။

မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ၉ နှစ်ကျော်စစ်ပြေးဒုက္ခသည်အဖြစ်ရှိေနခဲ့သည့် အိပ်ထောင်စု ၁၀စုမှ လူဦးရေ ၄၄ ဦးကို ၎င်းတို့၏ မူလကျေးရွာသို့ သွားရောက်ပို့ဆောင်ပေးခဲ့သည့်အေကြာင်း KHCC မှ ဆရာခါးလီ က ယခုလို ပြောသည်။

“တိုက်ပွဲမဖြစ်ဘဲ ထွက်ပြေးတမ်းရှောင်ခဲ့တဲ့ ကျေးရွာ၊ ရွာမပျက်ဘဲဆက်လက်တည်ရှိနေတဲ့ရွာနဲ့ အုပ်ချုပ်ရေး ၂ခုမထပ်တဲ့ရွာ။ ဒီအချက် ၃ချက်နဲ့ကိုက်ညီတဲ့ ရွာတွေကို ပြန်ပို့ပေးဖို့စီစဉ်ထားတာဖြစ်တယ်။ အခုရွှေညောင်ပင်ရွာက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ပြည်စုံတယ်။ ဒါကြောင့် ပြန်ပို့ပေးတဲ့ အစီအစဉ်ပါ” ဟု ပြောဆိုသည်။

နေရပ်ပြန်သည့် စစ်ရှောင်များ၏ စားဝတ်နေရေး ရေရှည်ရပ်တည်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့်လုပ်ငန်းများကိုလည်း တတ်မြောက်အောင် ပံ့ပိုးသွားနိုင်ရန်စီစဉ်နေကြောင်း သူကဆက်လက်ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် ၎င်းတို့စွန့်ပစ်ခဲ့သော နေအိမ်များသည် ယိုယွင်းပျက်စီးသွားသည့်အတွက် ယခုနေရပ်ပြန်ပို့ရေးအစီစဉ်တွင် နေအိမ်၊ ရေဘုံဘိုင်၊ ရေချိုးကန်နှင့် အိမ်သာများကို တစ်အိမ်ထောင်လျှင် မြန်မာကျပ်ငွေ သိန်းရ၀ခန့် ကုန်ကျကာ ပြန်လည်ဆောက်လုပ်ထားပေးကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာသညါ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားထားသည့် နေရာဒေသမဟုတ်သည့်အတွက် နေရပ်ပြန်သည့် စစ်ရှောင်များအတွက် လုံခြုံရေးစိုးရိမ်စရာမရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ ဦးဒေါက်တာ ခလမ်ဆမ်ဆွမ် ကယခုလိုပြောသည်။

“စစ်ရှောင်နေရပ်ပြန်တယ် ဆိုတာက အဓိကတော့ လုံခြုံရေးအရမ်းအရေးကြီးပါတယ်။ လုံခြုံမှုရှိ မရှိ အရင် ကွင်းဆင်း စစ်ဆေးခဲ့ရတယ်။ စစ်ဆေးခဲ့တဲ့ ကျေးရွာအမည်စာရင်းတွေကို ၂ဖက် စစ်တပ်ကို တင်ပြရတာ ဖြစ်တယ်။ အခုရွှေညောင်ပင်ကျေးရွာဆိုရင် အရင်တုန်းကနေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာလည်း မဟုတ်ဘူး။ အနီးတဝိုက်မှာ ဖြစ်တဲ့အတွက် ဒေသခံတွေက အသက်အန္တရာယ်စိုးရိမ်တဲ့အတွက်သာ ထွက်ပြေးတိမ်းရှောင် ခဲ့ရတာဖြစ်တယ်။ အခုဆို နဂိုမူလအတိုင်းရှိနေတဲ့ ကျေးရွာလည်းဖြစ်တယ်။ အဲ့ဒါကြောင့် စစ်ရှောင်တွေပြန်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်” ဟု ပြောဆိုသည်။

ယခုလိုစစ်ရှောင်တစ်ချို့နေရပ်ြပန်သည့်အစီစဉ်၏တစ်ဖက်တွင် လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်ပြေးဒုက္ခသည်များနေရပ်မပြန်သင့်သေးကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

သို့သော် စစ်ပြေးဒုက္ခသည်ကာလ ၉ နှစ်ကျော်လာသည့်အတွက် ၎င်းတို့မြေယာပြဿနာလည်းဖြစ်ပေါ်လာသြဖင့် လုံခြုံရေးအရ စိုးရိမ်မှုမရှိတော့သည့်ကျေးရွာများကို ရွေးချယ်ကာ ယခုလိုနေရပ်ပြန်ရေးအတွက် စီစဉ်နေခြင်းဖြစ်သည်ဟု KHCC အဖွဲ့ခေါင်းဆောင် ဆရာဆမ်ဆွန်က ပြောသည်။

နေရပ်ပြန်ခွင့်ရခဲ့သော စစ်ရှောင်ဒေါ်ဂျာအိန်က “၉နှစ်လောက်စခန်းမှာနေတုန်းက ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုစီတိုင်းကိုလည်း အရမ်းကျေးဇူးတင်တယ်။ နောက်ထပ်လည်း ထောက်ပံ့ပေးဖို့တောင်းဆိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့က အခုမှ ပြန်တာဖြစ်တဲ့အတွက် သုံညက ပြန်စတင်ရတာဖြစ်တယ်။ မပြည့်စုံသေးဘူး။ အခုက အိမ်တော့ ဆောက်ထားပေးတယ်။ ထမင်းချက်စားမယ့် နေရာတွေလည်းမရှိသေးဘူးပေါ့။ နောက် ကိုယ့်ခြေထောက်ကို ပြန်လည်ရပ်တည်နိုင်ဖို့အတွက်လည်း အသက်မွေးဝမ်းကျောင်းတစ်ခုခုဖြစ်ေအာင် လုပ်ပေးစေချင်တယ်” ဟု သူက ထပ်မံတောင်းဆိုမှုပြုခဲ့သည်။

ကချင်စစ်ရှောင်များနေရပ်ပြန်လည်ေနရာချထားနိုင်ရေးအတွက် KHCC နှင့် အစိုးရကြား ကျေးရွာစုစုပေါင်း ၁၇ရွာကို သဘောတူညီထားမှုရှိသော်လည်း လက်ရှိတွင်မိုးတွင်းကာလဝင်ရောက်သွားသောကြောင့် ကျန်ရှိသည့် ၁၆ရွာကို နှစ်ကုန်ခါနီးမှ ပြန်လည်ပို့ဆောင်သွားမည်ဟု သိရသည်။

ရွှေညောင်ပင်ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမေပါ်တွင်တည်ရှိပြီး မြစ်ကြီးနားမှ ကားဖြင့် ၁ နာရီခန့်သာ မောင်းနှင်ရသော နေရာဖြစ်သည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here