စံပရီးကျေးရွာအုပ်စုမှ တပ်စွန့်လွှတ်မြေပေါ်ရှိ အဆောက်အဦးများကို အင်အားသုံးဖြိုချ

0
295

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် စံပရီးကျေးရွာအုပ်စုအတွင်းရှိ တပ်စွန့်လွှတ်မြေပေါ်တွင် အစိုးရခွင့်ပြုချက်မရှိဘဲ ဆောက် ထားသည့် အဆောက်အဦးများကို ဇူလိုင်လ ၁၇ ရက်နေ့မှစတင်ပြီး သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်များ က ဝင်ရောက်ရှင်းလင်းဖယ်ရှားမှှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စံပရီးကျေးရွာအုပ်စု စံဖနုံကျေးရွာနားရှိ တပ်စွန့်လွှတ်ထားသည့် မူလမြေ ၁၁၂၈ ဒသမ ၉၃ ဧကမှ ၉၂၈ ဒသမ ၉၃ ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားရှိပြီးဖြစ်သည့်အတွက် ၎င်းမြေပေါ်အတွင်းရှိ အစိုးရခွင့်ပြုမိန့်မရဘဲ နေထိုင်လုပ် ကိုင်သူများကို ပြောင်းရွှေ့ပေးရန် ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် အစိုးရဘက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ မြေနေရာများပေါ်တွင် ဒေသခံအချို့မှ ယာယီနေအိမ်များဆောက်လုပ်ကာ နေထိုင်မှုများရှိသည့် အတွက် ပြည်နယ် အစိုးရမှ ထိုသို့အဖွဲ့စုံ အင်အားသုံးပြီး လူနေအိမ်နှင့် တဲများလာရောက်ဖြိုချမှှုအပေါ် ၎င်းမြေပေါ်တွင် လက်ရှိနေထိုင်နေသည့် ဂါ့ငြိမ်းက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက“ ဒီမြေဟာ ကျမဘိုးဘွားပိုင်တဲ့မြေတွေ စစ်တပ်လာသိမ်းတော့ ဘယ်သူမှလုပ်လို့မရဘူး။ သူတို့မလုပ်နိုင်လို့ ပြန်စွန့် လွှတ်ပြီးတဲ့အချိန်မှာ ကျမတို့ဘိုးဘွားမြေကို ကျမတို့ပြန်ခုတ်ရှင်းတာ ကျမတို့ကို တစ်ခါမှ လာတားတဲ့လူမရှိဘူး။ KNUက လည်း ကျမတို့ပြည်သူတွေ နေရာရအောင် အကွက်ချပြီး စီစဉ်ပေးတယ်။ အခုမှ အစိုးရက မပေးနေဘူးဆိုတော့ ကျမတို့ ဘယ်လိုလုပ်မလဲ။ KNUက ကျမတို့ကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က ရှင်းလင်းမှုများ ပြုလုပ်သည့် နေရာတွင် KNU မှ ၂၀၁၇ ခုနှစ်တွင် ပေ ၆၀ x ၁၂၀ အကျယ်ရှိ မြေနေရာများကို မိသားစုတစ်စုလျှင် တစ်ကွက်နှှုန်းနှင့်ချထားပေးပြီး ၎င်းတို့မှ ဥယျာဉ်ခြံမြေအတွက် စုစုပေါင်း ဧက ၂၀၀ ကျော် ချထားပေး ထားခြင်းဖြစ်သည်ဟု KNU – ကရင်အမျိုးသားအစည်းအရုံး ထီလုံမြို့နယ် ဥက္ကဌ ပဒိုစောသာဒင်က ကေအိုင်စီသို့ ပြော သည်။

“တပ်မလုပ်နိုင်လို့ တပ်စွန့်လွှတ်ပြီးတော့ မြေလွှတ်မြေရိုင်းဖြစ်တဲ့အချိန်မှာ ကျနော်တို့က ပြည်သူတွေ နေရာရှိ အောင် မြေကွက်သွားချပေးတယ်။ KNU အထောက်အထားနဲ့ လုပ်ပေးတယ်။ KNU ဗဟိုနဲ့ ၊ JMC-U (ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)ကလူတွေ ကိုလည်း တင်ပြထားတယ်။ အခု ကျနော်တို့ ကြား တာက ဒီမြေကို ပြည်နယ်အစိုးရက စိစစ်ပြီး ပြန်ချပေးမယ် အဲလိုကြားတယ်။ တရားဝင် ကြားတာတော့ မဟုတ်သေးဘူး။ ဒီကိစ္စက ဗဟိုကို တင်ပြထားပြီးဆိုတော့ ဗဟိုကပြန်အကြောင်းပြန်လာတာကိုစောင့်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အစိုးရခွင့်ပြုချက်မရဘဲ နေထိုင်သူများကို အမိန့်စာပါ နေ့မှစ၍ ရက်ပေါင်း ၁၄ ရက်အတွင်း ပြောင်းရွှေ့ထွက်ခွာပေးရန် ၁၉၈၉ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်းမြို့ရွာရှိ မြေယာ အက်ဥပဒေ ပုဒ်မ ၂၁(၁) အရ ဆင့်စာကို ဇွန်လ ၃၀ ရက်နေ့တွင် ကော်လိတ္တော်အရာရှိ ဖားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖားအံမြို့မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here