KBC ဝိုင်းမော် ရုံးတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင်များကို စခန်းသစ်သို့ ရွှေ့ပြောင်း

0
257
ဇူလိုင် ၂၃၊ ၂၀၁၈ ဝိုင်းမော်၊ မဒိန်ကျေးရွာ စစ်ရှောင်စခန်းသစ်သို့ ရွှေ့ပြောင်းလာတဲ့ အင်ဂျန်းယန်မြို့နယ် Hpung Mai Yang စစ်ရှောင်များ

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းအဖွဲ့ချုပ် (KBC) ၏ ဝိုင်းမော်မြို့နယ် အသင်းတော်များရုံး အတွင်း ယာယီခိုလှုံနေသော အင်ဂျန်းယန်မြို့နယ် Hpung Mai Yang စစ်ရှောင်များကို စခန်းအသစ်သို့ ယနေ့ မနက်ပိုင်းတွင် ရွှေ့ပြောင်းပေးခဲ့သည်။

စခန်းသစ်ကို ဝိုင်းမော်မြို့ပြင် မဒိန်ကျေးရွာတွင် တည်ဆောက်ထားပြီး စစ်ရှောင် ၃၆၄ ဦး၊ အိမ်ထောင်စု အလိုက် တစ်ခန်းစီ နေရာချပေးခြင်း ဖြစ်သည်။

၂ လ ကျော်ကြာ KBC ဝိုင်းမော်ရုံး အတွင်း တိမ်းရှောင်ခဲ့ရာ ထိုနေရာတွင် စစ်ရှောင်များ ရေရှည်နေထိုင်ရန် အဆင်မပြေလာ သောကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သည် ဟု စစ်ရှောင်တာဝန်ခံ Chawzang Hkawng Dai က ယခုလို ရှင်းပြသည်။

“လူဦးရေများတော့ အစစအရာရာသူတို့အတွက်အဆင်မပြေဘူး။ နေရာအခက်အခဲတွေဖြစ်တယ်။ မိသားစုများတဲ့သူတွေအတွက်ပိုဆိုး အဆင်မပြေနိုင်ဘူး။ ပြီးရင် ဝိုင်းမော်နှစ်ခြင်းအားလုံးရဲ့ ရုံးချုပ် နေရာဆိုတော့ စစ်ရှောင်နေလို့်မရဘူး။ ဒါကြောင့် စစ်ရှောင်နေရာကိုသီးသန့်ဆောက်ပေးခဲ့ကြတယ်။”

ထိုစစ်ရှောင်စခန်းနေရာအသစ်သည် ဝိုင်းမော်မြို့နယ် Behtela ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် ၏ သာသနာပိုင် နေရာတစ်ခုဖြစ်ပြီး ဝိုင်းမော်မြို့နယ် နှစ်ခြင်းအသင်းတော်များမှ တာဝန်ယူတည်ဆောက် ထားခြင်းဖြစ်သည်။

ယင်းစစ်ရှောင်ပြည်သူများသည် အင်ဂျန့်ယန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသောကြောင့် မေလ (၁၇)ရက်နေ့တွင် KBC ဝိုင်းမော် အသင်းတော်များရုံးတွင် ယာယီနေရာ စီစဉ်ပေးခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here