“ဒေသရဲ့ လိုအပ်ချက် အကူအညီတွေကို နိုင်ငံတကာက တိုက်ရိုက် ကူညီပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေလာမှာ ၊ ကြားထဲမှာ အစိုးရကနေ သဘောတူမှ ထောက်ပံလို့ရမယ်ဆိုရင် အခြေအနေက ကြန့်ကြာမယ်” နိုင်ဗညားလယ်(NMSP)

0
158

မွန်ပြည်သစ်ပါတီ COVID- 19 ထိန်းချုပ်ကာကွယ်ကုသရေးဗဟိုအဆင့် အဖွဲ့ခေါင်းဆောင်နှင့် အမေးအဖြေ

၇ သြဂုတ် ၂၀၂၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့ နယ်ထဲက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွေမှာ COVID- 19 ကာလအတွင်း ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိတဲ့အတွက် အဲဒီဒေသက ပြည်သူတွေဟာ စား၀တ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်သစ်ပါတီ NMSP က ပြောပါတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးထဲ က ဒေသတွေမှာကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ နှင့် တိုင်းဒေသကြီးရဲ့ ကူညီထောက်ပံ့မှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးနှင့် တိုင်းဒေသကြီးရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တဲ့အတွက် ပြည်သူများအနေနဲ့ စား၀တ်နေရေး ခက်ခဲမှုကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပေမယ့်လည်း လုံလောက်မှုကတော့ မရှိသေးဘူး လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် COVID- 19 ကာကွယ်တားဆီးမှု လုပ်ငန်းတွေကို ဘယ်လိုလုပ် ဆောင်နေပါသလဲ၊ COVID- 19 ကြောင့် ဒေသအတွင်း စား၀တ်နေရေး၊ စီးပွားရေး၊ လူမှု့ရေး စတဲ့ အခြေ အနေတွေ ဘယ်လိုရှိနေပါသလဲ။ COVID- 19 ကာကွယ်တားဆီးရေးမှာ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပါသလဲ စတဲ့ အကြောင်းတွေကို မွန်ပြည်သစ်ပါတီ NMSP ရဲ့ ပြည်တွင်းရေးရာ တာ၀န်ခံ ဗဟိုအလုပ် အမှုဆောင် ကော်မတီ၀င်လည်းဖြစ် COVID- 19 ထိန်းချုပ်ကာကွယ် ကုသရေး ဗဟိုအဆင့် အဖွဲ့ခေါင်း ဆောင်လည်းဖြစ်တဲ့ နိုင်ဗညားလယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – COVID- 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်တဲ့ နယ်မြေမှာ ဘယ်လိုမျိုးတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ – ကျနော်တို့ COVID- 19 ဗဟိုအဆင့်ကော်မတီကို ၁၆ ယောက်နဲ့ ဖွဲ့စည်း ထားတာ ရှိတယ်။ အဲဒီ ၁၆ ယောက်က အဓိကက နိုင်ငံတကာ အလှူရှင်တွေနဲ့ ချိတ်ဆက်ဖို့ရယ်။ အစိုးရ တွေနဲ့ ချိတ်ဆက်ဖို့ရယ်။ ဒီ နောက်ပြီးတော့ အောက်ခြေ ခရိုင်အဆင့် မြို့နယ်အဆင့်တွေမှာ ညွှန်ကြား နိုင်ဖို့ အတွက်တော့ ဖွဲ့စည်းထားတာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ လောလောဆယ် ကျနော်တို့ ထိန်းချုပ် နယ်မြေ ရွာပေါင်း ၁၀၀ ကျော်နဲ့ အိမ်ထောင်စုက တစ်သောင်းနဲ့ ငါးထောင်ကျော် လူဦးရေက ရှစ်သောင်း ကျော်ကို တာ၀န်ယူထားတယ်။ ဒီက ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ check point ကျတော့ ၁၈ နေရာ ဖွင့် ထားတယ်။ Quarantine ထားဖို့တော့ ၁၂ နေရာ ဖွင့်ထားတာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီ ထိန်းချုပ်ဒေသမှာ တကယ်လို့ သံသယလူနာ တွေ့ရင်တော့ အချိန်မှီဆေးရုံကို လွှဲပြောင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ရေးမြို့နယ် ဆေးရုံတို့ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အားလုံးကို ချိတ်ဆက်ဆောင်ရွက် ထား တာ ရှိပါတယ်။

မေး – အဲလိုလုပ်ဆောင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ကြုံရသလဲ။

ဖြေ – အဓိက ကျနော်တို့ ဒေသမှာက အဓိက ရှမ်းပြည်(ထိုင်း) ကနေ၀င်လာတဲ့ လူတွေကို အဓိ က ကျနော်တို့ သက်ဆိုင်ရာ မြ၀တီကတစ်ဆင့် ၀င်လာဖို့အတွက်တော့ အားလုံး ကျနော်တို့ ညွှန်ကြား ထား တာရှိတယ်။ ဒါပေမယ့် ကျနော်တို့ နယ်မြေက နယ်မြေထိစပ်နေတယ်ဆိုတော့ အချို့ လူတွေကတော့ ခိုး၀င် ခိုးထွက်လာ တဲ့ ပြဿနာတော့ ပိတ်တော့ ပိတ်ထားတယ် ဒါပေမယ့် သိပ်ပြီးတော့ လုံလုံခြုံခြုံတော့ မရှိတဲ့ အပိုင်းတော့ အခက်အခဲတော့ ဖြစ်တယ်။ နောက်ပြီးတော့ အဓိကက ကျနော်တို့ ဒီ COVID ကာလကြာ လာတာနဲ့ အမျှ ပေါ့နော် ပြည်သူလူထုတွေက လွတ်လပ်စွာ သွားလာခွင့် မရတော့ ဆိုတော့ အဓိက စား သောက်ကုန်တွေ ဘာတွေ ကျတော့ တချို့နေရာတွေ ဆိုလို့ရှိရင်တော့ အခက်အခဲတွေတော့ ဖြစ်လာ မှာပဲ။

မေး – ပြည်သူတွေ လွတ်လပ်စွာ သွားလာခွင့်မရတဲ့အတွက် ခက်ခဲမှုတွေ ရှိတယ် လို့ ပြောတယ်ပေါ့နော်။ ဆိုတော့ သူတို့ရဲ့ နေထိုင်စားသောက်ရေး အခြေအနေက ဘယ်လိုရှိ နေသလဲ။ အဲ့ဒီအခြေအနေလေးတွေ လည်း ရှင်းပြပေးပါလား။

ဖြေ – ဟုတ်ကဲ့ အဓိကက သွားလာတာက အရင်လို လွတ်လွတ်လပ်လပ် ကုန်စည်း စီးဆင်းမှုအ ပိုင်း ဒေသထုတ် ကုန်တွေကျတော့ အရင်လို လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး အခုကျတော့ နည်း နည်း ဖြေလျှော့တဲ့ အပိုင်းတွေ ရှိတယ်ဆိုတော့ နည်းနည်းတော့ အဆင်ပြေလာတယ်။ အဓိက ကျနော်တို့ ဒီ မိုးရာသီမှာ ဆိုလို့ရှိရင် ကျနော်တို့ အဓိက ကြုံတွေ့နေရတာက ဒီငှက်ဖျားတို့ ရာသီတုတ်ကွေးတို့ အဲဒါတွေ ကို ကြုံ တွေ့နေရတယ်။ အဓိကက ဒီနယ်စပ်တစ်လျှောက်မှာ ရှိနေတဲ့ ပြည်သူလူထုတွေအတွက်ပေါ့နော်။

မေး – စား၀တ်နေရေး အခက်အခဲ ကြုံလာတဲ့ ဒေသခံတွေအတွက် ဆရာတို့ မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို ကူညီဖြေရှင်းပေးသလဲ။

ဖြေ – အဓိကကတော့ သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေဆီမှာ ကျနော်တို့ တင်ပြတာတွေရှိ တယ်။ ဒီမွန်ပြည်နယ် အစိုးရ အနေနဲ့ ကျနော်တို့ ဒီ ရေးချောင်းဖျားဒေသမှာ ရှိတဲ့ ပြည်သူလူထုအတွက် အိမ်ထောင်စု ၃၅၀၀ ကို အခြေခံစားသောက်ကုန် တစ်အိမ်ထောင်ကို တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့တာ ရှိတယ်။ နောက်ပြီးတော့ တနင်္သာရီတိုင်း အစိုးရ ကျတော့ ဒီရေဖြူမြို့နယ်မှာ ရှိတဲ့ ကျနော်တို့ မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ ဒေသမှာ ရှိတဲ့ အိမ်ထောင်စု ၄၀၀ ထောက်ပံ့ထားတယ်။ ဒါပေမယ့် ကရင်ပြည်နယ် အစိုးရ အနေနဲ့ ကျနော် တို့ ဒီ ဥပမာ ကျနော်တို့ ထိန်းချုပ်နယ်မြေဆိုလို့ရှိရင် ကြာအင်းဆိပ်ကြီးတို့ ဒီကော့ ကရိတ်မြို့နယ်တို့ ဆိုလို့ ရှိရင် ကရင်ပြည်နယ် အစိုးရထဲမှာပါတယ်။ ကရင်ပြည်နယ်ထဲမှာ ပါတယ်။ ဒါပေ မယ့် သူတို့အတွက်ကျတော့ သက်ဆိုင်ရာ ကရင်ပြည်နယ် အစိုးရအနေနဲ့ ထောက်ပံ့မှုကတော့ တစ်စုံတစ် ရာတော့ မရရှိခဲ့ဘူးပေါ့။

မေး – ကရင်ပြည်နယ်ဖက်က မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပြည်သူတွေက အကူအညီမရရှိတဲ့ အတွက် ဘယ်လောက်အထိခက်ခဲမှုရှိနေသလဲ။ အဲဒီအပေါ်မှာ ဆရာတို့ အနေနဲ့ ဘယ်လိုဆက်လုပ်ဆောင် သွားပေး ဖို့ရှိသလဲ။

ဖြေ – အဓိကက ကြာအင်းဆိပ်ကြီးမြို့နယ်မှာကျတော့ နည်းနည်းတော့ အခက်အခဲတော့ ရှိတယ်။ ကော့ကရိတ်မြို့ နယ်မှာကျတော့ ဒီမော်လမြိုင်နဲ့ နီးတယ်ဆိုတော့ အခက်အခဲ သိပ်မရှိဘူး။ အခုတော့ ကျနော်တို့ အချက် အလက်တွေ အိမ်ထောင်စုတွေ အချက်အလက်တွေ သူတို့ရဲ့ ပိုင်ဆိုင်မှု စီးပွားရေး ပိုင်ဆိုင်မှုတွေ အားလုံး ကျနော်တို့ အချက်အလက်တွေတော့ ကောက်ခံနေဆဲပဲ ရရှိလာတဲ့ အချက်အလက်အပေါ်မှာ မူတည်ပြီးတော့ ဒီ သက်ဆိုင်ရာ NGO အဖွဲ့အစည်း INGO အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေတုန်းပဲ အဓိကကတော့ သူတို့အတွက် အခြေခံ စားသောက် ကုန်တွေကို INGO အဖွဲ့အစည်းကနေပြီးတော့ ပါ၀င်ထောက်ပံ့ပေး နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ အကူအညီတောင်းခံသွားမှာ ဖြစ်တယ်။

မေး – ကရင်ပြည်နယ်ဖက်မှာ အဲလိုခက်ခဲနေတဲ့ ကျေးရွာဘယ်နှစ်ရွာလောက် ရှိသလဲ။

ဖြေ – အဓိက ကြာအင်းဆိပ်ကြီး တောင်ပေါက်ဒေသ ရွာပေါင်း ၂၄ ရွာရှိတယ်ပေါ့။ အဲဒီနေရာမှာ မွန်ရွာလည်းရှိ တယ်။ ကရင်ရွာလည်းရှိတယ်။ သူများနေရာကျတော့ အခြေခံစားသောက်ကုန်ကို သက်ဆိုင် ရာ အစိုးရတွေက ထောက်ပံ့တာရှိ တယ်။ ဒါပေမယ့် ကရင်ပြည်နယ် အစိုးရ အနေနဲ့က ဒီ ကျနော်တို့ ထိန်း ချုပ်နေရာမှာ ရှိတဲ့ ပြည်သူလူထု အတွက်တော့ မရတော့ တစ်မျိုးတော့ ခံစားမိတာပေါ့နော်။

မေး – မွန်ပြည်နယ်အစိုးရနဲ့ တနင်္သာရီတိုင်း အစိုးရက ရေးချောင်းဖျားဒေသနဲ့ ရေဖြူမြို့နယ်ထဲက မွန်ပြည် သစ်ပါတီ ထိန်းချုပ်တဲ့ ဧရိယာထဲက ပြည်သူတွေကို ထောက်ပံ့ထားတာ ရှိတယ်ဆိုတော့ အဲဒီအပိုင်းတွေ ကျတော့ တစ်စုံတစ်ရာ လုံလောက်မှုရှိလား။

ဖြေ – လုံလောက်မှုရယ်တော့ ပြောလို့မရဘူး။ တကယ်လို့ နည်းနည်းရရင်တော့ နည်းနည်း သက်သာလာတဲ့ အခြေအနေပေါ့နော်။ လုံလောက်မှုတော့ ဘယ်ရှိမလဲ။

မေး – ပြည်နယ်အစိုးရကနေ ကူညီတာတွေရှိတယ်ဆိုတော့ တခြား NGO INGO အဖွဲ့အစည်းတွေရော ကူညီတာတွေ ရှိသလား။

ဖြေ – ကျနော်တို့ MPA တို့ ဆုံစည်းတို့ သူတို့က ကျနော်တို့ COVID Respond ကိစ္စနဲ့ ပတ်သက် ပြီးတော့ အရေး အပေါ် တုန့်ပြန်မှု Mask တို့ PPE တို့ အခြားလိုအပ်တဲ့ check point မှာ တာ၀န်ယူနေတဲ့ လူတွေ အတွက် စားဖို့ စရိတ်ကကျတော့ သူတို့ ထောက်ပံ့ပေးတာရှိတယ်။

မေး – ဒီ COVID- 19 က ရေရှည်ဆက်ဖြစ်နေမယ်ဆိုရင် ဆရာတို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှာ ရှိ တဲ့ ပြည်သူတွေအတွက် ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိလာနိုင်သလဲ။

ဖြေ – အဓိက ကြုံတွေ့နိုင်တာကတော့ ကျနော်တို့ ခုနပြောသလိုပေါ့နော် ကျနော်တို့ ဒီနယ်စပ် ဒေသမှာ ငှက်ဖျားရောဂါလည်း မပျောက်သေးဘူး။ ဒီတုတ်ကွေးလည်း ရှိနေတယ်ဆိုတော့ တကယ်လို့ COVID ပါ ထပ်ပြီးတော့ ကူးစက်လာမယ်ဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေအတွက်တော့ အများကြီး စား၀တ်နေ ရေး ပညာရေးတို့ စီးပွားရေးတို့ အများကြီးတော့ ထိခိုက်လာမှာဖြစ်တယ်။

မေး – အစိုးရဖက်ကလည်း COVID- 19 ကာကွယ်တားဆီးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ကော်မတီဖွဲ့ထားတာရှိတယ်။ ဆိုတော့ အဲဒီကော်မတီနဲ့ ဆရာတို့ မွန်ပြည်သစ် ပါတီ ပူးပေါင်းလုပ်ဆောင်နေတဲ့ အခြေအနေလေးလည်း သိပါရစေ။

ဖြေ – အွန်လိုင်းအနေနဲ့တော့ အစည်းအဝေးတစ်ခါတော့ လုပ်ဖြစ်တယ်။ နောက်ပြီးတော့ NRPC အနေနဲ့ လိုအပ်တဲ့ Mask တို့ PPE တို့ ဆောင်တို့ ခြင်ထောင်တို့ နည်းနည်းပါးပါးတော့ ထောက်ပံ့ပေးတာရှိ တယ်။

မေး – နောက်တစ်ချက်က ဒီ COVID- 19 တားဆီးကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အလှူရှင် တွေက အစိုးရကိုပဲ တိုက်ရိုက် ကူညီထောက်ပံ့ပေးနေတာရှိတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသား ကျန်းမာ ရေး အဖွဲ့အစည်းတွေက ဒီနယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေကို ပြန်ပြီးတော့ ပေးစေချင်တဲ့ သဘောထား တွေရှိတယ်။ ဆရာတို့ ကရော နိုင်ငံတကာ အလှူရှင်တွေကို ဘာများ တောင်းဆိုချင်သလဲ။

ဖြေ – အဓိကက ကျနော်တို့ ဒေသရဲ့ လိုအပ်ချက် အကူအညီတွေကို နိုင်ငံတကာက တိုက်ရိုက် ကူညီပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေလာမှာ တကယ်လို့ ကြားထဲမှာ အစိုးရကနေ သဘောတူမှ ထောက်ပံလို့ရမယ် ဆိုရင် အခြေအနေက ကြန့်ကြာမယ်။ ကူညီတဲ့ ဆောင်ရွက်တဲ့အပိုင်းမှာတော့ အဆင့် တွေများတော့ အခက်အခဲတော့ တစ်စုံတစ်ရာတော့ ဖြစ်တယ်။ အဓိကကတော့ တိုက်ရိုက် ကူညီပေးနိုင် ရင်တော့ ပိုပြီးမှ အဆင်ပြေမှာ ဖြစ်တယ်။

မေး – တခြားဘာများ ဖြည့်စွတ်ပြောစရာ ရှိသေးလဲ။

ဖြေ – အဓိကကတော့ ဒီ COVID- 19 ကျတော့ WHO က ကြေညာပြောဆိုထားသလိုပေါ့နော် သူက လူတွေနဲ့ အတူ တော်တော်ကြာကြာ နေအုံးမယ်ဆိုတော့ ကျနော်တို့ ဒီ ကာကွယ် ကုသမှု အပိုင်း မှာ ပြည်သူလူထုတွေ နဲ့ WHO က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကျတော့ အစိုးရတို့ ကျနော်တို့ မွန်ပြည်သစ် ပါတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့တော့ လိုတယ်ပေါ့နော်။ ဒါပေမယ့် ဒီ COVID- 19 ကာလမှာ သွားလာခွင့်ကျတော့ တစ်ချို့တွေ တကယ်လို့ အခက်အခဲဖြစ်နေမယ် နားလည်ပေးဖို့အတွက် တော့ ပြောချင်ပါတယ်။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here