KBC ဝိုင်းမော် စစ်ရှောင်စခန်းသစ်တွင် အိမ်သာ နှင့် ရေလှောင်ကန် မလုံလောက်

0
401
ဝိုင်းမော်မြို့ ရပ်ကွက် (၃) KBC စစ်ရှောင်စခန်းသစ် ရှိ အိမ်သာ နဲ့ ရေလှောင်ကန်

ဝိုင်းမော်မြို့ ရပ်ကွက် (၃)ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စစ်ရှောင် စခန်းသစ် တွင် အိမ်သာနှင့် ရေလှောင်ကန် မလုံလောက်သည့် ပြဿနာကို ကြံနေရကြောင်း ဆိုပါသည်။

KBC ဝိုင်းမော်မြို့နယ် အသင်းတော်များရုံးမှ တည်ဆောက်သည့် စခန်းသစ်တွင် ယခုအချိန် စစ်ရှောင်မိသားစု (၄၀) နေထိုင်လျှက်ရှိရာတွင် အိမ်သာ (၄)လုံးသာ ရှိသည်ဟု စခန်းသစ်တာဝန်ခံ ဆရာ Hkawng Dai ပြောသည်။

“အိမ်သာက ၄ လုံးပဲရှိတယ်။ လူဦးရေက ၂၀၀ ကျော်ဆိုတော့ လုပြီး သုံးနေရတယ်။ အချို့က စောစောထပြီး သွားထားရတယ်။ ရေလှောင်ကန် တစ်ခုထဲရှိတော့ ရေခဏခဏပြန်ထည့်ပေး နေရတယ်”

ဧပြီလ N’Jang Yang (အင်ဂျန်းယန်) မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၄)ကို တပ်မတော်မှ အပြင်းအထန် တိုက်ခိုက်ခဲ့စဉ် Hpung Mai Yang ကျေးရွာ မိသားစု (၇၀)သည် ချီဖွေဘက်မှ ဝိုင်းမော်မြို့နယ် KBC ရုံးဝင်းသို့ မေလ (၁၅)ရက်နေ့ ရောက်ရှိလာသည်။ ရုံးခန်းမ နှင့် အဆောက်အအုံများတွင် အချိန် ၂ လ ကျော်ကြာ ယာယီနေထိုင်ခဲ့ပြီး ဇူလိုင်လ (၂၃) ရက်နေ့ စခန်းသစ်သို့ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

ဝိုင်းမော် KBC ရုံးတွင် ကျန်နေသေးသည့် စစ်ရှောင်မိသားစု (၃၀) မှ လူဦးရေ (၁၀၀) ကျော် ကို လာမည့်အပတ် လကုန်တွင် အပြီး ပြောင်းမည်ဟု ဝိုင်းမော် KBC ရုံး စစ်ရှောင် ကယ်ဆယ်ရေး တာဝန်ခံ ဦး N Yau Brang Mai က ကချင်သတင်းဌာန KNG ကို ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here