ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေ ၃ ဦးဒဏ်ရာရ

0
201

သြဂုတ်လ ၂၈ ရက်၊ ၂၀၂၀ ခုနှစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ကျောက်တော်မြို့နယ်၊ ရှမ်းရွာအတွင်းတွင် ပစ်ခတ်မှု ကြောင့် ဒေ သခံရွာသား တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မနက်အစောပေါ့ဖြစ်တာ။ အရုဏ်တက် မနက်စောစော တစ်နာရီခွဲ ကျော် လောက်မှာပေါ့ ကျည်ထိပြီးသေသွားတာပါ။ သေသွားသူက မောင်နိုင်ဝင်း အသက် ၃၀၊ ကျည်ထိဒဏ်နဲ့ သေတာ၊ သူက မနက်အစော အပေါ့အလေးသွားဖို့ အပြင်ထွက်တာ အခုလိုမျိုး အပစ်ခံရတာလို့ သူ့အစ်မတွေ က ပြောပြတယ်။ အဲ့ဒီနေရာက ရှမ်းရွာ မြို့ပတ်လမ်း ရေလှောင်ကန်အနီး သုသာန်သွားတဲ့လမ်းမှာ အဲ့နားမှာ ဖြစ်တာ။ ကျောက်တော်မှာက ပစ်ခတ်မှုက ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် တဖက်ပဲဖြစ် နေ တာ။ နှစ်ဖက် တိုက်ပွဲတို့ ပစ်ခတ်မှုတို့တော့ မရှိပါဘူး။ ကျောက်တော်မြို့ထဲမှာလည်း စစ်ကြောင်းက ဝင်လိုက် ထွက်လိုက်ပဲ လုပ်နေတာ” ဟု ပြောသည်။

သေဆုံးသူ မောင်နိုင်ဝင်းမှာ သေနတ်ဒဏ်ရာ ၆ ချက်ခန့်ရှိနေပြီး၊ ဦးခေါင်းတစ်ခုလုံးလည်း ကြေမွနေသည်ဟု မိသားစုဝင်များက ပြောသည်။

ထို့ပြင် သြဂုတ် ၂၇ရက် နံနက်ပိုင်း ၁၀ နာရီခွဲ အချိန်ခန့်က ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အဆိုပါ ၄ ဦးထဲမှ တစ်ဦးမှာ သေဆုံးသွားပြီးဟု သိရသည်။

ကျောက်တော်မြို့ ဒေသခံ ဦးကျော်လှမြင့် က “ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ကောက်စိုက်သမက ၃ ဦး ဒဏ်ရာရတယ်။ မအပုမ (၃၇) နှစ်၊ ဘယ်ဘက်ခါးမှာ ဒဏ်ရာရတယ်။ သူက ဒဏ်ရာပြင်းထန်တယ်။ သူက တော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတာ။ အခု မအပုမက ဆုံးသွားပြီ။ ၂ နာရီခွဲက ဆုံးသွားတယ်။ မအေးသိန်း ကျော့ (၃၃) နှစ်၊ သူကတော့ လက်ရယ်၊ ရင်ဘက်ရယ်၊ လည်ပင်းရယ် အကုန်လုံးမှာ ကျည်ဆထိမှန်တာ။ လက်နက်ကြီးဆထိမှန်တယ်။ မကျော့စိန် (၃၇) နှစ်၊ ဘယ် ဘက်လက်ကောက်ဝတ်မှာ ဒဏ်ရာ ရတယ်။ အခု တော့ အားလုံး ကျောက်တော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံ ယူနေရတယ်။ တစ်နေရာနဲ့တစ်နေရာ လှုပ်ရှားမှု တွေရှိနေတော့ သွားရလာရတာလည်း ခက်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများထဲသို့ တပ်မတော်စစ်ကြောင်းများ နေ့စဉ် ဝင် ထွက်သွားမှုများ ရှိနေပြီး ပစ်ခတ်မှုများလည်း ဆက်တိုက်ဖြစ်နေသည် ဟု ကျော်တော်ဒေသခံများ နှင့် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ရှမ်းရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “အစတော့ ရွာထဲကို စစ်သားတွေ ဝင်လာတယ်။ ဝင်လာတာနဲ့ ရွာထဲက အိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ စစ်ဆေးတယ်။ သွားတယ်လာတယ်။ COVID-19 နဲ့ ဒီ လောက်ခက်ခဲနေချိန်မှာ အိမ်တွေထဲဝင်တယ်။ အိုးတွေခွက်တွေရှိတဲ့ စားစရာတွေ သောက်စရာတွေကို စား တယ် သောက်တယ်။ အိုးတွေခွက်တွေမွှေနောက် ရှာစားတယ်။ ရွာသားတွေကို ခေါ်မေးတာတွေလုပ်တယ်” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်းများ ယခုကဲ့သို့ ဝင်ထွက်သွားလာနေသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြ သည်ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “ကျနော့်ကို ဖုန်းဆက်ကြတယ်။ မနေ့က မြို့ထဲကိုလည်း တပ်မတော်စစ်ကြောင်းရောက်တယ်လို့ ပြောတယ်။ ညအချိန်ကလည်း ပစ်ခတ်မှု တချို့ ဖြစ်တယ်။ ရှမ်းရွာက တစ်ယောက် သေသွားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ တချိန်တည်းမှာပဲ ကျောက်တော်မြို့နယ် အပေါက်ဝမှာ ပစ်ခတ်မှု တချို့ဖြစ်တယ်။ အဲ့နားမှာ ကောက်စိုက်နေတဲ့ သုံးလေး ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်” ဟု ပြောသည်။

“ဒီအချိန်မှာ အခုလို ပစ်ခတ်မှုတွေကို ရှောင်ရှားကြဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ ကိုဗစ်ကြီးက ကမ္ဘာ့ကပ်ရောဂါကြီး၊ ကမ္ဘာမှာရှိတဲ့ ခေါင်းဆောင်တွေရော တစ်ကမ္ဘာလုံးကပါ ဒါကို အာရုံစိုက်ပြီးမှ ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေချိန်မှာ ဆိုတော့ လက်နက်ကိုင်တွေအနေနဲ့ ဒီအချိန်မှာ လက်နက်ချပြီးတော့ ပစ်ခတ် မှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ပေါ့ဗျာ။ အတတ်နိုင်ဆုံး ဒီဖြစ်စဉ်တွေကို ရှောင်ရှားကြဖို့ အရေးကြီး ပါတယ်။ ဘယ်အဖွဲ့အစည်းတွေ က ဘယ်လောက်ထိ လူသားဆန်တဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားလဲဆိုတာ သက်သေပြရမယ့် အချိန်ပဲလို့ မြင်တယ်။”

ကျောက်တော်မြို့နယ်အတွင်းက ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အား အခြေအနေသိရအောင် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ ပေ။

သို့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ မွန်းလွှဲပိုင်း က “ပုဒ်မ ၁၄၄ ထုတ်ပြန် ထား သည့် ကျောက်တော်မြို့နယ်အတွင်းက မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးအား လက်ကိုင် စကားပြော စက် တစ်လုံးနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ” ဟု ထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းတစ်ကြောင်းက သြဂုတ် ၂၇ရက် နံနက်ပိုင်း ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်တော်-ဝါးကင်း ကျေးရွာသွားလမ်းကြောင်းပေါ်တွင် မသင်္ကာဖွယ်ရာ ပြုလုပ်နေသူများအား တွေ့ ရှိရာ စစ်ဆေးရန် ခေါ်ယူရာတွင် ထွက်ပြေးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ ထွက်မပြေးရန်ပြောဆိုသော်လည်း ထွက်ပြေး သည့် အတွက် ခြောက်လန့် ပစ်ခတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

“ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ၎င်းဝတ် ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ Quansheng အမျိုးအစား လက်ကိုင် စကားပြောစက် တစ်လုံး၊ ငွေကျပ် ၁၀၀၀ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကာ ၎င်းစီးနင်းလာသည်ဟု ယူဆရသော Smash-125 အမျိုးအစား (လိုင် စင်မဲ့) ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ယနေ့ နံနက် ပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သြဂုတ်လ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျးရွာမှ အမျိုးသမီးတစ်ဦး လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အားမီ (NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here