အလောင်း သယ်ယူစဉ် ဗုံးပေါက်၍ တပ်မတော်သား ၃ ဦး ထပ်မံသေဆုံးပြီး ၅ဦး ဒဏ်ရာရ

0
237

သြဂုတ် ၃၁ ရက်၊ ၂၀၂၀ ပြည့်နှစ်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဓမ္မံအောင်တောင်ကုန်း ဆက်သွယ် ရေးစခန်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သား ၂ ဦးမှာ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၂ နာရီခွဲ အ ချိန်ခန့်က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းအား သယ်ယူစဉ် မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်သား ၃ ဦးထပ်မံသေဆုံးပြီး ၅ ဦးထပ်မံဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၈ နာရီချိန်ခန့်က အမှတ်(၇)ဆက်သွယ်ရေးတပ် (ဘားအံ)မှ ဗိုလ်ကြီးလှိုင်မျိုးထိုက် ဦးစီးအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ ကားလမ်း ဟောင်း ပေါ်ရှိ အလယ်ဘိုတဲအနီး ဓမ္မံအောင် တောင်ကုန်းရှိ ဆက်သွယ်ရေးစခန်းနှင့် ဆက်သွယ်မှု မရရှိသဖြင့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် တံတားကျိုး ကျေးရွာအနီးတစ်ဝိုက်တွင် အခြေပြုနေသည့် အမှတ် (၃၁၀)ခြေမြန် တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး မင်းသိန်း ဦးစီး တပ်စိတ်(၁)စိတ်နှင့်အတူ ဓမ္မံအောင် တောင်ကုန်းသို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုတောင်ကုန်းသို့ နံနက် ၉ နာရီအချိန်ခန့်တွင် ရောက်ရှိပြီး တောင်ကုန်း၌ OTA Station လုံခြုံရေးဆောင်ရွက်နေ သည့် အမှတ်(၇) ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် မြတ်မင်းဇော်နှင့် တပ်သားညီညီသန့်တို့နှစ်ဦး သေဆုံးခဲ့သည် ကို တွေ့ရှိခဲ့သည်။

ထို့နောက် ညနေ ၅ နာရီ အချိန်ခန့်တွင် ကော့ကရိတ်-မြဝတီကား လမ်းဟောင်းပေါ်ရှိ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသူ ဒုတပ်ကြပ် မြတ်မင်းဇော်နှင့် တပ်သားညီညီသန့်တို့၏အလောင်းအား အမှတ် (၃၁၀) ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန်းဝင်းနိုင် ဦးစီးစစ်ကြောင်းနှင့် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပြည့်စုံအောင် ဦးစီးတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်၍ သယ်ယူရန် ဒုတပ်ကြပ် မြတ်မင်းဇော်၏ အလောင်း အား တစ်ဖက်သို့လှန်စဉ် အလောင်းအောက်မှ လက်ပစ်ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အမှတ်(၃၁၀) ခြေမြန်တပ်ရင်းနှင့် အမှတ်(၇) ဆက်သွယ်ရေး တပ်ရင်းတို့မှ ဗိုလ်ကြီး ဖြစ်သူ အပါအဝင် (၃) ဦး ထပ်မံသေဆုံးပြီး ခမရ ၃၁၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး (၁) ဦးအပါအဝင်တပ်မတော်သား(၄)ဦးနှင့် ကော့ကရိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်(၁)ဦး ထပ်မံဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here