29 March 2024 /

See today's Peace Related News

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်

စက်တင်ဘာ ၃ရက်၊ ၂၀၂ဝပြည့်နှစ်
ကယားပြည်နယ် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ် တာဝန်ကနေ ရပ်စဲခံလိုက်ရပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ယာယီဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ က အတည်ပြု ပြောကြားလိုက်ပါတယ်။

“ ပေးပို့လာတယ်ပေါ့နော။ ခေတ္တဝန်ကြီးချုပ်ကျတော့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်စကို ကို ယာယီဝန်ကြီးချုပ်အဖြစ် လွှဲပြောင်းပေးအပ်ကြောင်း ပေးပို့လာပါတယ်” လို့ ဦးလှထွေးက ပြောပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ၊ ပုဒ္မ ၂၆၃ ( က) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကြောင်း စွပ်စွဲပြစ်တင်ခံရပြီး ကယားပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဦးအယ်လ်ဖောင်းရှိူကို စုံစမ်းစစ်ဆေးခဲ့ကြပြီး ယင်းစွပ်စွဲပြစ်တင်မှုသည် မှန်ကန်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံဆန္ဒမဲ (၁၆)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၄)မဲဖြင့် လွှတ်တော်က အတည်ပြုလိုက်ပြီး လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ကြပြီး ဒီကနေ့မှာ ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲလိုက်ကြောင်း အတည်ပြုစာ ပြန်လည်ပေးပို့လာတယ်လို့ သိရပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။