29 March 2024 /

See today's Peace Related News

COVID-19 ဒုတိယလှိုင်းကြောင့် ကချင်စစ်ရှောင်များ အသွားအလာ ပြန်ကန့်သတ်

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၀ ခုနှစ်။

COVID-19 ကူးစက်ရောဂါ ပိုးတွေ့လူနာများ ဆက်တိုက်တိုးလာပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင် စခန်းများကို ဝင်ထွက်သွားလာခွင့်များ ကန့်သတ်ထားသည်ဟု စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။

မြစ်ကြီးနားမြို့အတွင်းရှိ အချို့ စစ်ရှောင်စခန်းများမှာ သြဂုတ်လ ကုန်ပိုင်းကစတင်ပြီး စစ်ရှောင်စခန်းတွင် ဝင် ထွက်သွားလာခွင့်များကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဇီးလွန်စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန် က “အခု Lock down ပြန်လုပ်ထားတယ်။ အခုနေ့စားမရ တော့ ဘူး။ အခုကလေးတွေက ကျူရှင်သွားဖို့ ခနတဖြုတ်သွားတယ် တချို့က ကျောင်းသားတွေရှိတယ်။ အဲ့လိုမျိုး တော့ ခနသွားလို့ရတယ်။ ဒါပေမယ့် အဲ့မှာ စာရင်းသွားရတယ်။ ဘယ်သွားမယ်၊ ဘယ်နှစ်နာရီမှာ ပြန်လာခဲ့ မယ်။ အဲ့ဒါကို ကျမတို့ ကော်မတီက ပြန်ကြည့်ကြပ်ပြီးမှ ကြာပြီဆို ဘယ်သွားတာလဲ။ ဘယ်ကိုရောက် တာ လဲပေါ့ စစ်ဆေးပေးတာ” ဟု ပြောသည်။

ထို့အပြင် ပလန စစ်ရှောင်စခန်းကိုလည်း ယခင် COVID-19 ပထမအကြိမ် ဖြစ်စဉ်တုန်းကကဲ့သို့ ပြန်ပိိတ်ထား ပြီဟု စခန်းတာဝန်ခံ ဦးတန်ဂျာ က ပြောသည်။

“ဟုတ်ကဲ့ ကျနော်တို့ စခန်းလည်း အရင်တုန်းကလိုပဲ ပြန်ပိတ်လိုက်ပါပြီ။ အခု COVID က ဒုတိယအကြိမ်ပြန် ဆိုးလာတယ်လို့ သတင်းတွေကြားနေရတော့ ပိတ်လိုက်တာပါ။ ကျနော်တို့ Camp ထဲကို အပြင်ကလူတွေကို လည်း ပေးမဝင်တော့ဘူးဗျ။ စခန်းထဲကလူတွေ အပြင်သွားမယ်၊ ဈေးသွားမယ် ဥပမာ တစ်နေရာရာကို သွား မယ်ဆိုလည်း အချိန်အကန့်အသတ်နဲ့ သွားခိုင်းတာမျိုး၊ စခန်းက လူကြီးတွေကို အကြောင်းကြားတာမျိုးပေါ့၊ ဂိတ်တံခါးလည်း လုံးဝပိတ်ထားပါတယ်။ ဒီမှာက တစ်ယောက်ယောက်ဖြစ်ပြီဆိုရင် မလွယ်ဘူးလေနော်။”

မြစ်ကြီးနားမြို့ အတွင်းရှိ မန်ခိန်၊ ရွှေစက်၊ ပလန၊ ဇီးလွန်၊ ဂျာမိုင်ကောင့်၊ မိုင်းနား အပြင် အခြားသော စစ်ရှောင် စခန်းများတွင်လည်း အသွားအလာကန့်သတ်ခြင်း၊ စခန်းအတွင်း အဝင်အထွက်များ စစ်ဆေးခြင်း နှင့် အပြင်လူ များ ဝင်ရောက်ခွင့်မပြုခြင်း စသည့် ကန့်သတ်မှုများ စခန်းအလိုက် လုပ်ဆောင်ထားသည်ဟု စစ်ရှောင်များက ပြောသည်။

မိုင်းနားစစ်ရှောင်စခန်းတွင် “ကျမတို့ဆီမှာတော့ အပြင်သွားခွင့်တော့ ပြုသေးတယ်။ နေ့စားသွားလုပ်ခိုင်းတယ်။ အဝင်အထွက် လက်မှတ်ထိုးပြီး သွားရတယ်။ ပြန်လာရင် အပေါက်ဝမှာ လက်ဆေး၊ စစ်ဆေး၊ လက်မှတ်ထိုး ရ တာမျိုးလုပ်တယ်။ အပြင်လူကိုတော့ မပေးဝင်ဘူးပေါ့နော်။ ဒီမှာက အဲ့လိုမျိုး နေ့စားမသွားခိုင်းရင်လည်း မရ ဘူး။ အရင်စဖြစ်တုန်းက အဲ့လိုမျိုးလုပ်တာ အားလုံး ရန်တောင်ဖြစ်တော့မယ်၊ စခန်းကလူတွေက ဘယ်သူက အစားအသောက်ပေးမှာလဲ၊ ငါတို့က အရမ်းခက်လာပြီဆိုပြီး အားလုံး အဲ့လိုပြောတော့ ကျန်းမာရေးအရပဲ ဘယ် လိုမျိုး ကာကွယ်မလဲဆိုတာမျိုး ပြောပြပြီး အလုပ်သွားခိုင်းတယ်” ဟု စစ်ရှောင် ဒေါ်ဂျာနူးမိုင် က ပြောသည်။

ပမ္မတီးစစ်ရှောင်စခန်းတွင် စနစ်တကျ ခြံစည်းရိုးခတ်ထားခြင်းမရှိသည့်အတွက် Camp အား အသွားအလာ ကန့်သတ်ရန် ခက်ခဲသည့်အတွက် ကျန်းမာရေးအတွက် အသိပညာပေးခြင်း၊ စခန်းပြင်ပတွင် အကြောင်း အမျိုမျိုးကြောင့် တစ်ရက်ထက်ကြာ သွားရောက်ပြီး ပြန်လာသူများအား သီးသန့် Quarantine ထားခြင်းများ လုပ်ဆောင်နေသည်ဟု စခန်းတာဝန်ခံ ဦးဘောက်နော် က ပြောသည်။

COVID-19 ကူးစက်ရောဂါ ကာလ ကြာမြင့်လာသည့်အတွက် စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့အပြင် အစိုးရ၏ ထောက်ပံ့ပေးမှုများမှာလည်း လုံလောက်မှု မရှိဘူးဟု “ပိုက်ဆံရှာလည်း မထွက်ရဘူး ဆို တော့ စားဝတ်နေရေးအတွက်ရော အစိုးရကနေ ထောက်ပံ့ပေးရင် ကောင်းမလားလို့ တောင်းဆိုချင်တာပေါ့။
အစက ကျမတို့ကို COVID ကာလမှာ အစိုးရက အဲ့လိုမျိုးပေးတာမရှိဘူး။ WFP ကနေ တစ်သောင်းတစ်ထောင် နဲ့တော့ လုံးဝမလောက်စားဘူး။ ပြောမယ်ဆိုရင် ဒီလို Lock down ကာလမှာဆိုရင် ထွက်လည်း မထွက်ခိုင်း ဘူးဆိုတော့ ကျန်းမာရေးအတွက်ရော အထူးကို လိုအပ်လာမယ်လို့ ထင်တယ်” ဟု ဇီးလွန်စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန် ပြောသည်။

“ကျန်းမာရေးဌာနတွေက IDPs တွေ တကယ်လိုအပ်လာပြီဆိုရင် ဆောင်ရွက်ပေးဖို့ပေါ့နော်။ တောင်းဆိုချင် တယ်။ နောက်ပြီး COVID ကာလ တစ်နေ့နဲ့တစ်နေ့ ပိုဆိုးပြီး ရောဂါကူးတဲ့လူ ပိုများလာတယ်လို့ ကြားသိရ တော့ ကျမအရမ်းစိုးရိမ်တယ်။ တကယ့် တကယ် Camp မှာ တစ်ယောက်ယောက် ဖြစ်သွားပြီးဆိုရင် တစ်နာရီ အတောအတွင်းမှာ အားလုံးဖြစ်နိုင်တယ်။ အဲ့ဆို ကျန်းမာရေးဌာနက အဆင်သင့် ဦးစားပေးဆောင်ရွက် ပေး မယ် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်။”

စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) နံနက်ပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၆၃ ယောက် ထပ်မံတွေ့ ရှိထားပြီး တစ်နိုင်ငံလုံး ရောဂါပိုး ကူစက် ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၀၅၈ ဦး ရှိသွားပြီဖြစ်သည်။

အားမီ(NMG)-ရေးသည်။