ပြည်နယ်အစိုးရရုံးရှေ့ ရခိုင်အရေး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

0
224

၉ စက်တင်ဘာ ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ အင်တာနက်ပြန်ဖွင့်ပေးဖို့ အပါအဝင် ပြည်နယ်အစိုးရကို အလိုမရှိကြောင်းကို ယနေ့ (စက်တင်ဘာလ ၉ ရက်) နေ့လည် ၁၂ နာရီခန့်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားသုံးဦး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ယင်းသုံးဦးတို့မှာ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည် ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် စစ်တွေကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်တို့ ဖြစ်ကြသည်။

၎င်းတို့သုံးဦးသည် “ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ၊ သွေးစွန်းတဲ့ အစိုးရအလိုမရှိ၊ ပြည်နယ်အစိုးရအား အလိုမရှိ၊ လူသတ်စစ်တပ် အလိုမရှိ၊ 4G အင်တာနက်ပြန်လည်ရရှိရေး” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ခိုင်ရိုးလ (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here