“ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင် ဘယ်လိုမှ ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး” ဦးကျော်ထင်အောင် (ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ၊ ကယား( ကရင်နီ ) ပြည်နယ်)

0
226

ကယား( ကရင်နီ ) ပြည်နယ် ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ဦးကျော်ထင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၁၁ စက်တင်ဘာ ၂၀၂၀
လက်ရှိအစိုးရလက်ထက်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နယ်ပယ်ဒေသအသီးသီး၊ ရှုထောင့်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှုများ ရှိနေပါတယ်။ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုရှိပါသလဲ။ ကရင်နီလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNPP နဲ့ အစိုးရ၊ တပ်မတော်အကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေက ဘယ်အဆင့်မှာ ရှိနေသလဲ စတာတွေကို ကယား( ကရင်နီ ) ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူတစ်ဦးြဖစ်တဲ့ ဦးကျော်ထင်အောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ နှစ်ဖက် သဘောတူညီချက်တွေကို ချိုးဖောက်တာတွေ၊ လက်ရှိစိုးရလက်ထက်မှာ မလေးစား မလိုက်နာတာတွေ ရှိတယ်လို့ သုံးသပ်သွားတယ်။ ဆိုတော့ ဘာတွေ ချိုးဖောက်သွားတာလဲ။

ဖြေ ။ ။ KNPP ကနေပြီးတော့ ၂၀၁၂ မတ်လ ၁ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးတဲ့ အချက် ၂၀ ထဲမှာ ပါဝင်တဲ့ စီမံကိန်းကြီးတွေကို ယာယီ ရပ်ဆိုင်းထားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ တကယ်တမ်းကျတော့ ပြည်ထောင်စု အဆင့်အနေနဲ့ ပထမ အကြိမ် ၂၀၁၂ ဇွန်လမှာ ချုပ်ဆိုတဲ့ နေရာမှာ သဘောတူညီချက် အမှတ် ၆ မှာဆိုရင် ရွာသစ် စီမံကိန်းကဲ့သို့ စီမံကိန်းကြီးတွေပေါ့။ ရွာသစ် စီမံကိန်းကြီး အပါအဝင် အကြီးစား စီမံကိန်းတွေကို ယာယီ ရပ်ဆိုင်းထားရမယ်။ တကယ်တမ်း ဒီအပေါ်မှာကို လူထုတွေ အများပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေကိုလည်း လေ့လာခွင့် ပေးရမယ်။ ပွင့်လင်းမြင်သာစွာနဲ့ကို ချပြရမယ် ဆိုတာတွေ ပါတယ်။ အဲဒီ ဥစ္စာကိုပဲ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ်မှာ ဆိုရင်လည်း ထပ်ပြီးတော့မှကို ထည့်သွင်းထားတယ်ပေါ့။ အဲ့တော့ အကြီးစား စီမံကိန်းကြီးတွေကို အများပြည်သူလူထုကို ချပြဖို့ မပြောနဲ့ သိတောင် မသိလိုက်ပဲနဲ့ကို ဒါက အစိုးရတွေက သဘောတူ ခွင့်ပြုလိုက်တာမျိုးတွေ ရှိတယ်။

စီမံကန်း တစ်ခု လုပ်မယ်ဆိုရင် ကြိုတင် အသိပေး အကြောင်းကြားပြီးတော့မှ ဒေသခံတွေရဲ့ သဘောထားသတ်မှတ်ချက် ရယူရမယ်ဆိုတဲ့ FPIC ပေါ့နော အဲ့ဒါတွေကလည်း မလုပ်ဆောင်ဘဲနဲ့ကို ပြည်နယ် အစိုးရအနေနဲ့ ကန့်ကွက်ရာ မရှိကြောင်း ဆိုပြီး သဘောတူလိုက်တဲ့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကနေပြီးတော့မှ ခွင့်ပြုလာတာတွေကလည်း ရှိနေတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ဒါသည် လက်ရှိ နှစ်ဖက် သဘောတူညီထားတဲ့ ပြည်ထောင်စုအဆင့် ပထမ အကြိမ်ရော၊ ဒုတိယ အကြိမ်ရောကို ပြည်ထောင်စုအစိုးရကနေပြီးတော့ ကျော်လွန် ချိုးဖျက်လိုက်သလို ဖြစ်ပြီးတော့ တကယ်တမ်း ပွင့်လင်းမြင်သာမှုလည်း မရှိတဲ့ အခြေအနေနဲ့ကို သွားနေတာဆိုတော့ ဒါသည် ကျနော်တို့အနေနဲ့ကတော့ မဖြစ်သင့်ဘူး ဒါတွေက လက်ရှိအချိန်ထိ ပြည်ထောင်စု အဆင့် သဘောတူညီထားတာပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင် လေးစားလိုက်နာရမယ်လို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။

မေး ။ ။ နောက်တစ်ခုက မြေမြုပ်မှိုင်းတွေကိုလည်း ရှင်းလင်းဖို့ သူတို့ သဘောတူညီခဲ့ကြတယ်။ အဲ့ဒါတွေကို အခုလက်ရှိမှာ သူတို့ ဘာတွေ ဆွေးနွေးပြောဆိုထားတာတွေ ရှိလဲ။ ဘယ်လို အခြေအနေရှိလဲပေါ့။

ဖြေ ။ ။ လက်ရှိကာလ ဒီအပစ်ရပ်ကာလဖြစ်ပြီးတော့မှကို ဒီအပစ်ရပ်ကာလမှာ အခြေအနေပေါ်မူတည်ပြီးတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးသွားရမှာ မိုင်းရှင်းလင်းရေးတို့၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးတို ့ဆိုပါပါတယ်။ သို့သော်အခုအချိန်ထိ ယုံကြည်မှု တည်ဆောက်မှု အပိုင်းကို အားနည်းနေတယ်လို့ပဲ ကျနော်တို့ တော့ သုံးသပ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ နှစ်ဖက်လုံးကလည်း မိုင်းရှင်းလင်းရေး ကို စနစ်တကျ ပူးတွဲလုပ်ဆောင်တာတို ့၊ တစ်ဖက်ချင်းစီကနေ ဖော်ဆောင်တာတို ့ဆို တာမျိုးကို ကျနော်တို့ မတွေ့ရသေးသလို ဂုဏ်သိက္ခာရှိစွာနဲ့ ၁၉၉ဝကျော်ကာလ ကျနော်တို ့ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်စခန်းရောက်ရှိနေတဲ့ တိုင်းရင်းသားတွေပြန်လည်နေရာချထားရေးနဲ့ ဒီမှာဂုဏ်သိက္ခာရှိစွာ ပြန်လာရေးဆိုတာကလည်း အခုချိန်ထိ အကောင်အထည် မဖော်နို်င်သေးတဲ့အခြေအနေကို ကျနော်တို့ တွေ ့နေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကတော့ သူတို ့ရဲ ့မိုင်းတွေဟာ စွန် ့လွှတ်မိုင်းတွေပဲ ဖြစ်တဲ့အတွက် ၂နှစ်ထက်တော့ ပိုမခံဘူး။ အလွန်ဆုံး တစ်ချို ့မိုင်းတွေဆိုရင်တော့ ၃နှစ်လောက် ခံရင်ခံမယ်ဆိုတော့ အခုလက်ရှိလက်မှတ်ထိုးထားတာ ၈နှစ်ဆိုတဲ့အတိုင်းအတာမှာကတော့ မိုင်းတွေကတော့ အသက်မရှိတော့ဘူးလို့ ပြောသော်လည်း တပ်မတော်ဘက်က ထောင်ထားတဲ့တချို့မိုင်းတွေဆိုရင် ဒါ၂၀၁၈အထိ ကွဲနေသေးတာတွေလည်း ကျနော်တို့ကြားနေရတယ်။ သိနေရတယ်ပေါ့နော်။

ဆိုတော့ အချို့သော တာဝါတိုင်အောက်တွေမှာ၊ အချို ့သော တောလမ်းကြောင်းတွေမှာ၊ စစ်စခန်းတွေမှာသာလျှင် အသက်ရှိနေအုံးမယ်ဆိုရင်တော့ ဒီမိုင်းတွေရဲ ့အသက်ဝင်နေမှုကြောင့်မို ့လို ့ကို ကျနော်တို ့ဒေသခံလူထုတွေရဲ့ လုပ်ကိုင်ရှာဖွေစားသောက်တဲ့ အခြေအနေကတော့ ကျုံ ့နေသေးတဲ့အခြေအနေ ဖြစ်တယ်ပေါ့။ တကယ်ကယ်တမ်းသာလျှင် ဒါတွေကိုရှင်းပေးမယ်ဆိုရင်တော့ ကျနော်တို ့လူထုတွေအနေနဲ ့ တောတောင်တွေထဲမှာ အသက်မွေးဝမ်းကြောင်းအရ လုပ်ကိုင်ရှာဖွေစားသောက်ဖို ့အတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ ပိုမိုလုံခြုံတဲ့အခြေအနေ ရှိပါလိမ့်မယ်။ လက်ရှိ ကာလမှာကတော့ စနစ်တကျရှင်းလင်းရေးကိုတော့ မဖော်ဆောင်သွားတဲ့အတွက်ကြောင့်မို ့လို ့ကိုတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပိုင်းမှာတော့ နည်းနည်းလေးတော့ စိုးရိမ်စိတ်တွေတော့ရှိနေသေးတယ်ပေါ့ သို့သော်နှစ်ကာလ ကြာတာဖြစ်တဲ့အတွက်ကြောင့်မို့ အချို ့သော နေရာတွေမှာ ဒေသခံလူထုတွေကတော့ သွားလာမှုတွေရှိနေပြီ ဖြစ်ပါတယ်။

မေး။ ။သူတို ့သဘောတူညီချက်ထဲမှာ KNPP က တရားမဝင်အသင်းအဖွဲ့မှ ပြန်ရုတ်သိမ်းပေးဖို့ ဆိုတဲ့ဟာ သဘောတူခဲ့တာလားဆရာ။

ဖြေ။ ။ မတူခဲ့ပါဘူးခင်ဗျာ။ မရုတ်သိမ်းပေးသေးပါဘူး။ ဒီ ၂၀၁၂၊ မတ်လ ၁ရက်နေ ့မှာ တောင်းဆိုတဲ့အချက်ထဲမှာ ပါတယ်ပေါ့နော်။ တကယ်တမ်း ညှိနှိုင်းဆွေးနွေးဖို့နဲ့ တကယ့်ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက်နဲ့ တကယ်လုပ်ကိုင် ဆောင်ရွက်မှုတွေအတွက်ဆိုရင်တော့ ဒီစစ်အစိုးရလက်ထက်က သတ်မှတ်ထားတဲ့ တရားမဝင်အသင်းဆိုတာမျိုးကို ရုပ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိကိုတော့ ဒီအစိုးရကရော၊ တပ်မတော်ကရော ထုတ်ပြန်ကြေညာလာတာ မရှိသေးပါဘူး။ လက်ရှိပြောရမယ်ဆိုရင်တော့ KNPP ကို တရားမဝင်အသင်းအဖွဲ့အနေနဲ့ပဲ ထားထားတယ်ဆိုရင်တော့ တကယ်တမ်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလိုတဲ့လူတွေအနေနဲ ့ အခက်အခဲအဟန် ့အတားတစ်ခု ရင်ဆိုင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင်အသင်းနဲ ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပုဒ်မ(၁၇/၁-၁၇/၂)ဆိုတာတွေက ထောင်ဒဏ်(၂)နှစ် အထိအပြစ်ပေးလို ့ရနေတဲ့ ပုဒ်မဖြစ်ပါတယ်။

သို့သော် ဒီအပေါ်မှာကိုတော့ ၈နှစ်တာကာလမှာ ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ပြီးတော့မှ လုပ်ဆောင်ကူညီနေတဲ့ လူတွေအပေါ်မှာကိုတော့ အရေးယူခြင်းတော့မရှိဘူး။ ငြိမ်းချမ်းရေးအကျိုးအတွက်ကို လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ ့ကိုတော့ တရားစွဲဆိုမှုတို့၊ အရေးယူတာတို့ မရှိပေမယ့် ဥပဒေကြောင်းဆိုင်ရာအရကတော့ တကယ်တမ်းတော့ ပယ်ဖျက်ပေးလိုက်ရင်တော့ တကယ့်ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ လူတွေအတွက် ပိုပြီးတော့စိတ်ပိုင်းဆိုင်ရာအရ အားပိုကောင်းပါလိမ့်မယ်။ ပိုမိုပြီးတော့မှ ချိတ်ဆက်ဆောင်ရွက်မှုတွေကို အားထည့်နို်င်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ ဒီလိုမရုတ်သိမ်းပေးသေးတဲ့အတွက်ကြောင့်မို ့လို ့ကို တကယ်တမ်း ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့အတွက် ချင့်ချိန်ပြီးတော့မှ လုပ်ရတာတွေဖြစ်တဲ့အတွက် တကယ့်ငြိမ်းချမ်းရေးအတွက်ဆိုရင် တချို ့အပိုင်းတွေမှာဆိုရင် အားမကောင်းတဲ့ အခြေအနေမျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

မေး။ ။ သူတို့နှစ်ဖွဲ့ကြားမှာ ဒေသဖွံ့ဖြိုးရေးကတော့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အသင့်အသင့်ရှိတယ်လို့ ဆရာပြောသွားသလိုပဲ။ ဘာတွေ ဖြစ်မလဲဆရာ။

ဖြေ။ ။ ဟုတ်ကဲ့ ဒေသဖွံ့ ဖြိုးရေးပိုင်းဆိုင်ရာတွေမှာဆိုရင် နကိုယ်တုန်းက သွားလာဖို့ အတွက် အညိုရောင်၊ အနက်ရောင် သတ်မှတ်ထားခဲ့တဲ့နယ်မြေတွေက အခုဆိုရင် ဒါက တော်တော်များများမှာကို အသိပေးအကြောင်းကြားပြီးတော့ လက်နက်ကိုင်ဆောင်သွားတာတွေလည်း ရှိသလို၊ တစ်ချို ့မှာတော့ လက်နက်မပါဘူးဆိုရင် လွှတ်လပ်စွာသွားလာမှုတွေလည်း ရှိသွားတယ်။ လူထုတွေအနေနဲ ့ဆိုရင်လည်း သွားလာကူးသန်းမှုတွေရှိလာတဲ့အတွက် လမ်းဖောက်၊ တံတားဆောက်တွေကလည်း တော်တော်လေးကို အပစ်ရပ်ကာလ ၂၀၁၂နောက်ပိုင်းမှာ လုပ်ဆောင်လာနို်င်တာကိုတွေ ့တယ်။ အခြားသော ဒေသဖွံ ့ဖြိုးရေးဆိုင်ရာအရ CSOsတွေ၊ INGOတွေ၊ NGOs တွေကလည်း တစ်ချို ့သော လက်နက်တွေရဲ့ စိုးမိုးနယ်မြေ၊ ကျေးရွာတွေအထိကို ဝင်ရောက်လုပ်ကိုင်ခွင့်တွေရနေပြီပေါ့နော်။ အဲ့အတွက်ကြောင့် ကျနော်တို့ဒေသဖွံ့ဖြိုးရေး တွေမှာ အနည်းအကျဉ်းကို လုပ်ကိုင်ဆောင်ရွက်မှုတွေ ရှိလာသလို သက်ဆိုင်ရာရပ်ကျေးတွေမှာကလည်း ဖွံ ့ဖြိုးရေးဆိုင်ရာတွေအရ ချိတ်ဆက်ပြီးတော့မှ သွားနေတဲ့ အပိုင်းလေးတွေကလည်း အဆင်ပြေလာကြတယ်။ အစိုးရဌာနပိုင်းဆိုင်ရာအချို့ကလည်း တစ်ချို့ နကိုယ်လှည့်မကြည့်ခဲ့တဲ့ရွာတွေကို အခု အနည်းငယ်ထည့်သွင်းပြီးတော့မှ လုပ်ဆောင်ပေးလာတာမျိုးတွေလည်း တွေ့ရတာဖြစ်တဲ့အတွက် ဒီအပစ်ရပ်ကာလ ၂၀၁၂နောက်ပိုင်းမှာတော့ ဒေသဖွံ ့ဖြိုးရေးတွေကတော့ တိုးတက်လာတယ်လို့ပဲ သုံးသပ်ပါတယ်။

မေး။ ။ ဒီပြည်နယ်အဆင့်မှာ အစိုးရနဲ့ ပုံမှန်တွေ့ ရမယ်ဆိုတာတွေ သဘောတူညီခဲ့ကြတယ်ပေါ့နော်။ ဆရာအခုနပြောသွားတာ အရပ်သားတွေရေးထားတဲ့ ကိုယ်စားလှယ်တွေက မပါဘဲနဲ့ ဒီလိုမျိုး ထွေအုပ်တို့၊ စစ်တပ်ဘက်က ဝန်ထမ်းတွေတို့ပဲတက်ရောက်နေတယ်ဆိုတော့ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုဖြစ်သင့်လဲ ဆရာ။

ဖြေ။ ။ တကယ်တမ်း ပြည်နယ်အစိုးရကနေ တာဝန်ရှိသူတစ်ဦးက အနည်းဆုံးတော့ ပါရမှာပေါ့။ ဒါပေမယ့် ပြည်နယ်အစိုးရထဲမှာ ပါတယ်ဆိုတဲ့ လုံခြုံရေးနဲ့နယ်စပ်ဝန်ကြီးကိုပဲ တာဝန်ပေးတာမျိုးတွေဖြစ်သွားတယ်။ ဒါ့အပြင် အခြားသော ဝန်ကြီးချုပ်မဟုတ်ရင်တောင် ဝန်ကြီးတစ်ဦးဦး ပါရမယ်၊ အရပ်သားတွေကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကနေတစ်ဆင့် ဝန်ကြီးဖြစ်သွားတဲ့လူတွေ ပါရမယ်ဆိုပေမယ့်လည်း ပြည်နယ်အစိုးရအဖွဲ ့အတွင်းရေးမှူးဆိုတဲ့ ရုံးပိုင်းဆိုင်ရာဝန်ထမ်းပေါ့နော် အဲဒါကလည်း များသောအားဖြင့် တပ်မတော်ဘက်ကနေပြီးတော့ အရပ်ဝတ်လဲပြီးတော့မှ တာဝန်ထမ်းဆောင်တဲ့ သူတွေပဲ ဖြစ်တာမို့လို့ ဒီ (၃)ဦးစီတွေ့စုံတဲ့ပွဲတွေမှာ အရပ်သားပိုင်းမပါဘူးဆိုတဲ့ အသံတွေကို ကြားရပါတယ်။ အခုဆိုရင်လည်း ပုံမှန်တစ်လတစ်ကြိမ်တွေ့စုံဖို့ ပြောဆိုထားကြပေမယ့်လည်း (၃-၄)လမှ တစ်ကြိမ်လောက်၊ တစ်ကြိမ်ဆိုပေမယ့်လည်း သိပ့်ပြီးတော့မှ အထူးအထွေမဟုတ်ပဲနဲ့ ဒေသအတွင်းဖွံ ့ဖြိုးရေး အနည်းငယ်လောက်ပဲ ပြောဆိုဆွေးနွေးနို်င်ပြီးတော့မှ တကယ့်ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆိုင်ရာတွေ၊ ကျန်တဲ့ညှိ နှိုင်းမှုဆိုင်ရာတွေဆိုတာမျိုးကို ဆွေးနွေးနို်င်စွမ်းမရှိတာကိုတွေ ့ရတယ်။ ဒါသည် ပြည်နယ်အစိုးရအဖွဲ ့မှာရှိနေတဲ့ လူတွေရဲ ့ငြိမ်းချမ်းရေးပေါ်မှာ မသိနားမလည်မှုတွေ၊ သူတို့ကိုယ်တိုင်က ဒါနဲ့ပတ်သတ်ပြီး အတွေ့အကြုံပိုင်းဆိုင်ရာအရရော၊ ဗဟုသုတပိုင်းဆိုင်ရာအရရော မရှိမှုကြောင့်လို့ တာဝန်မယူရဲတဲ့အတွက်ကြောင့် မလုပ်ဘူးလို့ပဲ ကျနော်တို့အနေနဲ့က မြင်ပါတယ်။

မေး။ ။ အတွေ့အကြုံကို ပြောရမလား၊ ဒါမှမဟုတ်ရင် ဗဟိုက ထိန်းချုပ်နေတာကြောင့်လား။ ဆရာအမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ အချို့သောကိစ္စရပ်တွေကို ဒီ NRPC ပြည်ထောင်စုအဆင့်ကိုပဲ များသောအားဖြင့် ဘော်လီဘောပုတ်တယ်ပေါ့နော်။ ဒါပေမယ့် တကယ်တမ်းက မြေပြင်အခြေအနေတွေမှာ တစ်ချို့တွေကတော့ ပါကို ပါဝင်ရမှာပဲ ဖြစ်ပါတယ်။ အရပ်သားရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေ ဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ် ပါရမယ်။ တကယ်တမ်းပြောရရင်တာ့ တာဝန်ရှိတာက ပြည်နယ်အကြီးအကဲလို့ နာမည်ခံထားတဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ တကယ်တမ်းသူဦးဆောင်ရမယ့် ကဏ္ဍတွေမှာဆိုရင် သူ့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းတွေမှ အားနည်းပြီးတော့မှ ကျန်တဲ့လူတွေကိုပဲ စေလွှတ်တာတွေဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်ကိုပဲ ဘော်လီဘောပုတ်ခြင်းသည် အချို့အပိုင်းကတော့ အဆင်ပြေပေမယ့်၊ တစ်ချို့ အပိုင်းကတော့ အဆင်မပြေမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအတွက်ကြောင့် တကယ်တမ်း ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့်အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကိုငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေ ပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ ့တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here