“ငြိမ်းချမ်းရေးကို မြန်မြန်တော့ ရချင်တာပေါ့။ ဒါပေမယ့် မြန်မြန်ဆိုပေမယ့်လည်း လောလို့ မရဘူး။ သို့သော်လည်း ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တဲ့ဟာကို အချိန်ဆွဲတာကလည်း အဆင်မပြေဘူး” ဒေါက်တာ ဒေါ်ခင်စည်သူ ( ပြည်သူ့လွတ်တော်ကိုယ်စားလှယ် )

0
276

ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးခရီး နီးသလား၊ ဝေးသလား

၁၄ စက်တင်ဘာ ၂၀၂၀

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဟာ ၂၀၁၂ ကတည်းက အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ KNPP အနေနဲ့ လက်ရှိမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးရသေးပါဘူး။
အပစ်အခတ်ရပ်စဲရေးယူ ပြီးတဲ့နောက်ပိုင်းကစပြီး ကယား(ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲတွေပြန်မဖြစ်တော့ပါဘူး။ သတိပေးပစ်ခတ်မှု နဲ့ KNPP ရဲဘော်အပါအဝင် အရပ်သားတဦး အသတ်ခံရတာက လွဲရင် ကြီးကြီးမားမား တိုက်ပွဲတွေဖြစ်တာမျိုး မတွေ့ရသေးတာပါ။
လက်ရှိ ပြည်နယ်တွင်းငြိမ်းချမ်းရေး အခြေအနေကို ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြားသောလက်နက်ကိုင် အဖွဲ့ အစည်းတွေတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။


ဦးကေ့ရယ် (ဒေါတမကြီးကျေးရွာအုပ်စု ၊ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူ)

ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုဖြစ်လဲဆိုရင် ကယားပြည်နယ်မှာဆိုရင် ကျနော်တို့တွေ့နေရတဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ့်ဖြစ်ဖြစ်၊ သတ္တုသန့်စင်စက်ရုံတည်ဆောက်တာပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ ကျနော်တို့တောင်သူလယ်သမား ဖမ်းခံရပြီးတာ့ ထောင်ချခံရတာပဲဖြစ်ဖြစ် စတဲ့ အကြောင်းအရာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှောက်နှေးသွားတယ်လို့ ကျနော်မြင်တယ်။ အဲ့ဒီအပြင် ကျနော်တို့ကလူငယ်နဲ့ပူးပေါင်းပြီးတော့မှ ဆန္ဒထုတ်ဖော်တာတွေရှိခဲ့တယ်။ အဲ့တော့ပြသာနာတွေကလည်း အဖြေရှာနိုင်ဖို့အားနည်းလာတယ်။ အဲ့တော့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက်က မကြာခဏဆိုသလို KNPP တို့နဲ့ဆွေးနွေးမှုတွေအားနည်းလာတယ်။ ကျနော်တို့ပြည်နယ်မှာ။ ကျနော်ရဲ့အမြင်က ပြသာနာတွေက အများကြီးဒီလိုဖြစ်နေတဲ့အခါကျတော့ ကယားပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က နှောက်နှေးတယ်။


စေားအယ်ကလူ (ကရင်နီပြည် လူမျိုးစုလူယ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်)

လက်ရှိငြမ်းချမ်းရေးနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုပ်သွားတဲ့အဖွဲ့တွေကတော့ကောင်းပါတယ်။ ကျနော်တို့လည်းအားပေးပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့။ ဒါပေမယ့်တစ်ခုက ကျနော်တို့ပြည်သူဖက်ကိုပြန်ကြည့်မယ်ဆိုရင် တစ်ချို့သူတွေကတော့ပြောပါတယ်၊ ငြိမ်းချမ်းရေးပြီတဲ့။ တစ်ကယ်တမ်းငြိမ်းချမ်းရေးဆိုတာ ကျနော့်ရဲ့သဘောထားနဲ့ကြည့်မယ်ဆိုရင် နှစ်ပိုင်းရှိတယ်ပေါ့နော်။ ပထမတစ်ပိုင်းကတော့ ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု ပြီးတော့ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုဆိုပြီးတော့မှ အဲ့လိုမျိုးနားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာငြမ်းချမ်းရေးနဲ့ကြည့်မယ်ဆိုရင် ဥပမာဖွံဖြိုးတိုးတက်မှုကဘယ်လောက်ရှိပြီလဲ။ လမ်းတွေကောင်းလာတယ်။ ဒါပေမယ့် စိတ်ပိုင်းနဲ့ပြန်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာက ဘယ်လောက်ငြိမ်းချမ်းရေးရပြီလဲပေါ့။ ဥပမာ ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် လမ်းသွားလမ်းလာအဆင်ပြေပြီလားပေါ့။ စိတ်လွတ်လပ်စွာနဲ့သွားလာနိုင်ပြီလား ဆိုတဲ့အချက်ကိုကြည့်ရမယ်။ နောက်တစ်ခုက အရင်ခေတ်ကပေါ့နော်။ အရင်ခေတ်ကဘိုးဘွားတွေကပြောလိမ့်မယ်။ လွတ်လွတ်လပ်လပ်သွားလာပြီး လုပ်ကိုင်စားသောက်နိုင်ရင် အဲ့တာသူတို့အတွက်ငြိမ်းချမ်းရေးပဲ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ခေတ်တုန်းကဆိုရင် ပေါ်တာတွေဘာတွေထမ်းရတယ်။ ငြိမ်းချမ်းရေးမရှိတဲ့အတွက်ကြောင့်မို့လို့။ အခုဆိုရင်သူတို့လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်စားသောက်နိုင်ပြီဆိုတော့ အဲ့တာသူတို့အတွက်ငြိမ်းချမ်းရေးရပြီပေါ့နော်။ ဒါပေမယ့်ကျနော့်အမြင်နဲ့ကတော့ ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုကို ကြည့်မယ်ဆိုရင်တော့ အဲ့မှာငြိမ်းချမ်းရေးကဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာလို့ရပါတယ်။

အယ်ဒီးနာ (ကရင်နီလူမျိုးစုလူငယ် ဦးဆောင်ကော်မတီ)

ပြည်နယ်အဆင့်မှာကျတော့ အကယ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ NCA လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင်၊ လျှောက်နိုင်မယ်ဆိုရင်၊ အဲ့တာကလုပ်ဆောင်သင့်တဲ့အရာပေါ့နော။ အများသွားသလိုမျိုးလုပ်ဆောင်နိုင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် NCA ထဲမှာအခွင့်အရေးတွေအများကြီးရှိတယ်။ အဲ့ဒီအခွင့်အရေးထဲမှာမှ လက်ရှိအခြေအနေဆိုရင် ကျမတို့ပြည်နယ်မှာ NCA လက်မှတ်မရေးထိုးထားသေးတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုရဲ့အခွင့်အရေးကို ဆုံးရှုံးတာတွေ အများရီးတွေ့ရတယ်ပေါ့နော်။ နောက်တစ်ခု ကျမပြောချင်တာက အမျိုးသမီးတွေပေါ့။ ကျမလိုချင်တဲ့ အမျိုးသမီးတွေပါဝင်ခွင့် ငြိမ်းချမ်းရေဖြစ်စဉ်ဟာဆိုရင် အမျိုးသမီးတွေကိုပါဝင်ခွင့်တော့ပေးလိုက်တယ်။ ပါဝင်ခွင့်ပေးတဲ့နေရာက ဘယ်နေရာလဲဆိုရင် ဆွေးနွေးပွဲမှာ သွားရောက်ပြီးမှနားထောင်ခွင့်သာသာလောက်ပဲ။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခွင့်မရှိခဲ့ဘူး။ ကျမလိုချင်တာက လက်ရှိအခြေအနေအရဆိုရင် ကျမတို့အမျိုးသမီးတွေရဲ့အခွင့်အရေးကို ၃၀ ရာခိုင်နှုန်းလို့အော်နေကြတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ကျမအနေနဲ့ပြောချင်တာက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းမပါပဲနဲ့ ဆုံးဖြတ်ချက်ချလို့မရဘူးဆိုတဲ့ဟာမျိုး ကျမလိုချင်တယ်ပေါ့နော်။ အဲ့တာမှကျမတို့ပြောပြောနေတဲ့ အမျိုးသမီးပါဝင်မှုဆိုတာ အကောင်အထည်ဖော်နိုင်မှာပေ့ါ။

ဒေါက်တာ ဒေါ်ခင်စည်သူ ( ပြည်သူ့လွတ်တော်ကိုယ်စားလှယ် )

ကျမတို့ကလည်း ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တော့ ငြိမ်းချမ်းရေးကိုတော့လိုလားတယ်ပေါ့နော။ ငြိမ်းချမ်းရေးကို မြန်မြန်တော့ ရချင်တာပေါ့။ ဒါပေမယ့် မြန်မြန်ဆိုပေမယ့်လည်း လောလို့မရဘူး။ သို့သော်လည်း ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တဲ့ဟာကို အချိန်ဆွဲတာကလည်း အဆင်မပြေဘူး။ အဲ့တာမျိုးကျတော့ ကျမဘဝင်မကျဘူးပေါ့နော်။ အဲ့တော့ နှစ်ဖက်လုံးကိုလည်း မတင်းလွန်းနဲ့ပေါ့။ တင်းလွန်းရင်လည်းပြတ်တတ်တယ်ပေါနော်။ အဲ့တာကြောင့်မလို့ ဟိုဖက်ဒီဖက်လိုက်လျောနိုင်တဲ့ဟာမျိုး တစ်ဖက်ကလည်းအခွင့်အရေးမယူနဲ့ပေါ့။ ဟိုဖက်ကလည်းအခွင့်အရေးမယူနဲ့ ပြည်သူလူထုမျက်နှာထောက် ပြည်သူလူထုကို ဝန်မပိစေနဲ့ ပြည်သူလူကောင်းစားဖို့ ပြည်သူလူထုအကျိုးရှိဖို့ကိုပဲ လုပ်စေချင်တယ်လေ။

ဦးမိုက်ကယ် (KNPDP (ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်)

လက်ရှိကျနော်တို့ NCA အပစ်ခတ်ရပ်စဲရေး​အောင်မြင်ဖို့ဟာ ကရင်နီပြည်ဆိုတဲ့ကယားပြည်နယ်မှာရှိတဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒီ KNPP ကိုဝိုင်းဝန်း ဝန်းရံကူညီ အကြံပေးဉာဏ်ပေး။ ထိုနည်းတူပြည်သူနဲ့လက်တွဲ အကြံပေးအကြံယူ လုပ်ဆောင်သွားရင် ပိုမိုမြန်မြန်ထိရောက်တယ်။ နောက်တစ်ခါကျနော်တို့ နယ်မြေထဲမှာ စစ်ရေးစိတ်ဒဏ်ရာတွေ ပပျောက်အောင်လည်း ကျနော်တို့ကသေချာရုစိုက်ထားမှ၊ ပြီးရရှိပြီးဆိုတော့မှ လွန်ခဲ့တဲ့စစ်အာဏာရှင်စနစ်တုန်းက ကျနောတို့လက်နက်ကိုင်အဖွဲ့က စိတ်ဒဏ်ရာတွေကျန်နေတဲ့ ကျေးရွာပြည်သူတွေကိုလည်း ကျနော်တို့ချဉ်းကပ်ပြီးတော့မှ သူတို့ရဲ့စိတ်ဖြေသိမ့်မှုလည်း လိုအပ်မယ်လို့ထင်တယ်။ အဲ့တာမှပဲ NCA အပစ်အခတ်ရပ်စဲရေးကို အထောက်အကူပြုမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးကျနော်တို့လက်ရှိအခု NCA ကာလမပြီးဆုံးသေးပေမယ့်လည်း ပြီးဆုံးအောင်ဆက်လက်သွားရတဲ့အချိန်မှာ ပြည်သူရော လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေဆဲအချိန်မှာ အားလုံးက NCAဆိုတဲ့ ဝေါဟာရတစ်ခုကို ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်မှပဲဖြစ်မယ်။ KNPP ပဲငြိမ်းချမ်းရေးကို ဦးတည်ရုံနဲ့မပြီးသေးဘူး။ အာလုံးဝိုင်းဝန်း ဝန်းရံပေးမှပဲ ပိုမိုအောင်မြင်မယ်လို့ ကျနော်မြင်ထားတယ်။ ကျနော့်ဒေသကို ကျနော်ဒေသန္ဒရအုပ်ချုပ်ရေးတာဝန်ယူဆောင်ရွက်တဲ့အချိန်မှာလည်း အပစ်ရပ်ထားသောအဖွဲ့ဖြစ်စေ မရပ်သောအဖွဲ့ဖြစ်စေ ကျနော်တို့ဒေသဖွံဖြိုးရေးလုပ်ငန်းလုပ်ဆောင်တဲ့အချိန်မှာ အမြင်အားလုံးမတူကြသေးဘူး။ အစိုးရကဦးစားပေးတဲ့အဖွဲ့အစည်းရှိသလို ဦးစားမပေးသေးတဲ့အဖွဲ့လည်းရှိနေဆဲအချိန်မှာ NCA အောင်မြင်ဖို့လည်း ပြည်သူအတွက် အချိန်ကုန်တာပေါ့။

မော်ဦးမြာ (ကန္တရဝတီတိုင်းမ်) – မေးမြန်းစုစည်းသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here