တပ်မတော် စစ်ဗိုလ်များနှင့် KIA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

0
235

တပ်မတော် စစ်ဗိုလ်ချုပ်များ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များ အပစ်ခတ်ရပ်စဲရေး အတွက် တရုတ်နိုင်ငံ တာလီမြို့တွင် သြဂုတ် ၅ ရက်နေ့ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

ဆွေးနွေးပွဲတွင် အစိုးရတပ်မတော်ဘက် တင်ပြချက် ကို KIO ဘက် လက်မခံနိုင်သဖြင့် ပြန်လာခဲ့ရကြောင်း KIO သတင်းတွေအရ သိရပါသည်။

သို့သော်လည်း ၂ ဖက်တပ် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေများကို တရားဝင် ပြောကြားခွင့်မရှိသေးကြောင်း KIO ၏ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ပြောပါသည်။

တပ်မတော် ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ လွန်ခဲ့သည့် ဖေဖော်ရီလ ၁ ရက်နေ့တွင်လည်း တရုတ်နိုင်ငံ တာလီမြို့တွင် တွေ့ဆုံခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် ဇူလိုင် ၂၀ ရက်နေ့တွင်လည်း KIO ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ပါသည်။

KIO သည် NCA အပစ်ရပ်စာချုပ်ကို လက်မခံဘဲ ၁၉၉၄ အစိုးရတပ်နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အတိုင်း ပြန်လည် ဆွေးနွေးသွားမည့် အကြောင်း ပြောဆိုနေခြင်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here