ပြည်တွင်း မြို့ကြီးများ၌ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပသွားမည်

0
227

သြဂုတ် ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားများကို ရန်ကုန်၊ မြောင်းမြ၊ ကန်ကြီးထောင့်၊ ပန်းတနော် စသည့်မြို့ကြီးများတွင် ကျင်းပသွားမည်ဟု အခမ်းအနားဖြစ်မြောက်ရေး စီစဉ်နေသူများက ကေအိုင်စီသို့ အသီးသီးပြောသည်။

အဆိုပါ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး၏ ဇာတိရွာ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂယက်ရွာတွင် ပြုလုပ်သွားမည်ဖြစ်ကာ လူနှစ်ထောင်ခန့် လာရောက် ဂါရဝပြုရန် မျှော်မှန်းထားသည်ဟု ကန်ကြီးထောင့်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ၊ မန်းစန်း ဝင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ မနက်၇ နာရီမှာ အောက်မေ့ဖွယ် ဝတ်ပြုကိုးကွယ်ခြင်းစမယ်။ ၉ နာရီနဲ့၁၀ နာရီကြားမှာ စောဘဦးကြီး အထိမ်းအမှတ် ကျောက်တိုက်မှာ ပန်းခွေချ၊ အလေးပြုမယ်။ ၁၀ နာရီကနေ ၁၂ နာရီအထိ ဟောပြောပွဲ အစီ အစဉ်ရှိတယ်။ ရွာကို လာဖို့ လမ်းကတော့ မကောင်းသေးဘူး။ စက်လှေတွေစီစဉ်ထားတယ်” ဟု ပြောသည်။

အလားတူ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာ စိန်ပေါလ် ဘုရားကျောင်းခန်းမ၌လည်း ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရန်ကုန်မြို့ပေါ်ရှိ ကရင်လူငယ်များ စုပေါင်းကျင်းပသွားရန် စီစဉ်ထားသည်ဟု ဦးဆောင်စီစဉ်နေသူ စောထွန်းထွန်းက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ပြုလုပ်မည့် ကရင့်အာဇာနည်နေ့ အခမ်းအနားနှင့် ပတ် သက်၍ မြောင်းမြမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ မန်းထွန်းလင်းက “ဒီနှစ်က မြောင်းမြ မြို့နယ် သိလ္လာရွာမှာ လုပ်မယ်။ မနက်ပိုင်းက လက်ချည်ပွဲ၊ နေ့လည် ၁ နာရီမှာ အာဇာနည်နေ့ အခမ်းအနား လုပ်မယ်။ မြောင်းမြ ခရိုင်အဆင့်ပါ အိမ်မဲမြို့နယ်နဲ့ပေါင်းလုပ်သွားမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ပန်းတနော်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု ဖြတ်လမ်းကြီးရွာ ၌ ကျင်းပသွားရန်ရှိသလို လက်ပံကုန်း ဘုရားကျောင်းတွင် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းခြင်းနှင့် အမှတ်တရ စကားပြောဆိုခြင်း အစီအစဉ်များ ပြုလုပ်သွားရန်ရှိကာ မြို့နယ် ကရင်ယဉ်ကျေးမှု ပြတိုက်တွင်လည်း အခမ်းအနား ပြုလုပ်သွားရန်ရှိသည်ဟု မြို့နယ် စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် မန်းဝင်းမောင်က ပြော သည်။

၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေ အသီးသီးတွင် အစဉ်အလာအတိုင်း ကျင်းပသွားရန် ရှိသလို အခြား ကရင့်လက်နက်ကိုင်အဖွဲ့ အချို့အ နေဖြင့်လည်း ကရင့်အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် နီးပါးကျင်းပလေ့ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here