စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ပလက်၀မြို့ ဒေသခံပြည်သူများ ရွေးကောက်ပွဲအပေါ် စိတ်၀င်စားမှုနည်းပါးကြောင်း စောင့်ကြည့်လေ့လာသူများ ပြောဆို

အောက်တိုဘာ ၁၂ရက်၊ ၂၀၂ဝပြည့်နှစ်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် လပိုင်းသာလိုတော့သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့န ယ်အတွင်းရှိဒေသခံပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်၀င်စားမှု နည်းပါးသည်ဟု လေ့လာစောင့်ကြည့်သူများကပြောဆိုကြသည်။

ပလက်၀မြို့နယ်တိုက်ပွဲရှောင်နှင့်သဘာ၀ဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီက ပလက်၀မြို့နယ်ပြည်သူများသည် ၀မ်းရေးအတွက် ပူပင်နေကြရပြီး ရွေးကောက်ပွဲထက် ဆန်ရရှိရေးကိုသာ ပိုစိတ်၀င်စားကြသည်ဟု ပြောသည်။

“ရွေးကောက်ပွဲထက်ပြောရမယ်ဆိုရင် ဆန်တွေပြတ်လပ်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲထက် စားရေးက ပိုပြီးတော့ အာရုံစိုက်တာလို့ပြောလို့ရပါတယ်၊ အခုဆိုရင်လည်းပဲ ဒီတိုက်ပွဲရှောင်တွေအတွက် ၀န်ကြီးဦးစိုးထက်ကနေပြီးတော့ တပ်မမှာ ချေးဌားပေးထားတဲ့ဆန်က (၃) ရက်စာပဲပေးနိုင်တယ် ဒီနေ့ဆိုကုန်ပြီ၊ ဒီကြားမှာ အခုဆမီးဘက်က ကားအ၀င်အထွက်က ဘယ်လိုလဲတော့မသိဘူး လုံခြုံရေးကကျနော်တို့မသိဘူး ဒါနဲ့ပဲ ဆမီးဘက်က ကားအ၀င်အထွက်မရှိတဲ့အတွက်ကြောင့် အခုဆန်အခက်အခဲကြုံရတော့ ပြည်သူတွေက ဒီရွေးကောက်ပွဲ မဲဆန္ဒပေးတာထက် ဒီစား၀တ်နေရေးက သူတို့ပိုပြီးတော့ စိတ်ပူတယ်” ဟု ဦးဇာနီကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်၀ြမ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်၀င်ရောက်မှုမရှိတော့သည့်အတွက် ပလက်၀မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ပလက်၀ဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကန့်သတ်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး အသိပညာပေးမှုအားနည်းခြင်းတို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်၀င်စားမှု လျှောနည်းလာပြီး နေ့စဉ်စား၀တ်နေရေးအတွက်ကိုသာ စိတ်ပူနေကြသည်ဟု ပလက်၀မြို့နယ် ချင်းအမျိူးသမီးအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကပြောသည်။

“ပလက်၀အတိုင်းအတာမှာတော့ တစ်ချို့က စိတ်၀င်စားတယ် တစ်ချို့ကတော့ စိတ်မ၀င်စားဘူး၊ နိုင်ငံရေးပါတီ တွေကလည်း စည်းရုံးရေးကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မရဘူးလေ၊ ကျမတို့အနေနဲ့ လူငယ်တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့စီစဉ်တယ်ဒါပေမဲ့ တစ်နေရာ နှစ်နေရာလောက်ပဲလုပ်ပေးနိုင်တယ်၊ ကိုဗစ်ကြောင့် လူစုလူေ၀းမရဘူး၊ အသွားအလာကန့်သတ်မှုတွေရှိနေတော့ အခက်ကြုံနေရတယ်၊ ဒီကြားထဲမှာကလည်း ဆန်ပြတ်လပ်မှုကဖြစ်လာတော့ ရွေးကောက်ပွဲပေါ် စိတ်၀င်းစာမှုကနည်းလာကြတယ်၊ ဆန်ရရှိဖို့အတွက် ပူပန်နေကြတယ်’’ ဟု အဆိုပါအမျိူးသမီးကပြောသည်။

ပလက်၀၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

ပလက်၀ဒေသခံ ဦးရောဘာကတော့ ရွေးကောက်ပွဲနေ့တွင် မဲရုံတွင် မဲပုံးများရှိပါက သူ့အနေဖြင့် မဲထည့်ရန်စီ စဉ်ထားကြောင်း ပြောသည်။

“သွားရေးလာရေးကအရမ်းခက်တယ် မလွယ်ဘူး ရွေးကောက်ပွဲအတွက် မဲရုံမှာ မဲပုံးတွေရှိရင်တော့ ပေးကြမှာပေါ့ ဒါပေမဲ့ မဲပုံးရောက်ဖို့အရေးကလည်းမလွယ်ဘူး လမ်းမှာ အမျိုးမျိုးအခက်အခဲနဲ့လေ တပ်ကလည်း မသွားရ ဘာမရနဲ့ AA ကလည်း လမ်းမှာလည်း ဂိတ်ရှိတယ်ဆိုတော့ လမ်းမှာကလည်း တပ်ရော AA ရော ဖြတ်နေရတယ်ဆိုတော့ မဲပုံးကရောက်ဖို့တော့ မလွယ်ဘူး မဲပုံးတွေကလည်း ကုလားတန်မြစ်အကြောင်းအတိုင်း သယ်ရမယ်ဆိုတော့ ကုလားတန်မြစ်ကြောင်းမှာလည်း တပ်ကလည်း ပိတ်တယ်ဆိုတော့ မလွယ်ဘူး၊ မဲစာရင်းတွေတော့ သွားကြည့်တဲ့သူတွေရှိတယ်” ဟု ဦးရောဘာကပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နို၀င်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်၀မြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦး၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

‌လားနွန် (KMG) – ရေးသည်။

 

 

Share me now!