သမိုင်းဝင် ကချင်ပေါင်းစည်းပါတီကြီး အဖြစ် ‘ကချင်ပြည်နယ်ပါတီ KSP’ ကို ထူထောင်

0
271

KIA တပ်မဟာ (၆) တပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းကချင် (၄)ပါတီ KNC၊ KSDP၊ UDPKS၊ KDP ခေါင်းဆောင်များ ကချင်ပြည်နယ်ပါတီ Kachin State Party ကို သြဂုတ်လ (၁၁)၊ ၂၀၁၈ ရက်နေ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် သမိုင်းဝင်ဖွဲ့စည်း။

ကချင်လူထု တိုက်တွန်းမှုနှင့်အတူ ကြိုးစားလုပ်ဆောင်လာသည့် ကချင်ပါတီပေါင်းစည်းရေး ခရီးစဉ်၏ နောက်ဆုံးတွင် ‘Kachin State Party’ ဟူသော နာမည်ဖြင့် အားလုံးသဘောတူပြီး ၎င်း၏ အလံ၊ တံဆိပ် အားလုံးကိုလည်း ယနေ့ သြဂုတ် (၁၁)ရက်နေ့ တွင် သမိုင်းဝင် အတည်ပြုခဲ့ပြီ ဖြစ်ပါသည်။

ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC နှင့် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် UDPKS စသည့် ပါတီ ၄ ခုသည် ၎င်းတို့
ပါတီများကို လုံးဝ ဖျက်သိမ်းပြီး ‘KSP’ ဟူသော ပါတီ သစ်ဖြင့်သာ နိုင်ငံရေး လုပ်ဆောင်သွားရန် သဘောတူခြင်းကြောင့် ဖြစ်ပါသည်။.

ထို့ကြောင့် ပါတီသစ်နှင့်အတူ အလံကို ‘အနီ-အဖြူ-မိုးပြာ ပေါ် အစိမ်းရောင်ကချင်ပြည်နယ်ပုံ’ ဖြင့် ၄ ပါတီ စလုံးမှာ သဘောတူ ထောက်ခံပြီး အတည်ပြုခဲ့ပြီ ဖြစ်ပါသည်။

ပေါင်းစည်းရေး အစီစဉ်ကို လူထုခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော (၁၇)ဦး ကော်မတီမှ ထိန်းသိမ်း ဦးဆောင် ကြီးကြပ်ပေးခြင်းဖြစ်သည်။

အတည်ပြုထားပြီ ဖြစ်သော ပါတီသစ် အကြောင်းကိုလည်း မကြာမီ လူထုထံ ရှင်းလင်းသွားမည် ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ခရီးစဉ်မှာ ၂၀၁၄ မှစတင်ခဲ့သည်ဟု သိရပြီး ရလဒ်မကောင်းခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ နောင်းပိုင်း လူထုဖိအားကြောင့် ပူးပေါင်းရေး အစီစဉ်ကို ပိုမို အားစိုက် ပြုလုပ်လာခဲ့ပါသည်။

ထို့သို့ ၂၀၁၈ ဇန်နဝါရီ (၁၃)ရက်တွင် KDP၊ KSDP နှင့် KNC သုံး ပါတီတို့သည် ပေါင်းစည်းသွားမည်ဟု နားလည်မှု စာချွန်လွှာ MOU ကို မြစ်ကြီးနား YMCA တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်နေ့ မြစ်ကြီးနား မနောကွင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၃ ပါတီအနေဖြင့် ‘Kachin National Congress Party, KNCP’ ဟူသော နာမည်သစ်ကို သဘောတူထားကြောင်း ချပြခဲ့ပါသည်။

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်မှုဖြင့် လူထု နှင့် ပါတီ ညီလာခံ ကို ဇန်နဝါရီ ၁၀ ရက်နေ့ မနောကွင်း Majoi Gawknu ခန်းမတွင် ထပ်မံ ပြုလုပ်ရာ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UDPKS ထပ်မံ
ပါဝင်လာခဲ့ပါသည်။

ကချင်ပြည်နယ် လူထုကို ကိုယ်စားပြုသည့် ပေါင်းစည်းပါတီကြီး ဖြစ်လာရန်အတွက် လူထုခေါင်းဆောင်များ ပါဝင်သော (၁၇)ဦး ကော်မတီကိုလည်း ထိုနေ့တွင်ပင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစတင်ခဲ့ရာ ယနေ့ သြဂုတ်လ (၁၁) ရက်နေ့တွင် သမိုင်းဝင် ပါတီသစ်၏နာမည်၊ အလံ နှင့် တံဆိပ် အားလုံးကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါသည်။

လာမည့် နိုဝင်ဘာ (၃)ရက်နေ့ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ယခု KDP ဥက္ကဌ ဦးကွမ်ကရောင်အောင်ခမ်း ကို ကချင်ပေါင်းစည်းပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဇွန်လ (၅)ရက်နေ့ ရွေးချယ်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here