ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်းထား အနည်းငယ်မြင့်တက်လာဟု MIPS ဖော်ပြ

0
265

လွန်ခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံ တစ်ဝှန်းလုံး၌  လက်နက်ကိုင်ထိတွေ့မှု ၂၇ ကြိမ်၊ လက်လုပ်မိုင်း တိုက်ခိုက်မှုများ ၂ ကြိမ် စုစုပေါင်း လက်နက်ကိုင်ပဋိပက္ခ ၂၉ ကြိမ်ဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် ဇွန်လထက် ဖြစ်ပွားမှုနှုန်းထား အနည်းငယ် မြင့်တက်လာကြောင်း Myanmar Institute for Peace and Security –MIPS ၏ Facebook သတင်းစာမျက်နှာတွင် ဖော်ပြသည်။

MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက် ဒေတာဘေ့စ် Township-based Conflict Monitoring System Database မွတ္တမ်းအချက်အလက်များအရ ပြီးခဲ့သည့် ဇွန်လတွင် လက်နက်ကိုင် ပဋိပက္ခ Armed Incidents ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လတွင် ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်တုိ႔တွင် လက်နက်ကိုင်ပဋိပက္ခ အနည်းဆုံး ၅ ကြိမ်ခန့် ဖြစ်ပွားသဖြင့် အမြင့်မားဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်တွင်လည်း လက်နက်ကိုင်ပဋိပက္ခ အနည်းဆုံး ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း MIPS က ဖော်ပြသည်။

အလားတူ Burma Monitor က ဖော်ပြသော ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲရက်စွဲစဉ်မှတ်တမ်းများတွင် ဖားကန့်မြို့နယ်အတွင်း ဇူလိုင် ၁၄ ရက်နေ့တည်းက စတင်ခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့ေကြာင်း၊ နှစ်ဘက်ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ မသိရကြောင်း KIA ၏ ပြောခွင့်ရ ဗိုလ်မႉးကြီးနော်ဘူမှ ပြောၾကားသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နမ့်အွတ်-နားလေ ကျေးရွာကြား၌ ဇူလိုင်လ ၁၀ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင္စီ (RCSS) နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော် ကျောင်းတိုက်တွင် အိမ်ခြေ ၁၀၂ အိမ် လူဦးရေ ၃၅၇ ယောက်၊ ကုန်းစုံကျောင်းတိုက်တွင် အိမ်ခြေ ၃၀ လူဦးရေ ၉၄ ယောက် ၊ တုံလော ၊ နမ့်လန် နှင့် တခြား ကျေးသီး၊ မိုင်းရယ်၊ မိုင်းကိုင် ဘက်သို့ စစ်ဘေးရှောင်နေရကြောင်း မိုင်းကိုင်မြို့ ပြည်နယ်လႊတ်တော်အမတ် စိုင်းလုံ၏ ပြောကြားချက်ကို Burma Monitor က ဖော်ပြသည်။

ဇူလိုင္လ ၁၆-၁၇ ရက်နေ့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းအဖွဲ့များ တိုက်ပွဲကြောင့် ကျေးရွာ ၁ဝ ရွာခန့်မှ လူဦးရေ ၇၀၀ ထက် မနည်း ထွက်ပြေးခဲ့ရသည်ဟု ရေးသားသည်။

ဇြန္လအတွင်း မြို့နယ်ပေါင်း ၁၁ မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ပဋိပက္ခသင့်နယ်မြေ အတန်ငယ်ကျယ်ပြန့်လာကြောင်း MIPS က သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here