29 March 2024 /

See today's Peace Related News

NLD အစိုးရနှင့် လက်တွဲကာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဥ် တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် (၇)ဖွဲ့ ကြေညာချက်ထုတ်

Photo fppncc.org : liu yun panghkam summit

၂၀ နိုဝင်ဘာ ၂၀၂၀

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရနှင့် တန်းတူညီမျှစွာ ညှိနှိုင်းမှုမှတစ်ဆင့် အမျိုးသားရင်ကြား စေ့ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု FPNCC က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို နို၀င်ဘာလ ၁၈ ရက်နေ့တွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီFPNCC ၏ အမြဲတမ်း ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ၀င် FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ကျွန်ုပ်တို့အ နေ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့နှင့် တန်းတူညီမျှညှိနှိုင်း ဆွေးနွေး မှုအ ပေါ် အခြေပြု၍ ဆက်လက် လက်တွဲကာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တိုးတက်ဖော် ဆောင်ရေး၊ အစိုးရမှ ကတိပြုထားသော တိုင်ရင်းသား လူမျိုးစုဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ဆေးကု သရေးနှင့် ကျန်းမာရေး လုပ်ငန်းစဉ်များ တိုးတက်ဖော်ဆောင်ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုပါသည်” ဟု ထည့်သွင်းထားသည်။

ထို့အပြင် နို၀င်ဘာလ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည် သာမက ၂၀၂၀ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်UEC ၏ တရား ၀င် ထုတ်ပြန်ချက်အရ NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အခွင့်အရေး ရရှိခဲ့သည့်အပေါ် အထူးဂုဏ်ယူ၀မ်းမြောက်ကြောင်း FPNCC က ဆိုသည်။

FPNCC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “ပုံမှန်အရ ပေါ့ဗျာ NLD နဲ့ အနိုင်ရတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေ မဟာမိတ် အဖွဲ့အစည်းတွေ အနေနဲ့ ချီးကျူး ဂုဏ် ပြုပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်ကို ပြောပြတာပေါ့နော်။ ဒါပေမယ့် တကယ်လုပ်ဆောင်ဖို့ ကတော့ FPNCC အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ဆိုရင်တော့ Bilateral ထိုးဖို့လိုတာပေါ့။ KIA၊ TNLA၊ ကိုး ကန့်၊ AA တို့နဲ့ Bilateral ထိုးဖို့လိုတယ်။ အဲဒီ ၄ ဖွဲ့ Bilateral ထိုးပြီးရင် ကျန်တဲ့ ၃ ဖွဲ့နဲ့ ပေါင်းပြီး ၇ ဖွဲ့က နိုင် ငံရေး ဆွေးနွေး ဖို့ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေ ပြလိုက်တာပေါ့။ လောလောဆယ် ဖြစ်နိုင်ခြေ တွေ များနေတာက တော့ ဒီ ၄ ဖွဲ့ Bilateral ထိုးရေးမှာ ပထမတစ်နေတာက AA နဲ့တစ်နေတာ AA တည်ရှိ မှုနဲ့ တစ်နေတာ ဒါပေ မယ့် ဒီ ၁၂ ရက်နေ့က AA နဲ့ တပ်မတော်ကြား အပြန်မလှန်ကြေညာချက် ထုတ်ပြီး တော့ ဒီနေ့ဆို ၈ ရက်ရှိသွားပြီပေါ့နော ဆယ်သုံး ဆယ်လေး ဆယ်ငါး ဆယ်ခြောက် ဆယ်ခုနှစ် ဆယ့်ရှစ် ဆယ့်ကိုး နှစ်ဆယ်ဆို ရှစ်ရက်ရှိပြီ အတွင်းမှာ ရခိုင်မှာ တိုက်ပွဲ မရှိတော့ဘူး နှစ်ဖက်စလုံးက ရပ်ထားတယ် တိုက်ပွဲ လုံး၀မရှိတော့ဘူး အခြေအနေဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဒုတိယ နိုင်ငံရေးမှူး ဦးညီကပ် ဦးဆောင်သည့် အဖွဲ့များနှင့် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြပြီး NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ က ထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ကဏ္႑များတွင် ဖွံ့ဖြိုးတိုးတက် အောင် တပ်မတော်မှ တတ်စွမ်း သရွေ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု အပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော်ဆောင်မှု များတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘ၀ဖွံ့ဖြိုးရေး၊ ထာ၀ရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်” ဟု ပြောဆိုထားကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသား ထုတ်ပြန်ထားသည်။

အဆိုပါ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “UWSA(၀)အဖွဲ့မှ ဒုတိယ နိုင်ငံ ရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များက ကျန်းမာရေးပိုင်း အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်လျက် ရှိပြီး တပ်မတော်မှဆေးအဖွဲ့ဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးမည်ဟု ကြားသိရသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်မှု ရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက် လက်၍လည်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္႑များတွင် တပ်မတော်နှင့် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်” ဟု ထည့်သွင်းထားသည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါ၀င်သည်။

အဆိုပါ အဖွဲ့များမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့မှ ၎င်းတို့အား NCA စာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့များဖြစ် သည်။

အားမီ(NMG)-ရေးသည်။