ပလက်၀မြို့နယ်အတွက် ဆန်အိတ် ၁၇၀၀နှင့် လူသုံးကုန်ပစ္စည်းများ တပ်လုံခြုံရေးဖြင့် ပို့ဆောင်

အောက်တိုဘာ ၁၄ရက်၊ ၂၀၂၀ပြည့်နှစ်။

ဆန်ပြုတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွက် ဆန်အိတ် ၁၇၀၀ နှင့် လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများကို တပ်လုံခြုံရေးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီးမြို့မှ ပလက်၀မြို့သို့ ယမန်နေ့က ပို့ဆောင်ပေးလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီး ဦးစိုးထက်ကေ ပြာသည်။

“အခု ဆန်အိတ် (၁၇၀၀) ဆမီးကနေပြီးတော့ ဆန်ပဲတင်တဲ့ ကား (၁၂) စီး နောက်ပြီးတော့ အခြားလူသုံးကုန်ပစ္စည်း စားစရာတွေ တည်ဆောက်ရေးလုပ်ငန်း ဘီလပ်မြေ သံချောင်းအပါ အဲဒါနဲ့ ကားအစီး (၂၉) စီးနဲ့ မနေ့က ဆမီးကနေ ပလက်၀ကိုသွားပြီ လမ်းမှာ အိပ်တယ် ဒီနေ့တော့ ရောက်လိုက်မယ်ထင်တယ် တပ်ကနေ လုံခြုံရေးအပြည့်အ၀ယူပေးထားပါတယ် ပလက်၀စားရေးရိက္ခာမပြတ်လပ်ဖို့အတွက် ကျနော်တို့ ပြည်သူလူထုလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ ဆန်တွေ ပခုက္ကူက၀ယ်တယ် ပြီးတော့ တောက်လျှောက်ပို့နေတာ နောက်ပြည်ထောင်စု လူကယ်ပြန်ကနေပြီး၀ယ်ထားတဲ့ ဆန်တွေ ကျနော်တို့ ကလေးကနေဆက်တိုက်လည်း ပို့နေတယ် ဒါပေမဲ့ လက်ရှိမှ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးဆိုးရွားတဲ့အတွက် ကားကြီးတွေကသွားလို့မရဘူး ကျနော်တို့ ခြောက်ဘီးတွေနဲ့ပဲ သွားခိုင်းတယ် ၁၀ တန်လောက်ပဲသယ်ခိုင်းတယ် ဆန်ဆက်တိုက်မပြတ်အောင် ကြိုးစားပြီးလုပ်ဆောင်နေပါတယ်” ဟု ၀န်ကြီး ဦးစိုးထက်ကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ပလက်၀၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့် အတွက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ပလက်၀မြို့ဒေသခံအမျိူးသမီးတစ်ဦးက “ အခုစစ်ဘေးရှောင်တွေကို တစ်ယောက်ကို ဟိုတစ်ရက်ကတော့ သုံးရက်စာပေးတယ် အခုက တစ်ယောက်ကို နှစ်ဘူးနှစ်ဘူးပေးတယ်လို့သိရတယ် ၊ ဆန်အိတ်လာပို့တာတော့ အခု ပလက်၀ကိုမရောက်သေးဘူး ဆမီးကနေထွက်လာပြီလို့တော့ သတင်းရတယ်၊ ကျမတို့က ဆန်နဲ့ ပတ်သက်ရင် ဆန်ကို လုံလုံလောက်လောက်ရရှိရေးကိုလိုချင်တယ် လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းကောင်းမွန်မွန်ဖြစ်အောင် စား၀တ်နေရေးမှာလည်း ဆန်ကမပြတ်လပ်အောင်ပေါ့ သူတို့ပေးတာမက ကျမတို့ ဒီလူထုတွေကို ေ၀လိို့ရအောင် ဈေးနှုန်းချိုသာစွာနဲ့ လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ယခုလက်ရှိတွင် ပလက်၀မြို့နယ်အတွင်းက ကျေးရွာ ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ် ကြုံတွေ့နေကြကြောင်းသိရသည်။

လားနွန် (KMG) – ရေးသည်။

Share me now!