“သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာကအစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံး သဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ကျနော်တို့ အတိုင်းအတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ကျနော်တို့ ဆိုနိုင်ပါတယ်” ဦးခါးလီ (KHCC)

0
269

KHCC ပြောရေးဆိုခွင့်ရှိသူ ဦးခါးလီနှင့် တွေ့ဆုံခြင်း

၂၅ရက် နိုဝင်ဘာ ၂၀၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာထဲက ဆယ်နှစ်နီးပါးအကြာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေး KHCC က စတင်လုပ်နေပါပြီ။ လုပ်ငန်းစဉ် အသေးစိတ် ဆောင်ရွက်နေမှု၊ အခုလက်ရှိမှာ ဘာတွေလုပ်နေပါလဲ၊ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ မိသားစုဝင်တွေ ဘယ်လောက်ရှိနေလဲ၊ ဘယ်စစ်ရှောင်စခန်းထဲက လူတွေလဲ။ နေရပ်ပြန်ကြမယ့် စစ်ရှောင်တွေရဲ့ လုံခြုံရေးကရော ဘယ်လောက်အထိ စိတ်ချရပြီလဲ။ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေလုပ်ပေးမှာလဲ စတဲ့ အကြောင်းအရာတွေကို ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခါးလီကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ကချင်စစ်ရှောင်တချို့ နေရပ်ပြန်ဖို့ စတင်ဆောင်ရွက်နေပြီလို့ ကြားရတယ်။ အခု ဘာတွေ စလုပ်နေပြီလဲ။

ဖြေ – အရင်ကလည်း စာရင်းစီစစ်တာလောက်တော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ကျတော့ Camp (စစ်ရှောင် စခန်း) လည်း များတော့လေ။ ဒီနေရာမှာပဲ ကိုယ့်ရဲ့ ရွာမှာပဲ နေရပ်ပြန်နိုင်ပြီဆိုတဲ့ သဘောမျိုးလည်း ကိုယ့်ရဲ့ ရွာ မှာ ပြန်လို့ နေလို့ရအောင် သဘောမျိုးလည်း သက်ရောက်သွားအောင် သက်ဆိုင်ရာ မြို့နယ်အဖွဲ့တွေနဲ့ ပြည် နယ် အစိုးရအဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ ဒီမှာပဲ ကျနော်တို့ စီစစ်လိုက်ခြင်းဖြစ်ပါတယ်။ မိုင်းလည်း ပြီးနိုင်သ လောက် မြန်နိုင်သလောက် မြန်ပြီးတော့ ရှာဖွေနိုင်အောင်လို့ ကျနော်တို့ ရှင်းသွားနိုင်အောင်လို့ ကျနော်တို့ စီစဉ် ခြင်းဖြစ်ပါတယ် ခင်ဗျာ။

မေး – ဒီ ဒဘတ်ယန်ကျေးရွာကို ပြောင်းရွှေ့နေထိုင်နိုင်ဖို့ အစီအစဉ်တွေ ဘယ်တုန်းကစတင်ခဲ့တာလဲ။ အစိုးရနဲ့ ဘယ်လိုမျိုးညှိနှိုင်းခဲ့ကြတာလဲ။

ဖြေ – ဒီဟာကတော့ ကျနော်တို့ ၂၀၁၉ ကနေပြီးတော့ စတင်ပြီးတော့ ညှိနှိုင်းခဲ့တဲ့ အပိုင်းတွေဖြစ်ပါတယ်။ ကျနော်တို့ ဒုတိယအကြိမ် အစည်းအေ၀းပေါ့နော KHCC နဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီ ပေါ့။ လူကယ်ပြန် ပြည်ထောင်စု၀န်ကြီးနဲ့ ဒု၀န်ကြီး ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ညှိနှိုင်းခဲ့တာကတော့ ၁၉ ကနေ ညှိ နှိုင်းပြီးတော့ အခုမှပဲ ကျနော်တို့ အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီကြားထဲမှာလည်း ကိုဗစ်ဖြစ် လိုက် တစ်ခြား လုပ်ထုံးလုပ်နည်းအရလည်း ကျနော်တို့ ညှိနှိုင်းရမယ့် ဟာတွေလည်း ရှိတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရမယ့် ဟာတွေလည်း ရှိတဲ့အတွက် ကျနော်တို့ အခုမှပဲ အကောင်အထည်ဖော်နိုင်တယ်လို့ ပြောနိုင်ပါတယ်ခင်ဗျ။

မေး – အခုက မိုင်းရှင်းလင်းရေးလုပ်နေတယ်ဆိုတော့ ဘယ်လိုမျိုးလုပ်နေကြတာလဲ။ ဘယ်ဒေသတွေလဲ။ ဒဘတ်ယန်ကျေးရွာတစ်ရွာပဲလား။

ဖြေ – မိုင်းရှင်းလင်းရေးက သူကတော့ ၂ ပိုင်းရှိပါတယ်ခင်ဗျ။ ပထမဆုံးက ဒီ ကိုယ့်ရဲ့ ခြံ၀န်းပေါ့နော ဒီ Public Area လို့ ပြောရမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ရှင်းမယ်ပေါ့နော်။ အဲဒါရှင်းပြီးလို့ရှိရင်တော့ လုပ် ကိုင် စားသောက်မယ့် နေရာမှာ စိုက်ပျိုးမြေတို့ စိုက်ပျိုးဧကပေါ့နော်။ လယ်ယာမြေလုပ် ကိုင်စားသောက်မယ့် နေရာ ပြန်ရှင်းဖို့ ရှိပါတယ်။ ဆိုတဲ့အကြောင်း မိုင်းရှင်းလေးရေးကိစ္စက ကျနော်တို့ အဲလိုမျိုး အကြမ်းအားဖြင့် စီစဉ်ထားတာ ရှိပါတယ်ခင်ဗျာ။ အခု ဒီနေ့ ဒဘတ်ယန်ပါခင်ဗျာ မိုင်းရှင်းလင်းရေး လုပ်တာကတော့ ကျနော်တို့ မိုးမောက်မြို့နယ် ကျောက် စခန်းမှာလည်း ရှင်းဖို့တော့ လုပ်နေပါတယ်ခင်ဗျာ။ ဒါပေမယ့် ဒီဖက်မှာတော့ အခုမှပဲ ရောက်လာတယ်ဆိုတော့ မနက် ဖြန်မှပဲ စနိုင်မယ်။ ပြီးတော့လည်း ဟိုဖက်မှာလည်း မိုင်းရှင်းတာကတော့ ကျောက်စခန်းမှာလည်း လုပ်နေပါတယ် ခင်ဗျ။

မေး – အခု ဒီတစ်ခေါက် နေရပ်ပြန်ဖို့ စာရင်းပေးထားတာ လူဦးရေ ဘယ်လောက်ရှိလဲ၊ ဘယ် Camp ထဲ က စစ်ရှောင် တွေလဲ။

ဖြေ – အိမ်ထောင်စုက ၂၁၆ စု ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီနေ့ လာစီစစ်တာကတော့ ၂၁၆ စု ရှိပါမယ်။ အရင် က အစိုးရကို စာရင်းပေးထားတဲ့ အိမ်ထောင်စုက ၃၇ စု အဲဒါလည်း ရှိပါတယ်။ အဲဒါလည်း ကျနော်တို့ အခု စပြီး တော့ စီစစ်မယ်ပေါ့။ အဲဒါပြီးလို့ရှိရင် ဒီ ၂၁၆ စုကို စီစစ်ဖို့ရှိပါမယ်ခင်ဗျာ။ လူဦးရေက ခုနှစ်ရာကျော် ရှစ်ရာ နီးပါး ရှိပါတယ်ခင်ဗျာ အားလုံး။ Camp က ၁၇ Camp လောက်ရှိပါမယ်ခင်ဗျား။ ဝိုင်းမော်မြို့နယ်ထဲမှာလည်း ရှိတဲ့ Camp တွေရှိတယ်။ ဒီမြစ်ကြီးနားမြို့ပေါ်က Camp တွေလည်း ရှိပါတယ် ခင်ဗျာ။ အခုတော်တော်များများတော့ ပြန်ဖို့ စီစဉ်ဆောင်ရွက်နေပါပြီ ဆိုတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဆက်လက်ပြန်မယ့်ဟာကတော့ ဒီဝိုင်းမော် ကန်ပိုင်တည်လမ်းမ ပေါ်ရှိ ရွာတွေလည်း ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေတယ် ထိုနည်းတူစွာပဲ မြစ်ကြီးနား-ဗန်မော်ကားလမ်းမပေါ် ရှိ ရွာတွေလည်း အားလုံး ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီး တော့ မိုးမောက်-လွယ်ဂျယ်၊ စိန်လုံ-လွယ်ဂျယ် ကားလမ်းမပေါ်ရှိ ရွာတွေလည်း ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေပါတယ်ခင်ဗျာ။

မေး – အခုက မိုင်းရှင်းလင်းတာ၊ စာရင်းတွေ စီစစ်တာတွေလုပ်နေပြီဆိုတော့ ဘယ်တော့လောက် စစ်ရှောင် တွေ နေရပ်ပြန်လို့ ရနိုင်မလဲ ခန့်မှန်းခြေ အချိန်လေးသိချင်ပါတယ်။

ဖြေ – စီစစ်ပြီးမယ် မိုင်းလည်း ရှင်းလင်းပြီးမယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နို၀င်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ၀င်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါရီမှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် မတ်လတော့ နောက်အကျဆုံးနဲ့ မတ်လလောက်တော့ အားလုံး လည်း ပြန်နိုင်မယ်။ ဆောက်လုပ်ရေးလည်း ပြီးစီးမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်ခင်ဗျာ။

မေး – နေရပ်ပြန်ကြမယ့် ဒီစစ်ရှောင်တွေအတွက် လုံခြုံရေးအခြေအနေကရော ဘယ်လောက်အထိ စိတ်ချရလဲ၊ အစိုးရ၊ နှစ်ဖက်လက်နက်ကိုင်တွေက ဘယ်လောက်အထိ အာမခံချက် စိတ်ချမှုပေးနိုင်ပြီလဲ။

ဖြေ – လုပ်ခြုံရေးက ဒီလိုဒီလို ဒီအတိုင်းအတာနဲ့ ရရှိသဘောတူထားတဲ့ဟာက မရှိပါဘူး။ ဒီလက်နက်ကိုင် ပဋိ ပက္ခဖြစ်ခဲ့တဲ့ သက်ဆိုင်ရာ တာ၀န်အရှိဆုံး အဖွဲ့အစည်းများလည်း ညှိနှိုင်းပြီးသား ဖြစ်တဲ့အတွက် ညှိနှိုင်းပြီးသား ဆိုတာ ဒီနေရာမှာ ပြန်မယ်လို့ ကျနော်တို့ တင်ပြပြီးသား ဖြစ်တဲ့အတွက် ကျနော်တို့ အတွက်တော့ ဒါ အတိုင်း အတာ တစ်ခုမှာ လုံခြုံတယ်လို့ ကျနော်တို့ ခံယူလို့ရပါတယ်။ ယူဆလို့ရပါတယ်။ သက်ဆိုင်ရာ KIA/KIO အဖွဲ့ ကိုလည်း ကျနော်တို့ ဒီ ၁၇ ရွာမှာ ပြန်မယ်လို့ ပြောတဲ့အပိုင်း သူတို့လည်း သဘောတူပြီးသား ရွာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာကအစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံး သဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ကျနော်တို့ အတိုင်းအတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ကျနော်တို့ ဆိုနိုင်ပါတယ်။ သူတို့လည်း ပြန်လာနိုင်အောင် ဒီဖက်က သက်ဆိုင်ရာ အစိုးရအဖွဲ့တွေလည်း ဟိုဖက်က ပြန်လာတာတော့ အားလုံးက ပြည်သူတွေပဲ ပြန်လာလို့ရတယ်လို့ ပြောပါတယ်။ ဟိုဖက်က KIA/KIO လည်း ဒီနေရာက ပြည်သူတွေဖြစ်တဲ့အတွက် ဘယ်နေရာ ရောက်ရောက် သူတို့က သူတို့ပြန်ချင်တဲ့နေရာမှာ ပြန်လို့ရပါတယ်။ သူတို့နေချင်တဲ့နေရာမှာလည်း သူတို့ရဲ့ မူရင်းဒေသမှာ ပြန်တဲ့အတွက် ကန့်ကွက်စရာ မရှိကြောင်းလည်း အမြဲတမ်းပြောပါတယ်ခင်ဗျား။

မေး – နေရပ်ကို ပြန်လာကြမယ့် စစ်ရှောင်တွေအတွက် နေအိမ်ဆောက်ပေးတာအပြင် သူတို့ရဲ့ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးအတွက်ရော တခြား ဘာတွေ လုပ်ဆောင်ပေးဖို့ စီစဉ်ထားလဲ။

ဖြေ – ဒီမှာပြန်လာရင်တော့ ဒီဖက်မှာ သူတို့ရောက်ရောက်ချင်းတော့ သူတို့ တွေရဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့နော်။ ဆန်၊ ဆီ၊ ဆား၊ ပဲ အနည်းဆုံး ၃ လ ကနေ အများဆုံး ၆ လ အထိ ကျနော်တို့ တစ်ခါတည်း ကူညီပေးနိုင် အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့နေရာ ကိုယ့်ခြံ၀န်းမှာ နေပြီးတော့ လုပ် ကိုင်စားသောက်မယ့် အသက်မွေးကြောင်း လုပ်ငန်းပြုမယ့်ဟာလည်း ကျနော်တို့ စီစဉ်နိုင်အောင်လို့တော့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီထက် ကျယ်ပြန့်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အခုနပြောတဲ့ မိုင်း ရှင်းလင်းရေးတို့ ဘာတို့ စီစဉ်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ အခု ပထမဆုံး အနေနဲ့တော့ ကိုယ်ရပ် ကိုယ့်ခြံ ကိုယ့်မြေပေါ်မှာ ရောက်ရှိအောင် ကျနော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။ အဲဒါပြီးမှပဲ နောက်တစ်ကန့်တော့ ကျနော်တို့ လုပ်ကိုင်စားသောက်ရမယ့် ဟာပေါ့နော်။ အဲဒါတွေ အသက်မွေး၀မ်း ကြောင်းလုပ်ငန်းကို ပြန်ပြုဖို့အတွက် ကျနော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။

မေး – KIO ထိန်းချုပ်နယ်မြေထဲကနေ ဒီကိုပြန်လာချင်တဲ့ စစ်ရှောင်တွေအတွက်ရော ဘယ်လိုစီစဉ်ပေးထားလဲ။

ဖြေ – ပြန်နိုင်ဖို့အတွက် သူတို့ပြန်မယ် ဒီနေရာမှာ ပိုင်ဆိုင်တယ် ဒီနေရာမှာ ဟုတ်တယ်လို့ အတည်ပြုပြီး သားတွေကျ လက်ခံဖို့ ကျနော်တို့လည်း သူတို့ကို ကူညီဖို့ အဆင်သင့်ရှိပါတယ်ခင်ဗျာ။ အဲလိုမျိုးတွေကျ ကျနော်တို့ သက် ဆိုင်ရာ လ၀က ပြည်နယ် လ၀က အဖွဲ့တွေ မြို့နယ် လ၀က အဖွဲ့တွေနဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့ ဘယ်လို မျိုးစီစဉ်ပေးနိုင်သလဲ ဘယ်နေရာက ပြောင်းလာသလဲ ဘယ်နေရာက ဖြစ်သလဲ အကယ်၍ ရှိခဲ့တယ်ဆိုရင် လည်း ဘယ်လိုမျိုးပျောက်ဆုံးသွားတယ်ဆိုတဲ့ဟာမျိုး အဲဒါတွေ အကုန်လုံး တိုင်ပင်ပြီးတော့ စီစစ်ပြီးရင်တော့ ကျနော်တို့ ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းလည်း လ၀က ကလည်း ပြောပါတယ်ခင်ဗျ။ အဲလိုမျိုး တော့ ကျနော်တို့ ကူညီပေးပါမယ်ခင်ဗျာ။

မေး – အခု စစ်ရှောင်နေတွေရဲ့ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရကရော ဘာတွေလုပ်ဆောင်ပေးလဲ။

ဖြေ – နိုင်ငံတော် အစိုးရက ဒီလိုမျိုးပေါ့ လုပ်ထုံးလုပ်နည်းပေါ့ သက်ဆိုင်ရာ သူတို့တွေရဲ့ အစိုးရရဲ့ လုပ်ထုံးလုပ် နည်း အရ စီစစ်တာတို့ လယ်ယာမြေပိုင်ရှင်တာတို့ ကိုယ့်ရဲ့ လုပ်ခြုံရေးပိုင်းဆိုင်ရာတို့ကတော့ ဒါကတော့ အစိုးရ တာ၀န်တစ်ရပ်အနေနဲ့ လုပ်နေခြင်းဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေ တစ်ချို့တွေကလည်း အခုနပြောတဲ့ ၃၇ အိမ်ထောင်စုတို့ ဘာတို့တွေကတော့ သူတို့ကိုယ်တိုင်က အစိုးရက တာ၀န်ယူပြီးတော့ ဆောက်ပေးမယ့်ဟာ တွေလည်းရှိတယ်။ အခုဒီဟာတွေတော့ ကျနော်တို့ KBC ကနေပြီးတော့ ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အကူအညီရရှိအောင်လည်း အကူအညီရရှိအောင် ပူးပေါင်းဆောင်ရွက်လို့ရအောင် အစိုးရက ကျနော် တို့နဲ့ အမြဲတမ်း အစည်းအေ၀းမှာ ထိုင်ပြီးတော့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်မယ်ဆိုတာကတော့ ပေါင်းစပ်ညှိ နှိုင်းပြီးတော့ ဆောင်ရွက်သဘောမျိုးဖြစ်ပါတယ်ခင်ဗျာ။

မေး – တခြားရော ဘာများဖြည့်စွက်ပြောဖို့ ရှိသေးလဲ။

ဖြေ – အားလုံး ကျနော်တို့ အခုက ကိုယ့်ဒေသမှာပေါ့နော် ဆယ်နှစ်နီးပါး ကိုးနှစ်ကျော်နီးပါး ထားခဲ့တဲ့ နေရာကို ကိုယ်ပြန်တဲ့အတွက် အဆင်မပြေမှု ရှိကောင်းလည်း ရှိပါမယ်။ လုံခြုံရေးပိုင်းဆိုင်ရာ စိတ်ပူပန်တာလည်း ရှိ ကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ Camp ထဲမှာ အကြာကြီး နေသွားတာထက် စာရင်တော့ အများကြီး ကောင်းပါတယ်။ ပြီးတော့လည်း ကျနော်တို့ အားလုံးလည်း သက်ဆိုင်ရာ ပြည်သူလူထုကလည်း အားပေးဖို့ ကူညီပေးဖို့ ဆုတောင်းပေးဖို့ အရေးကြီးပါတယ်။ သူတို့တွေလည်း လုပ်ကိုင်စားသောက်နိုင်အောင် ကူညီပံ့ပိုး ကြမယ် အားပေးကြမယ် ဆိုရင်တော့ ဒီကိစ္စက အောင်မြင်ပါမယ်လို့ ယုံကြည်ကြောင်း အားလုံးကို ပြောချင် ပါ တယ်။

အားမီ(NMG) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here