“သူတို့ သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက တကယ်ပဲ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး နစ်နာချက်တွေ တိုင်းရင်းသားတွေရဲ့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး စိတ်ဆန္ဒရှိသလားအပေါ်မှာပဲ မူတည်ပါတယ်။ ညီညွှတ်ရေးလုပ်တာက ဟန်ပြဖြစ်ရင်လည်း ဖြစ်လာနိုင်တယ်” စောကျော်စွာ (ကရင့်ရေးရာကော်မတီ)

0
241

ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာနှင့် အမေးအဖြေ

၁၁ ဒီဇင်ဘာ ၂၀၂၀

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အစိုးရဖွဲ့နိုင်သည့် အနေအထားရောက်အောင် အနိုင်ရရှိ ထား သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ၂၀၁၅ က အစိုးရ ဖွဲ့သကဲ့သို့ တစ်ပါတီတည်းကို အခြေပြုသည့် အစိုးရ ဖွဲ့ စည်းမည်မဟုတ်ဘဲ တိုင်းရင်းသား ပါတီများနှင့် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့သွားမည်ဟု တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။ NLD ပါတီက ဖွဲ့မည့် အမျိုးသား ညီညွှတ်ရေးအစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ရင်ကြာ စေ့ ရေးကို အထောက်အကူပြုနိုင်ပါသလား၊ ဒီညီညွှတ်ရေး အစိုးရက ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အထာက်အကူပြုနိုင်ပါသလား။ ဘာကြောင့် NLD အနေဖြင့် အစိုးရ ဖွဲ့မည့် ပုံစံကို ပြောင်းလဲလုပ်ဆောင်လာ ရတာလဲ စသည့် အကြောင်းအရာများကို ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာကို ဆက်သွယ်မေးမြန်းထားသည်။

မေး – NLD အနေနဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရ လုပ်မယ်ဆိုပြီး ပြောဆိုလာတာတွေ ရှိတယ်။ အဲဒီ အမျိုးသား ညီညွှတ်ရေး အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေး အမျိုးသား ရင်ကြားစေ့ရေးကို တစ်စုံတစ်ရာ အထောက်အကူပြုနိုင်မလာ။ အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်လာနိုင်မလား။ ဘယ်လိုသုံး သပ်လို့ရသလဲ။

ဖြေ – အခုလောလောဆယ် စာရွက်ထဲမှာပဲ တွေ့ရတယ်လေ။ တကယ်လို့ အကောင်အထည် ဖော်တဲ့အခါကျမှ ကျ နော်တို့ ပြောလို့ရမယ်။ အခုကလောလောဆယ်က စာရွက်ထဲမှာ ဆိုတော့ ဘယ်လိုမှ သုံးသပ်လို့ မရသေး ဘူး။ ဘာမှမတွေ့ရသေးဘူးပေါ့နော သူက အပြောပဲရှိသေးတာကိုး။

မေး – အကယ်၍ ညီညွှတ်ရေး အစိုးရဖွဲ့မယ်ဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့က ဘယ်လို ပုံစံမျိုး ဖွဲ့စေချင်သလဲ။

‌ဖြေ – ကျနော်တို့ကတော့ ထွေထွေထူးထူးရယ်လို့တော့ မလိုဘူးပေါ့ တကယ် ညီညွှတ်ရေးဆို ဘာ အတွက် ညီညွှတ်ရေးအပေါ်မှာ မူတည်တာပေါ့နော်။ တကယ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ညီညွှတ် ရေးဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ပါ၀င်သင့်ပါ၀င်တိုက်တဲ့ သူတွေယူဖို့ အရေးကြီးတာပေါ့။ အဲလိုမှ မဟုတ်ပဲ ပါတီညီညွှတ်ရေး ပါတီသွားယူလိုက်ရင်လည်း ပါတီ အချင်းချင်းသွားယူပြီးတော့ ကုလား ထိုင်ပေး လိုက်ရင်လည်း တစ်ခါတစ်လေ ဘာမှ ဖြစ်လာတာ မဟုတ်ဘူးလေ။ ဆိုတော့ ကျနော်တို့ကတော့ မြင်စေချင်တာက တော့ သူတို့ရဲ့ စိတ်ထဲမှာ ဒီတိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုရင်တော့ ပါတီထက် တကယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါ၀င်ဖို့တော့ အရေး ကြီးတာပေါ့။

မေး – တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတာက ခုနက အပေါ်မှာ ပြောတဲ့ ပါတီသက်သက်မဟုတ်ပဲနဲ့ ပါ၀င် သင့် ပါ၀င်ထိုက်သူဆိုတာ ဘယ်လိုမျိုးကို ပြောချင်တာလဲ။

ဖြေ – ဥပမာအားဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီ တော်တော်များများက သူတို့ရဲ့ တိုင်းရင်းသား အပေါ်မှာ ဘာကိုမှ ရည်ရွယ်ချက်မရှိ တစ်ခါတစ်လေမှလည်း မလုပ်လာခဲ့ဘူး။ဒီလိုမျိုး အခွင့်အရေးရှိပြီးမှ ကုလားထိုင်လိုချင်တဲ့ လူတွေ သွားပေးမိရင်လည်း ဘာထူးမလဲလို့ မလုပ်တာနဲ့ အတူတူပဲပေါ့ ကျနော် ပြော ချင်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက တကယ့် တိုင်းရင်းသား အကျိုးကို လုပ်တဲ့ လူတွေကိုပဲ ဥပမာ ဆိုပါစို့ တကယ့် မွန်လူမျိုးအကျိုးကို တကယ်ထိထိရောက်ရောက် လုပ်နိုင်ခဲ့တဲ့သူ တွေ့တာပဲ အဲလိုမျိုး လူ တွေ ခေါ်သုံးပြီးတော့မှ လက်တွဲတာတော့ အဆင်ပြေတယ်။ အဲဒါမှ မဟုတ်ဘဲ တစ်ချိန်တုန်းက တပ်မတော် အရာရှိတို့ တစ်ချိန်တုန်းက အစိုးရ၀န်ထမ်းအရာရှိတို့ တစ်ခါမှ တိုင်းရင်းသား အရေး မလုပ်ဘံနဲ့ အခုမှ ရွေး ကောက်ပွဲမှာ ကုလားထိုင်၀င်လုပ် ကုလားထိုင်တွေ ၀င်လုပ်ပြီးတော့မှ ပါတာမပါတာ ယူသွား သွားထည့် မိလိုက်တာ ဘာမှ မထူးဘူး တိုင်းရင်းသားတွေအတွက်ကတော့။

မေး – အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့နိုင်တယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တစ်စုံ တစ်ရာ အထောက်အကူဖြစ်လာနိ်ုင်လား။

ဖြေ – တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးတဲ့ ခေါင်းဆောင်တွေပါသွားလို့ရှိရင်တော့ တိုင်းရင်းသား အချင်းချင်း ပြန်လည်သင့်မြတ်ရေး အားကောင်းလာမှာပေါ့။ တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးတဲ့ သူမဟုတ်ပဲနဲ့ သူတို့စိတ်တိုင်းကျတဲ့ ခေါင်းခေါက်ယူတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒါမှမဟုတ် ခုနက ပါတီအချင်းချင်း ညီညွှတ်ချင်လို့ ပါတီကလည်း ခေါင်းခေါက်ယူတဲ့ဟာမျိုးဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးပဲ။

မေး – NLD ပါတီ က ဖွဲ့မယ့် ညီညွှတ်ရေး အစိုးရကနေ ဖက်ဒရယ်စနစ်ကို အထောက်အကူပြုနိုင်လား ဖက်ဒရယ်စနစ်ကို တစ်စုံတစ်ရာ တွန်းအားပေး လုပ်ဆောင်သွားနိုင်သလား။ ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ – ကျနော်တို့ ဖက်ဒရယ် စနစ်လို့ ပြောလိုက်တဲ့ အခါကျတော့ ဒီညီညွှတ်ရေး အစိုးရအပေါ်မှာ မမူတည်ပါဘူး။ သူက အဓိကက လက်ရှိ ပြည်ထောင်စု အစိုးရအနေနဲ့ သူတို့ သွားချင်တဲ့ ဖက်ဒရယ် ပြည် ထောင်စုက တကယ်ပဲ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး နစ်နာချက်တွေ တိုင်းရင်းသားတွေရဲ့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးမှ စိတ်ဆန္ဒရှိသလားအပေါ်မှာပဲ မူတည်ပါတယ်။ ညီညွှတ်ရေး လုပ်တာ က ဟန်ပြဖြစ်ရင်လည်း ဖြစ်လာနိုင်တယ်။ ဥပမာအားဖြင့် အရင်တုန်းကလည်း လုပ်ဖူးပါတယ် တစ်ချို့ဒေသ တစ်ချို့နိုင်ငံမှာ ဆိုရင် ညီညွှတ်အောင်ပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်ကို ကောက်တင် ပစ်လိုက်တယ်။ တင်လိုက်တဲ့အခါကျတော့ တိုင်းရင်းသားတွေကပြော ခင်ဗျားတို့ကို အခွင့်အရေး မပေးတာ မဟုတ်ဘူး ကြည့်စမ်းပါ ဒီမှာ ခင်ဗျားတို့ရဲ့ ခေါင်းဆောင် ဟောဒီအထိတောင် ပေးထားတာပဲ ဆိုတဲ့ဟာမျိုး ပြီးတော့ ဘာမှမထူးလာဘူး။

မေး – အဓိကကတော့ ဖက်ဒရယ် တည်ဆောက်ရေးက ညီညွှတ်ရေး အစိုးရနဲ့ မဆိုင်ဘူးလို့ ပြောချင် တာပေါ့နော်။

ဖြေ – ဟုတ်တယ် ကျနော်တို့ ဖက်ဒရယ် တည်ဆောက်ရေးကတော့ ညီညွှတ်ရေး အစိုးရနဲ့ မဆိုင် ဘူး။ အဓိက NLD ပင်မရဲ့ စိတ်ဆန္ဒနဲ့ NLD ပင်မရဲ့ မူဝါဒပေါ်မှာပဲ မူတည်တယ်။

မေး – ၂၀၁၅ ခုနှစ်မှာ NLD က အနိုင်ရသွားပြီးတော့ သူ တစ်ပါတီတည်းပဲ အစိုးရဖွဲ့သွားတယ်။ ဒီ ၂၀၂၀ မှာတော့ တိုင်းရင်းသား ပါတီတွေပါတဲ့ ညီညွှတ်ရေး အစိုးရဖွဲ့မယ်ဆိုပြီး ပြောဆိုလာတဲ့အပေါ်မှာ ဘယ် လိုမြင်သလဲ။

ဖြေ – ဒီကာလမှာ တကယ်ပဲ NLD က ဆက်လက်ပြီးတော့မှ လောလောဆယ် ဒီ တစ် term မှာ ပြောရမယ်ဆိုရင် NLD နိုင်တယ်ဆိုတာ က ဒါက ပံ့ပိုးမှု နှစ်ခုရှိတာပေါ့နော်။ ပြင်ပပံ့ပိုးမှု နှစ်ခုရှိတယ်။ တစ်ခု က ဘာလဲဆိုတော့ ကိုဗစ်ရောဂါကြောင့်ပေါ့။ ကိုဗစ်ရောဂါကြောင့် NLD က အခွင့်အရေး တစ်ရပ်အနေနဲ့ သူ ရ သွားတယ်။ ဆိုလိုတာက လူတွေကလည်းပဲ ကိုဗစ်ရောဂါ ဖြစ်တဲ့အတွက်ကြောင့် ဘာမှသိပ်ပြီးတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ မရှိတာလည်း ပါတယ်။ ကိုဗစ်ရောဂါကြောင့် ဒီ လုပ်နိုင်တာကတော့ NLD ပဲရှိအုံး မယ် ဆိုပြီးတော့မှ သူများပေးလိုက်တာလည်း ရှိတယ်။ နောက်ပံ့ပိုးမှု တစ်ခုက ခုနက တိုင်းရင်းသား အပေါ် မှာပေါ့ တိုင်းရင်းသားတွေက ဒီတစ်ခေါက်မှာ တိုင်းရင်းသားတွေက သူတို့က ဘယ်လိုတွက်ထားလဲ ဆို တော့ ဒီ NLD ကတော့ ၂၀၁၅ နိုင်ပြီ ဒါကတော့ ဒီတစ်ခေါက်တော့ ငါတို့အလှည့်ပဲ ဆိုတဲ့ဟာမျိုးနဲ့ ထလိုက် တဲ့ အခါကျတော့ သူတို့ထတဲ့ လမ်းကြောင်းက လွဲတယ်။ NLD ပြုတ်ရေးကိုပဲ သူတို့က အဓိက ထား ပြီးတော့မှ ဘာပဲဖြစ်ဖြစ် NLD မရရင် ငါတို့ တပ်မတော်နဲ့ပေါင်းမယ်ဆိုတဲ့ဟာမျိုး ဒီကမ်းလှမ်းချက်လည်း ရှိ လာတယ်။ အဲ့လိုလည်းပြောတဲ့အခါ တပ်မတော်ကလည်းပဲ မျှော်လင့်ချက်တစ်ခုနဲ့ ပြောတဲ့ အခါကျတော့ နောက်ဆုံး ပြောမယ်ဆိုရင် ကာချုပ်ကြီးရဲ့ စကားကြောင့်ပေါ့နော်။ ကာချုပ်ကြီးရဲ့ စကားကြောင့် ဒီ NLD နိုင် သွားတာလဲ ပါတယ်။ ဆိုတော့ ဒီပင်မအကြောင်းအရင်း နှစ်ခုကတော့ တစ်ခုက ကိုဗစ်ကြောင့် တစ်ခုက တော့ ကာချုပ် ရဲ့ စကားကြောင့်ပေါ့။ ကာချုပ်က ဘာပြောလဲဆိုတော့ အခြေအနေ ကြည့်အုံးမယ်လို့ ပြော လိုက်တဲ့အခါ လူတွေက လန့်ဖြန့် သူတို့တွေ ပြန်ပေးရင်တော့ မဖြစ်ဘူးဆိုမှ NLD ကို ပြန်ပေးလိုက်တာပါ။ ဆိုတော့ သိပ်တော့လည်း ထွေထွေထူးထူးမရှိဘူးပေါ့လေ။ ခုနမေးတဲ့ မေးခွန်းအပေါ်။

မေး – ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပါတီတွေ အောင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင် လာ ကြတယ်ပေါ့နော်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားကြတယ်။ ဆိုတော့ လာမယ့် ရွေးကောက်ပွဲ တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက ဘာတွေ ပြင်ဆင် ထားဖို့လိုသလဲ။

ဖြေ – အဓိကကတော့ ကျနော်တို့ အခုလက်ရှိ နိုင်ငံတော် အစိုးရရဲ့ သွားနေတဲ့ လမ်းကြောင်းက ကျနော်တို့ ပြောရမယ်ဆိုရင်တော့ လစ်ဘရယ် ဒီမိုကရေစီပေါ့နော်။ လစ်ဘရယ် ဒီမိုကရေစီက အဓိကသွား နေတာကတော့ တစ်ဦးချင်းရဲ့ အခွင့်အရေးကို သူတို့က ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပေါ့။ ဆို တော့ တိုင်းသူပြည်သား တော်တော်များများက တစ်ဦးချင်း အခွင့်အရးကို သဘောပေါက်နားလည်တဲ့ အခါ ကျတော့ NLD ရဲ့ မူဝါဒအတိုင်း ပါလာကြတာပေါ့နော်။ ဒါပေမယ့် တကယ်လို့ တိုင်းရင်းသားတွေက နောက် အနိုင်ရချင်တယ်ဆိုလို့ရှိရင် ပြည်သူပြည်သားတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ ကိုယ့်တိုင်းရင်း သား လူမျိုးစုတွေက ဒီတစ်ဦးချင်း အခွင့်အရေးထက် အစုအဖွဲ့ အခွင့်အရေးက အရေးကြီးတယ်လို့ ပြောပြ နိုင်ရင်တော့ သူတို့ နိုင်လိမ့်မယ်ပေါ့နော်။ ပြောပြမနိုင်ဘဲ ဒီကုလားထိုင်ပဲ ရည်ညွှန်းပြီးတော့မှ သွားနေမယ်ဆို ရင်တော့ တစ်ဦးချင်းအခွင့်အရေး စည်းရုံးသွားတဲ့ လူပဲ ထပ်နိုင်အုံးမှာပါ။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here