29 March 2024 /

See today's Peace Related News

ရက္ခိုင့်တပ်တော်မှ (၄)လကျော်ကြာ ဖမ်းဆီးထားသည့် ချင်းလူငယ် ဆလိုင်းအောင်စိုး ပြန်လွတ်လာ

၁၅ ဒီဇင်ဘာ ၂၀၂၀

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ၄လ နှင့် ၁၆ရက်ကြာ ဖမ်းဆီးထားသည့် ချင်းလူငယ်ဆလိုင်းအောင်စိုး ပြန်လည်လွ တ်မြောက်လာပြီး ယနေ့မွန်းလွဲပိုင်း ၂နာရီခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သည်ဟု ဆလိုင်းအောင်စိုး၏ မိသားစုဝင်များထံမှ သိရသည်။

“ဆလိုင်းအောင်စိုးလွှတ်မြောက်လာပြီဆိုတာ မှန်ပါတယ်၊ ဒီနေ့နေ့လည် ၂နာရီဝန်းကျင်မှာ ပလက်ဝမြို့ကို ပြန်ရောက်ပါတယ်၊ ကျန်းမာရေးလဲ လက်ရှိအခြေအနေတော့ကောင်းနေတယ်၊ ခုတော့ ရဲစခန်းမှာစစ်ဆေးနေတယ်၊ လွန်ခဲ့တဲ့တစ်ရက်နှစ်လောက်က သူနေတဲ့နေရာလောက်ကနေ လာကြိုပါဆိုပြီး အကြောင်းကြားလာတော့ သူ့အမျိုးနှစ်ယောက်က သွားကြိုကြတာ”ဟု ဆလိုင်းအောင်စိုး၏ ယောက်ဖဖြစ်သူ ကိုရမ်နှင်းကပြောသည်။

ဆလိုင်းအောင်စိုးအား AA တပ်မှ ကန်ဒီဝကျေးရွာသို့ လာကြိုရန် အကြောင်းကြားခဲ့သဖြင့် မိသားစုဝင်နှစ်ဦးနှင့် ရေတခွန်ရွာမှကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကန်ဒီဝကျေးရွာသို့ သွားရောက်ခေါ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ်(၄)ဦးတို့သည် ပြီးခဲ့သော ဇူလိုင်လ (၂၉)ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃)ဦးမှာ ဩဂုတ်လ ၂၅ ရက်နေ့တွင်လွတ်မြောက်ခဲ့ပြီး ဆလိုင်းအောင်စိုးမှာမူ ယနေ့မှ ပြန်လည်လွတ်မြောက်လာ ခြင်းဖြစ်သည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။