“တကယ့်စစ်တိုက်တဲ့နေရာဆိုတော့ လက်နက်ကြီးထိတဲ့ အိမ်က အများဆုံးပဲ။ သူတို့တွေမှာ စားနပ် ရိက္ခာတွေ လုံးဝမရှိတော့ဘူး။ လောလောဆယ်က ကားနဲ့သွားလို့က အဆင်မပြေဖြစ်နေတာ၊ တကယ့်စစ်မြေပြင်ကွင်းထဲက ရွာဆိုတော့လေ” လောက်စဲစစ်‌ဘေးရှောင်စခန်း တာဝန်ခံ

မင်းတပ် လောက်စဲစစ်ဘေးရှောင်စခန်း တာဝန်ခံကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အမေးအဖြေ ၁၇ ဇွန် ၂၀၂၁ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် မေလ ၁၃ ရက်တွင် ကြေညာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ရှစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။


“လက်နက်ကို လက်နက်ချင်းယှဉ်ပြီး တိုက်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ နောက်ဆုံး ရရာလက်နက်ကိုစွဲကိုင်ပြီးတော့ ဒီအာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြတဲ့အပေါ်မှာ ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ် ၊ လေးစားပါတယ်၊ သူတို့စိတ်ဓာတ်ကိုလည်း ချီးကျူးပါတယ်” ဗိုလ်မှူးကြီးအယ်မွီး (ကရင်နီတပ်မတော်)

ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူးနှင့် တွေ့ဆုံခြင်း ၁၅ ဇွန် ၂၀၂၁ ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီး နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။


“အလိုအပ်ဆုံးက ရေဖြစ်တယ်။ ချက်ပြုတ်တဲ့နေရာမှာရော အလိုအပ်ဆုံးအရေးပေါ်ဖြစ်နေတယ်။ နောက်တစ်ခုက နေအိမ်၊ အိမ်သာ နဲ့ ခိုလှုံဖို့အဆောက်အအုံတွေ လိုအပ်နေသေးတယ်” Mr. Zet

အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန်စစ်ရှောင်စခန်းအခြေအနေ မေးမြန်းချက် ၁၀ ဇွန် ၂၀၂၁ အင်ဂျန့်ယန်မြို့နယ်တွင် ပြီးခဲ့သော မတ်လက အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံအချို့ မြစ်ကြီးနားမြို့သို့ ထွက်ပြေးနိုင်ခဲ့သော်လည်း အများစုမှာ လမ်းပိတ်သွားဖြင့် ဘွမ်ရာယန် (Bumra Yang) သို့ ထွက်ပြေးခဲ့ရသည်။ အိမ်ထောင်စု ၁၃၀ ကျော်ရှိသော အဆိုပါဘွမ်ရာယန်စစ်ရှောင်စခန်းတွင် လက်ရှိ မိုးရာသီရောက်လာသဖြင့် သောက်သုံးရေခက်ခဲနေ သည့်အပြင် ကလေးများအတွက်လည်း ဝမ်းရောဂါအတွက် ဂရုစိုက်ဖို့လိုအပ်နေကြောင်း မေလကုန်ပိုင်းခန့်က ဘွမ်ရာယန်သို့သွားရောက်ခဲ့သည့် ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack Health Worker Team) တာဝန်ခံ Mr. Zet ကို မေးမြန်းထားပါသည်။


“အခုကာလက ကျနော်တို့ကရင်အတွက် အချိန်အခါကောင်းပဲ။ စစ်ကောင်စီကို ယုံဖို့ မလိုသလို စစ်ကောင်စီပြောတာကို နားထောင်စရာလည်း မလိုဘူး။ NCA နဲ့ ဆက်အလုပ်လုပ်တာက အချိန် ဖြုန်းတာပဲ” ဗိုလ်မှူးချုပ်စောနယ်ဒါးမြ(စစ်ဦးစီးချုပ်၊ KNDO)

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် အမေးအဖြေ ၈ ဇွန် ၂၀၂၁ ခွဲထွက်(DKBA)အပါအဝင် အခြားသော လက်နက်ကိုင်များနှင့် ပူးပေါင်း၍ ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်(KNDO)ပါဝင်၍ ကရင်ပြည်နယ် ၊မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ၎င်းတို့ တပ်ဖွဲ့အကြား တိုက်ပွဲအခြေအနေအပေါ် KNDO ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဆက်သွယ်မေးမြန်ထားပါတယ်။


“ပထဝီအနေအထားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ဖြတ်သန်းလာပြီးမှ မြို့ပေါ်ဝင်တိုက်လို့ရ မယ့် အနေအထားပါ၊ တိုက်ပွဲတွေဖြစ်ပြီးလို့ ဆုတ်ခွာဖို့လမ်းကြောင်းမှာလည်း မွန်ပြည်သစ်ပါတီ ထောက်ခံမှုမရရင် လက်မခံရင် လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ” ‌ဒေါက်တာပညာမွန်(ENAC) တိုင်းရင်းသားလူမျိုးရေးရာစင်တာ(ENAC) အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်နှင့် အမေးအဖြေ

၈ ဇွန် ၂၀၂၁ ဒေါက်တာပညာမွန်သည် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ် ဖြင့် PhD ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ ENAC အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင်တစ်ဦးဖြစ်သည်။


“စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ၊ ဒီမော့ဆိုမြို့မှာဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကလူ တွေ မဆိုင်သလိုနေလို့မရဘူး၊ မသိသလိုနေလို့ မရဘူး။ ဒီမော့ဆိုကိုထိရင် လွိုင်ကော်ကို ထိတာနဲ့ အတူ တူပဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေထားပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီဖို့လိုတယ်” KNDF

ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်(KNDF)နှင့် ဆက်သွယ်မေးမြန်းချက် ၇ ဇွန် ၂၀၂၁ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အားလုံးကို ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) အမည်နဲ့ တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းပြီး မေလ ၃၁ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။


“စစ်အာဏာရှင်ကို ကျနော်တို့မှ မဟုတ်ဘူး၊ ကမ္ဘာတစ်ဝှမ်းလုံးကလည်း လက်မခံတဲ့အတွက် ဒီအာဏာရှင်ကို လူထုကရော တခြားလက်နက်ကိုင်အဖွဲ့တွေ အားလုံးစုပေါင်းပြီး အမြစ်ပြတ်ခြေမှုန်းဖို့လိုတယ်” ဗိုလ်ချုပ်ကျော်သက် (DKBA ခွဲထွက်အဖွဲ့)

DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ကျော်သက်နှင့် အမေးအဖြေ ၂ ဇွန် ၂၀၂၁ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့ ပူးပေါင်းအဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ခွဲထွက်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေ၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အခြေအနေတွေကို DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ကျော်သက်အား ဆက်သွယ်မေးမြန်းထားပါတယ်။


“တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ မဟုတ်ဘူး။ လူထုကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်စေချင်တာ” KNDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေ ၂ ဇွန် ၂၀၂၁ မေလ ၃၁ ရက်နေ့က ကယား(ကရင်နီ) ပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်း လိုက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ KNDF ကို ဘာ့ကြောင့် ဖွဲ့စည်းလိုက်တာလဲ၊ အဲ့ဒီအဖွဲ့ထဲမှာ ဘယ်သူတွေ ပါလဲ၊ ဘယ်လိုပေါ်လစီမူဝါဒ သွားဖို့ရှိပါသလဲ၊ ကယား(ကရင်နီ) ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီ တပ်၏ စစ်အင်အားတိုးချဲ့မှု စတာတွေကို KNDF က တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။


Myanmar Peace Monitor