ကရင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အမျိုးသားရေး၊ တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေး မဖျက်ဆီးရန် KNU ဥက္ကဌ သတိပေး

ပုံအဟောင်းဖြစ်သည်။ ၁၇ ဇွန် ၂၀၂၁ အမျိုးသားရေး၊ တိုင်းပြည်အရေး အကြောင်းပြပြီး ငြိမ်းချမ်းရေးကို မဖျက်ဆီးရန် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ကရင်လက်နက်ကိုင်များအစည်းအဝေး၌ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဟားခါးမြို့နယ်အတွင်း စစ်ဘေးရှောင်သက်ကြီးပိုင်းပြည်သူများ ကိုယ်ခံအားပြတ်လပ်မှု ကြုံတွေ့နေရ

၁၇ ဇွန် ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်က ပြည်သူအများစုမှာ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည်ဟု သိရသည်။


NMSP လက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများအတွင် ကျောင်းသူ/ကျောင်းသားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံထားကြော်ငး MNEC ပြောဆို

ပုံအဟောင်း ဖြစ်သည်။ ၁၇ ဇွန် ၂၀၂၁ လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများတွင် ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC က ဆိုသည်။


အချင်းချင်းပစ်ခတ်မှုများအား အလုပ်အဖွဲ့ ဖွဲ့စည်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့များ ဆုံးဖြတ်

ဇွန်လ ၁၇ ရက်၊ ၂၀၂၁ခုနှစ် ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖြေရှင်းရန် ညီညွတ်ရေး ကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့က ပြုလုပ် ပြီးစီးခဲ့သည့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးမှုအပြီး ဆုံးဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။


ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်အတွင်း အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထားသဖြင့် ဒေသခံများ စိုးရိမ်နေ

၁၇ ဇွန် ၂၀၂၁ ဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း ထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။


အာဏာသိမ်းစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာမှ ဒေသခံ ၁၅၀ကျော် စစ်ဘေးရှောင်နေကြရ

၁၇ ဇွန် ၂၀၂၁ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စုထဲက လွယ်ကန်ရွာမှ ရွာသား ၁၅၀ ကျော် သည် ဇွန်လ ၁၅ရက်နှင့် ၁၆ရက်နေ့များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင် နေကြရသည်။


ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဒလန်စာရင်းပါဝင်သူတစ်ဦး ပစ်သတ်ခံရ

၁၆ ဇွန် ၂၀၂၁ ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မြို့၌ ဒလန်စာရင်းဖော်ပြခြင်းခံရသူတစ်ဦး ယနေ့ ၁၆ရက် မွန်းတည့် ချိန်ခန့်တွင် အမည်မသိသေနတ်သမားပစ်သတ်မှုကြောင့် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


မင်းတပ်မြို့နယ် ဘုရားစခန်းရွာမှ မသန်စွမ်း ၂ ဦးအား အာဏာသိမ်းစစ်ကောင်စီတပ်က သေနတ်ဖြင့် ပတ်ခတ်ဖမ်းဆီး

၁၆ ဇွန် ၂၀၂၁ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်နေ့က ရွာထဲသို့ဝင်ရောက်လာပြီး မသန်စွမ်းအမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရသည်။


Myanmar Peace Monitor