“ဖက်ဒရယ်ဆိုတဲ့ဝေါဟာရ တစ်လုံးကိုတောင်မှ ပြုပြင်ပြောင်လဲခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ဒီလိုမျိုးနိုင်ငံရေးအရ အခြေခံတဲ့ ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ လတ်တလောအခြေအနေကို ကြည့်ပြီး ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်မယ့် အနာဂတ်ဟာ ဖြစ်ထွန်းလာစရာအကြောင်း မရှိပါဘူး”

AA ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် အစိုးရကြေငြာလိုက်မှုအပေါ် ဘယ်လိုမြင်ကြလဲ ၆ ဧပြီ ၂၀၂၀ မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။ ထိုကြေငြာချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဥပဒေပညာရှင်များ၏ အမြင်များကို မေးမြန်းထားသည်။ စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင် ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အရင်ကဆိုလို့ရှိရင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းအသီးသီးကိုတော့ မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာရှိပါတယ်။ နောက်ပိုင်း ၂၀၁၅ မှာ လက်နက်မှတ်ထိုးပြီးတဲ့ အခါမှာတော့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေကို မတရားအသင်းက ပယ်ဖျက်ခဲ့တာရှိခဲ့တယ်။ ဒါပေမယ့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအသီးသီးကတော့ ရှိနေသေးတယ်။ ဒီလူတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ကျမတို့ အမြဲတမ်း တွန်းအားပေးတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးပွဲနဲ့ အဖြေရှာနိုင်ရေးကို […]


“ကျနော်တို့ဒေသမှာ မြေမြှုပ်မိုင်းတွေ ဆက်ပြီးမပေါက်ကွဲဖို့ အားလုံး အကူညီပေးပါလို့ ကျနော်မေတ္တာရပ်ခံပါတယ်” အုပ်ချုပ်ရေးမှူး နိုင်တင်စန်း (ရေဖြူမြို့နယ် အလယ်စခန်းစခန်းကျေးရွာ)

Photo- တွေ့ဆုံမေးမြန်းသူနှင့် နိုင်တင်စန်း (MNA) မြေမြှုပ်မိုင်းမကြာခဏပေါက်ကွဲခဲ့သည့်ဒေသမှ ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း နှင့်တွေ့ဆုံမေးမြန်ခြင်း ၆ ဧပြီ ၂၀၂၀ မွန်ပြည်နယ်တောင်ဘက်အစွန်း ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ် ရေဖြူမြို့နယ်တို့တွင် မွန်၊ ကရင်၊ ထားဝယ်နှင့် ဗမာတိုင်းရင်းသားများနေထိုင်ကြပြီး မွန်တိုင်းရင်းသားအများစုမှာ ရာဘာ၊ ကွမ်းသီး၊ ဒူးရင်းနှင့် သစ်သီးဝလံခြံလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းမှုပြုကြသည်။ တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့သည်လည်း နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ရာဒေသဖြစ်သည့်အလျောက် အစိုးရအုပ်ချုပ်ရေးလက်လှမ်းမမီသေးသည့်ဒေသတစ်ခုလည်း ဖြစ်ပါသည်။ ရေဖြူမြို့နယ်အတွင်း ၂၀၁၇-၁၈ ခုနှစ်အလွန်မှစတင်၍ လက်ရှိုကာလအထိ လက်သည်မပေါ်သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ရာတွင် ဒေသခံများထိခိုက်ဒဏ်ရရှိခဲ့သည့်အနက် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားခြံသမား မွန်လူမျိုး ၆ ဦး ခြေထောက်ဖြတ်တောက်ခံလိုက်ရသည်။ (https://bit.ly/2V3Tgnt ) သီးနှံထွက်ပေါ်ချိန်တွင် […]


“နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ သွားဖို့ သူတို့လက်ခံမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ပါ။ အစိုးရနဲ့ တပ်မတော်နဲ့ပဲ ဆိုင်တယ်” ဗိုလ်မှူးကြီးနော်ဘူ(KIO/KIA)

KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံနှင့် ဆက်သွယ်မေးမြန်းခြင်း ၂ ဧပြီ ၂၀၂၀ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် KIO/KIA ကို ၎င်းတို့ရဲ့ နယ်မြေဌာနချုပ်ရှိရာ လိုင်ဇာကနေ ရက္ခိုင့်တပ်တော် (ULA/AA) ကို ရွှေ့ပြောင်းခိုင်းဖို့ ဖိအားပေးပြောဆိုခဲ့တယ်။ မတ်လ ၂၃ ရက်နေ့မှာတော့ အစိုးရက ULA/AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာလိုက် တာကြောင့် အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်ရေး တွေ့ ဆုံဆွေးနွေးမှုနဲ့ Bilateral အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စတွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ အခု ကိစ္စရပ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းသွားမှာလဲ… စတာတွေနဲ့ ပတ်သက်ပြီး သတင်းနှင့် မီဒီယာကွန်ယက်(NMG)မှ ကချင်လွတ် […]


မတရာအသင်း ၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့ AA နဲ့ ဆက်သွယ်သတင်းမေးရင် အဖမ်းခံရမှာလား

၃၁ မတ် ၂၀၂၀ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေပြီး အရပ်သား ထိ ခိုက်မှုများလည်းမြင့်တက်နေသည်။ထိုအခြေအနေများတွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်စွပ်စွဲမှုများ လည်း ရှိနေကြသည်။ သတင်းမီဒီယာသမားများသည် ထိုနှစ်ဖွဲ့ကို ဆက်သွယ်ပြီး သတင်းများ ရေးသားထုတ် လုပ်ခဲ့ကြ သည်။ မတ်လ ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကိုအကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့သည်။ ထိုသို့ကြေငြာလိုက်ခြင်းကြောင့် သတင်းရယူရေးအပိုင်းတွင် မည်သို့အခက်အခဲများဖြစ်ပေါ်လာနိုင်သလဲ ဆိုသည်ကို သတင်းစာဆရာများ၏အမြင်များကို ဆက်သွယ်မေးမြန်းထားသည်။ ဦးမြင့်ကျော် (တွဲဖက်အတွင်းရေးမှူး (၁) ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ) လောလောဆယ် အနေအထားက ဒီလိုဆက်သွယ်မေးမြန်းတဲ့ဟာက အရေးယူခံရနိုင်သလား။ ဥပဒေနဲ့ ငြိစွန်းနိုင်သလား ဆိုတာကိုတော့ ကျွန်တော်တို့လည်း သဲသဲကွဲကွဲမသိဘူး။ ဒီလိုကိစ္စတွေမှာ အရင်က အခုလို အကြမ်းဖက်အဖွဲ့မကြေညာခင်ကဘဲ ဥပမာ မတရားအသင်းကြေညာခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ဆက်သွယ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင်သလားဆိုတာကို […]


“တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိုသာ ကြေငြာလိုက်ရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့ ရပ်တန့်ဖို့ အဆင်သင့်ပဲဆိုတာ ကျနော်တို့ နားလည်ပါတယ်” ပဒိုစောတာဒိုမူး (အထွေထွေအတွင်းရေးမှူးချုပ်၊ KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းခြင်း ၂၉ မတ် ၂၀၂၀ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်း ဆိုင်ရာ အဆုတ်ရောင်ရောဂါ ကပ်ဆိုးကြီးကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအဖြင့် အပစ်ရပ်ပေးဖို့ ကရင်အမျိုး သား အစည်းအရုံး KNU က အစိုးရနဲ့ တပ်မတော်ကို မတ်လ ၂၆ ရက် တွင် တောင်းဆို လိုက်ပါတယ်။ လက်ရှိမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါဟာ ကမ္ဘာတစ်၀န်း ကူး စက်မှု လျင်မြန်စွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန် အထိ ၈ ဦး ကူးစက်ခံထား ရပါတယ်။ အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေသကဲ့သို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေကလည်း […]


“ရေကြောင်းကရော လေကြောင်းကရော ကြည်းတပ်ကရော လက်နက်ကြီးမျိုးစုံနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့ အချိန်မှာ ကျနော်တို့ဖက်က ခုခံရေးမှအပ တစ်ခြားနည်းလမ်း မရှိဘူး” ဦးခိုင်သုခ (ULA/AA)

ရခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းခြင်း ၂၈ မတ် ၂၀၂၀ မြန်မာတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်(Covic-19) ပြန့်ပွားနေလို့ စိုးရိမ်ကြောက်လန့်နေရကာ နေ့စဉ်သတင်းအချက်အလက်အမှန်များကို စောင့်ကြည့်နေရချိန်မှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ တပ်မတော်နဲ့ ရခိုင့်တပ်တော်(ULA/AA)တို့ တို်က်ပွဲတွေ ပြင်းထန်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာတစ်ဝှမ်းစစ်ပွဲတွေ ရပ်ပေးကြားဖို့ တိုက်တွန်းတောင်းဆိုနေပေမယ့် အဆိုပါ ချင်းနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲအရှိန်က လျော့ကျမသွားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင့်တပ်တော်(ULA/AA)ကို အစိုးရက မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ပါတယ်။ ဒါဟာ စစ်အရှိန်တက်ဖို့အတွက် လောင်စာဆီသဖွယ်ဖြစ်နေသလား စဉ်းစားစရာဖြစ်ပါတယ်။ ULA/AAအပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ၊ တပ်မတော်အကြား အပစ်ရပ်ရေးဆွေးနွေးပွဲတွေကတော့ ကိုရိုနာဗိုင်းရပ်အကြောင်းပြုပြီး ဆိုင်းငံ့ထားပါတယ်။ ယခုအချိန်မှာ ရခိုင်ပြည်နယ်က စစ်ပွဲအခြေအနေတွေနဲ့ အပစ်ရပ်ရေးအခြေအနေတွေက ဘယ်လိုပုံစံရွေ့ပြောင်းသွားနိုင်သလဲဆိုတာ တွေးဆနိုင်ဖို့အတွက် ရခိုင့်တပ်တော် […]


“တွေ့ဆုံဆွေးနွေးနေတာက အဖြေတစ်ခုခုတော့ ရလာမှာ ၊ ဘာပဲဖြစ်ဖြစ် အမြန်တွေ့ဆုံနိုင်တာက ပိုကောင်းတယ်” ဦးလမိုင်ဂွမ်ဂျာ (ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့)

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာနှင့် မေးမြန်းခြင်း ၂၇မတ် ၂၀၂၀ ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား Bilateral လက်မှတ်ထိုးရေးအတွက် တွေ့ဆုံဖို့ နေရာဆွေးနွေးနေရင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ထပ်မံ ကြန့်ကြာနေရပြန်ပါတယ်။ အသေးစိတ်အခြေအနေကို ငြိမ်းချမ်းရေးတွေ့ဆုံပွဲတစ်လျှောက် ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာနဲ့ ကချင်သတင်းဌာနမှ သတင်းထောက်လည်း ဖြစ် ၊ BNI-မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ရဲ့ မြေပြင်သတင်းသမားလည်း ဖြစ်တဲ့ ကိုနောနော်က ဆက်သွယ်မေးမြန်းထားပါတယ်။ ‌မေး။ ။Bilateral လက်မှတ် ရေးထိုးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် အစိုးရ NRPC တို့ရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တရုတ်နိုင်ငံ ကူမင်းမှာ လုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲမွာ ဖေဖော်ဝါရီလမှာ အလွတ်သဘောပြန်လည်တွေ့ […]


“နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအနေနဲ့ လူအားလုံးက ကိုယ့်အပေါ်ရောက်ရှိလာမယ့် မျက်လုံးစိမ်းများစွာကို နားလည်မှု ရှိရှိ မိသားစု ပုံစံမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းပါ” ဦးမိုးကြိုး (ဥက္ကဌ ၊ JACBA)

ထိုင်း-မြန်မာနယ်စပ် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ ဦးမိုးကြိုးနဲ့ တွေ့ဆုံမေးမြန်းခြင်း ၂၅ မတ် ၂၀၂၀ ကိုရိုနာဗိုင်းရပ်ကို အကြောင်းပြုပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ပုံစံမျိုးစုံနဲ့ အမိနိုင်ငံကို ပြန်လာနေကြပါတယ်။ တချို့က တရား၀င်ပုံစံမျိုး၊ တချို့ကတော့ တရား၀င်မဟုတ်တဲ့ ပုံစံမျိုးနဲ့ နယ်စပ်ဂိတ်တွေက ပြန်လာကြပါတယ်။ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီက ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှလည်း မြန်မာအလုပ်သမားတွေ ပြန်လာနေကြပါပြီ။ သူတို့တွေ ဘယ်လိုပုံစံနဲ့ ပြန်လာကြသလဲ၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကရော ဘယ်လိုလဲ၊ သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းက ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှ ဘယ်လိုပြုမူနေကြသင့်သလဲ စတဲ့ မေးခွန်းတွေကို ယခုအင်တာဗျူးမှာ ဖတ်ရှုရမှာပါ။ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးနဲ့ လတ်တလော အလုပ်သမား နေရပ်ပြန်ဝင်လာမှု အခြေအနေ […]