“PDF နဲ့ ထိတွေ့မှုဖြစ်လိုက်ပြီဆိုရင် စစ်တပ်က ဒေသခံ PDF တွေကို အငြိုးကြီးကြီးနဲ့ ကျေးရွာတွေ ဝင်ပြီးဖျက်ဆီးတာတွေ၊ ရွာသူရွာသားတွေကို သံသယနဲ့ ဖမ်းဆီးတာတွေ မလုပ်အောင် ကမ္ဘာနိုင်ငံကရော တတ်စွမ်းသမျှ ကူညီပေးကြပါ။ ကျနော်တို့ အကူအညီ အရမ်းလိုအပ်နေပါတယ်” ပင်လည်ဘူး PDF အဖွဲ့ဝင်တစ်ဦး

စစ်ကိုင်းတိုင်း ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် အမေးအဖြေ ၁၅ အောက်တိုဘာ ၂၀၂၁ စစ်ကိုင်းတိုင်းအတွင်း အင်တာနက် နဲ့ ဖုန်းလိုင်းပိတ်ထားသော ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ တပ်ချထားတဲ့အပြင် ကျေးရွာ ၁၂ ရွာခန့်ကလည်း ထွက်ပြေးနေရတဲ့အကြောင်း ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ဦးကို မေးမြန်းထားပါတယ်။


“NCA စာချုပ်ကို စပြီးတော့ ကတိဖျက်တာက စစ်ကောင်စီ ဖြစ်တယ်။ NCA ဆိုတာလည်း အဓိပ္ပါယ်မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ NCA ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တယ်ဆိုတာက အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျွန်တော်တို့ တိုင်းရင်းသားအင်အားစုတွေနဲ့ လုပ်မှ ဖြစ်တယ်” ပူးထက်နီ (CNF ပြောခွင့်ရ)

ချင်းအမျိုးသားတပ်ဦး (CNA/CNF) ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီနှင့် အမေးအဖြေ ၁၅ အောက်တိုဘာ ၂၀၂၁ လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ပြီးနောက် ချင်းပြည်နယ်အတွင်း စစ်အင်အားများ တောက်လျှောက်ဖြည့်တင်းလာသလို ချင်းပြည်နယ် အတွင်းရှိ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ဒေသတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ချေမှုန်းမည့်အသွင် ဆောင်လာပါသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNA/CNF) ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီအား ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။


“မင်းအောင်လှိုင်လည်း လက်နက်ကိုင်ပြီး အာဏာကို သိမ်းယူထားတာ၊ ဆိုတော့ NUG /CRPH ကလည်း လက်နက်ကိုင်ပြီး တော်လှန်မယ်၊ တိုက်ခိုက်မယ် လုပ်ထားတာဆိုတော့ ကျနော်တို့ လက်နက်ကိုင်တိုင်းသားအဖွဲ့တွေကလည်း ဆွေးနွေးအဖြေရှာမယ်ဆိုပြီး လမ်းပျောက်အဖြေရှာရ ခက်နေချိန်ဖြစ်တယ်” ဗိုလ်မှူးကြီးနော်ဘူ (KIO/KIA)

KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် အမေးအဖြေ ၁၂ အောက်တိုဘာ ၂၀၂၁ အခုလဆန်းပိုင်းကစတင်ပြီး ကချင်ပြည်နယ် တနိုင်းဒေသကို စစ်ကောင်စီက စစ်ကား အစီး ၆၀ ခန့်နဲ့ စစ်ရိက္ခာသွားပို့တာရှိသလို၊ စစ်ကိုင်းနယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ နဲ့ ၃၅ ဒေသကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။


RCSS နယ်မြေ တောင်ပိုင်းနယ်မြေကို ကျနော်တို့က ကျူးကျော်ပြီးတော့ တိုက်ပွဲဖြစ်တာ မဟုတ် ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာ ကျနော်တို့ SSPP လှုပ်ရှားလွှမ်းမိုးခဲ့တဲ့ နယ်မြေတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေအထားမှာ ဖြစ်တယ်” ဗိုလ်မှူးစိုင်းဖုန်းဟန် (SSPP ပြောခွင့်ရ)

နယ်မြေသတ်မှတ်ချက် အပေါ်တွင် အခြေခံပြီး ဖြစ်ပေါ်လာခဲ့သည့် SSPP နှင့် RCSS တို့အကြားက တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။


“တိုက်ပွဲ ကြာလာတာနဲ့အမျှ ပြည်သူထူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်။ တိုင်းရင်းသားအချင်းချင်း ဘာအကျိုးအမြတ်မှ မရှိဘူး။ ရန်သူတွေက အကျိုးအမြတ်ရှိသွားမယ်” ဗိုလ်မှူးစိုင်းခမ်းစံ (RCSS ပြောခွင့်ရသူ)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူနှင့် အမေးအဖြေ ၇ စက်တင်ဘာ ၂၀၂၁ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းက ကျေးသီးမြို့ နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ ပါသည်။ နှစ်ဖက်လက်နက်ကိုင်များက တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်း ထုတ်ပြန်ထားကြသော်လည်း တွေ့ဆုံဆွေး နွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေသေးကြောင်း သိရပါသည်။ နှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေသည့်အပေါ် ရပ်တန့်သွားနိုင်ရေး ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်း အဖွဲ့များ၊ ရှမ်းပြည်သူများက နှစ်ဖက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည် စေ ရန်နှင့် ပေါင်းစည်းနိုင်ရေး အကြိမ်ကြိမ် တောင်းဆိုခဲ့ကြရာ ယနေ့အချိန်အထိ […]


“တော်လှန်ရေးလုပ်ရင်းနဲ့ အနာဂတ်ဖက်ဒရယ် ဘယ်လိုထူထောင်မယ်ဆိုတာ ပြင်ဆင်ဖို့၊ ဆိုတော့ အရေးကြီးတာ NUG အထူးသဖြင့် NLD လူတွေက နားလည်ဖို့ လိုတယ်။ ကျနော်တို့က ခွဲခြားမှုမရှိဘူး။ ဖက်ဒရယ်ဖြစ်မြောက်လာခဲ့သော် Centralize သွားမလုပ်နဲ့” အေဘယ်လ်တွိ(ဥက္ကဌ – KNPP)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဌ အေဘယ်လ်တွိနှင့် ဆက်သွယ်မေးမြန်းချက် ၅ စက်တင်ဘာ ၂၀၂၁ လတ်တလောကရင်နီပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ကောင်စီရဲ့လုပ်ရှားမှု၊ KNPP ရပ်တည်ချက်၊ မျှော်မှန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအကြောင်း နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဥက္ကဌအေဘယ်လ်တွိနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။


“လက်နက်တွေကိုင်ပြီး ကျနော်တို့လို လက်နက်မပါတဲ့ သူတွေကို အနိုင်ကျင့်နှိပ်စက်တာမျိုးတွေ မခံမရပ်နိုင်ဖြစ်လို့ လက်နက်ကိုင်တဲ့ဟာကို ဆုံးဖြတ်ပြီးတော့ ဝင်ခဲ့တာ” ရဲဘော်အမျိုးသမီးတစ်ဦး

ကရင်နီဒေသအတွင်း တိုက်ပွဲဝင်နေတဲ့ မန္တလေးက ရဲဘော်အမျိုးသမီးတစ်ဦးနဲ့ မေးမြန်းချက် ၄ အောက်တိုဘာ ၂၀၂၁ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေးမှုန်းဖို့ မန္တလေးကနေ ကရင်နီပြည်ကို လက်နက်ကိုင်တော်လှန်ဖို့ ရောက်လာတဲ့ လူငယ်လေးတွေထဲမှ ရဲဘော်စိုင်းဘုန်းမင်းသန့်ဟာ အသက်ပေးဆပ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၀)ရက်နေ့ တိုက်ပွဲတစ်ခုမှာ  မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်ခဲ့သူ လူငယ်ခေါင်းဆောင် ရဲဘော်စိုင်းဘုန်းမင်းသန့်  ကျဆုံးသွားတဲ့အချိန်မှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်အမျိုးသမီးတစ်ဦးနဲ့  ဆက်သွယ်မေးမြန်းထားပါတယ်။ သူမဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။


“ကျွန်တော်တို့ကို လုပ်ခဲ့သလို သူတို့လည်း ပြန်ခံရလိမ့်မယ်။ ဝဋ်ဆိုတာ ပြန်လည်တတ်ကြတာပဲ။ ဒါကို ကျွန်တော် ဘယ်လိုမှ မေ့လိုရမှာမဟုတ်ဘူး” ကိုစိုးမင်းဦး (အကြမ်းဖက်မှုဖြင့် တရားစွဲခံခဲ့ရသူ)

အကြမ်းဖက်မှုဖြင့် တရားစွဲခံခဲ့ရသူ၊ ၁၇နှစ်ရွယ် လူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း ၂၇ စက်တင်ဘာ ၂၀၂၁ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား(၂၇)ဦးဟာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က မြန်မာစစ်တပ်ကဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ကိုဇော်မျိုးထွန်း ၂၅ နှစ်၊ ဦးသိန်းထွန်းစိန် ၃၅ နှစ်နဲ့ ဦးမောင်သန်းနု ၄၁ နှစ်တို့ဟာ စစ်ကြောရေးကာလအတွင်း သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့လက္ကာကျေး ရွာသား ၂၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီးတော့ အသက် ၁၇ နှစ်အရွယ် ကိုစိုးမင်းဦးနဲ့ အသက် ၁၈ နှစ်အရွယ် ကိုစိုးမိုးကျော်တို့နှစ်ဦးကို အသက်မပြည်သေးတဲ့အတွက် ကလေးသူငယ်အမှုနဲ့ အပြင်ကနေ တရားရင်ဆိုင်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ […]


Myanmar Peace Monitor