“အစိုးရဖက်ကိုလည်း အားမရဘူး။ တိုင်းရင်းသားလက်နက်ကိုင်ဖက်ကိုလည်း အားမရတာ အများကြီး ရှိတယ်။ အစိုးရဖက်ဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍက တအားများတဲ့အခါမှာ အဆင်မပြေဘူး” ဒေါမိနစ် – ကယောလူငယ်

၂၄ မတ် ၂၀၂၀ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ အစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အထူးသဖြင့် ကရင်အမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့အပေါ် ကရင်နီလူမျိုးစု လူငယ်တွေရဲ့ အမြင်သဘောထားတွေ ဘယ်လိုရှိပါသလဲ။ ငြိမ်းချမ်းရေးအတွက် ဘယ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ချဉ်းကပ်နေကြသလဲ။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ ပါ၀င်ပတ်သက်နေသူတွေအပေါ် သူတို့ဘယ်လို့ရှုမြင်သုံးသပ်ကြသလဲဆိုတာတွေကို ကန္တရ၀တီတိုင်းမ်မှ BNI-မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ရဲ့ မြေပြင်သတင်းသမားက တွေ့ဆုံမေးမြန်းစုစည်းထားပါတယ်။ ခူးရီးရယ် – ကယားလီဖုလူငယ် ငြိမ်းချမ်းရေးက ဒီထက် တိုးတက်ကောင်းမွန်လာတဲ့ အနေအထားမရှိဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကယားပြည်နယ်အစိုးရနဲ့ KNPP ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော လက်မှတ်ရေးထိုးထားပြီးသော်ငြားလည်း ဒီလက်မှတ်ထိုးထားတာ ပါဝင်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မှုအားက တအားနဲ့ အားနည်းနေတာပေါ့။ အဲ့ဒါကြောင့် ပြည်နယ်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီထက်ပိုပြီးတော့မှ တိုးတက်လာဖို့ ရှိလိမ့်မှာ […]


“မူအရ ပါဝင်ခွင့်ရှိပေမယ့်လည်း တချို့နေရာတွေမှာ တချို့အမျိုးသားတွေက ခါးခါးသီးသီး ငြင်းပယ်နေသေးတယ်” နော်မာမာချို(သံတောင်ကြီး အမျိုးသမီးအဖွဲ့)

သံတောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာနော်မာမာချိုနှင့် တွေ့ဆုံမေးမြန်းခြင်း ၂၀ မတ် ၂၀၂၀ ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်မှု ရှိတာလား။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စေ့စပ်ညှိနှိုင်းမှုအား ပိုကောင်းတယ်ဆိုတာကို လက်ခံတယ်ဆိုရင် ယခုအင်တာဗျူးမှာ စာရှုသူအတွက် သဘောထားတိုက်ဆိုင်မှုတွေရှိပါလိမ့်မယ်။ ဆယ်စုနှစ် တစ်ခုနီးပါး ပြည့်တော့မယ့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးထဲမှာ အမျိုးသမီးတွေရဲ့အသံ ဘယ်လောက်ပါ၀င်ခဲ့သလဲ ၊ စစ်ရဲ့ဒဏ်ကို အမျိုးသမီးတွေလည်း အမျိုးသားများနည်းတူ ခံစားတွေ့ကြုံခဲ့ရတာမို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ သူတို့ပါဝင်ခွင့်ကလည်း အရေးပါလှပါတယ်။ ဒီအေကြာင်းတွေကို ကရင်ပြည်နယ် တောင်ပိုင်းအ‌ခြေစိုက် သံတောင်ကြီး အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာနော်မာမာချိုနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး- ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခြေအနေလေးရှင်းပြပေးပါ။ ဖြေ-လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တတိယ(ပင်လုံ)အစည်းအဝေးအထိ အမျိုးတွေရဲ့ပါဝင်မှုကတော့ နည်းနည်းတော့ များလာတာပေါ့။ ဒါပေမယ့် တတိယအစည်းအဝေးမှာ အနည်းဆုံး […]


“KNU အနေနဲ့ ရွှေကုက္ကိုလ်ကိစ္စအပြင် တခြားသော စီမံကိန်းကြီးတွေကို သုံးသပ်လုပ်ဆောင်သွားမယ်” ပဒိုစောလှထွန်း(KNU)

KNU အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ တွေ့ဆုံခြင်း ၁၇ မတ် ၂၀၂၀ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာအချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့တာဟာ ၄နှစ် ကျော်ခဲ့ပါပြီ။ ဒီလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲမှာမှ ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ အင်အားအကြီးဆုံးအဖွဲ့လို့ဆိုရမှာပါ။ အခုလိုအပစ် ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် ကရင်ပြည်နယ်နဲ့ KNU ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ဒေသဖွံ့ဖြိုးရေး အခြေအနေတွေ ဘယ်လိုအနေအထားရှိပါသလဲ။ လက်တလော ကရင်ပြည်နယ်အတွင်း လူသိများနေတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ရော KNU ရဲ့ သဘောထားဘယ်လိုရှိသလဲ စတဲ့ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းအချို့ကို မိမိတို့ BNI ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဖားအံမြို့ရှိ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲမှာ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ တွေ့ဆုံ […]


“အစိုးရနဲ့စစ်တပ်က သေခြာလေ့လာဆန်းစစ်ပြီး စေတနာမှန်နဲ့ စေ့စပ်ဆွေးနွေးဖို့လိုတယ်။ တောက်လျှောက် အထက်စီးက ဆွေးနွေးခဲ့တော့ ဆွေးနွေးပွဲပေါင်းများစွာ လုပ်ခဲ့ပေမယ့် အဖြေမထုတ်နိုင်ခဲ့တာ တွေ့ရမှာပါ” ရွှေမျိုးသန့်(KNPP)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း ၁၇ မတ် ၂၀၂၀ NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တာဝန်စတင်ယူစဉ် ကာလကနေ အခုချိန်ထိ ကယားပြည်နယ် (ကရင်နီပြည်) မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဘယ်လောက် အထိလုပ်နိုင်ခဲ့သလဲဆိုတာနဲ ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကို မေးမြန်းထားပါတယ်။ မေး – NLD အစိုးရ စတက်လာတော့ ကရင်နီပြည်ညီလာခံကို လုပ်ခဲ့တယ်။ အဲ့ဒီမှာ ကရင်နီပြည် အမည်နာမ ပြန်လည်ခေါ်ဆိုရေးအပါအဝင် အချက်တော်တော်များများကို အတည်ပြုခဲ့ကြတယ်။ မီဒီယာနဲ့ တွေ့ဆုံတဲ့ နေရာ မှာလည်း ဆရာတို့ဘက်က ဒီအစိုးရလက်ထက်မှာ ပူးပေါင်းတာတွေအများကြီးလုပ်နိုင်မယ်လို့ ပြောခဲ့တယ်။ ဆိုတော့ အခုအစိုးရက သက်တမ်းကုန်တော့မယ်၊ ဒီကြားထဲ ဆရာတို့ဘယ်လောက်ထိ […]


ဖက်ဒရယ်စနစ်ကို သူတို့ ဘယ်လိုနားလည်ထားကြသလဲ

၁၆ မတ် ၂၀၂၀ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားတော် လှန်ရေး အင်အားစုများစွာ ရှိနေကြပြီး မြို့ပေါ်နိုင်ငံရေးအရ လှုပ်ရှားတောင်းဆိုနေသူများလည်း အများ အပြားရှိနေသည်။ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ကချင်ပြည်နယ်ထဲက နိုင်ငံရေးပါတီအချို့ က ခေါင်း ဆောင်များ၊ မြို့ပေါ်နိုင်ငံရေး လှုပ်ရှားနေသူများ၊ လူငယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ က တာဝန်ရှိသူ များက သူတို့ ဘယ်လိုခံယူနားလည်ထားကြပါသလဲဆိုတာကို အခုလို မေးမြန်းဖြစ်ခဲ့ပါသည်။   ဦးရွှေမင်း – လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဖက်ဒရယ်ဆိုတာ တန်းတူရေးကို သွားရမယ်။ ပြည်မ တောင်တန်း မခွဲခြားဘူး။ ပြည်နယ် တိုင်းဒေသကြီး မခွဲခြားဘူး။ တန်းတူ သွားရမယ်။ လိုအပ်တဲ့ဒေသကို ပိုပြီးဖြည့်ဆည်းပေးသလို […]


စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ‌အင်တာနက်ဖြတ်တောက်ခြင်းဟာ လူအခွင့်အရေးချိူးဖောက်မှုတွေကို အမှောင်ချလိုက်တာလား

၁၁ မတ် ၂၀၂၀ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နှင့် ရခိုင်ပြည်နယ်မြို့နယ်တစ်ချိူ့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကစပြီး အစိုးရက ပိတ်ပင်လိုက်တာဟာ ခုဆိုရင် တစ်လကျော်ရှိပါပြီ။ ဒီလို အင်တာနက်လိုင်းတွေ ပိတ်ပင်လိုက်တာကြောင့် အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေ ဘယ်လောက် ထိခိုက်နစ်နာမှုတွေရှိစေသလဲ။ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိူးနဲ့ အခုလို အင်တာနက်လိုင်းတွေပိတ်ရတာလဲ။ ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေကို ချိူးဖောက်ရာရောက်ပါသလား။ စစ်မက်ဖြစ်ပွားရာဒေသက လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြိုးစားနေသူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်သင့်တဲ့အရာကိုလုပ်တယ်လို့မြင်ပါတယ်၊ လူ့အခွင့်အရေးချိူးဖောက်မှု ဖြစ်ပျက်နေတဲ့အရာတွေကို လူတွေမသိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်၊ လူတွေဒုက္ခရောက်အောင် ရည်ရွယ်ချက်ချက်ရှိရှိနဲ့လုပ်တယ်၊ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိူးဖောက်မှုတွေကို ကမ္ဘာကမသိအောင်၊ […]


ပလက်၀ဒေသ စားနပ်ရိက္ခာကိစ္စ AA ဦးခိုင်သုခ ဘာပြောသလဲ

Photo: ခိုနူမ်းသုန်မီဒီယာဂရု(ပ်) AA ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချက် ၁၁ မတ် ၂၀၂၀။ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်၀မြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်၀မြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ၀င်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။ ထိုကဲ့သို့အခြေအနေဖြစ်နေသည့် ပလက်၀မြို့နယ်အတွက် ချင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန်စီစဉ်နေကြသော်လည်း နယ်မြေလုံခြုံမှုမရှိသည့်အတွက် သယ်ယူပို့ဆောင်၍မရကြောင်း ပြောဆိုကြသည်။ […]


“လက်နက်တွေ အပ်၊ နိုင်ငံရေးပါတီ ထောင်၊ ထောင်ပြီးရင် ရွေးကောက်ဝင်၊ အဲ့လိုပဲ ခဏခဏ ပြောနေရင်တော့ ကျနော်တို့ အရွေ့တစ်ခုကို မသွားနိုင်ဘူး” ခူးထဲဘူး(CEC, KNPP)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုအလုပ်အမှုဆောင်နှင့် တွေ့ဆုံခြင်း မတ် ၁၁ရက် ၂၀၂၀ NCA ထိုးဖို့ ဖိအားပေးတိုက်တွန်းတာထက် သဘောတူညီထားချက်တွေကို အကောင်ထည်ဖော်ပြီး ယုံကြည်မှုတည်ဆောက်ပေးရင် အနာဂါတ်အပစ်ခတ်ရပ်စဲရေးဆီကို အမြန်ရောက်နိုင်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ပြည်နယ်အစိုးရ တာဝန်ရှိသူများနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ၂၀၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ ပြည်နယ်အတွင်း အခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ ဆရာတို့နဲ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်လိုရှိလဲ။ ဖြေ ။ ။ ကျတော်တို့က ပုံမှန်လစဉ်တွေ့ဆုံတဲ့အစည်းအဝေးပဲ ဖြစ်တယ်။ အဓိကကတော့ […]