“ပြည်သူလူထုတွေကို မတရားအနို်င်ကျင့်လို့ရှိရင်ဘယ်သူပဲကျူးလွန်ကျူးလွန် အဲဒီလူကို ကျနော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှာပဲ” ဦးခိုင်သုခ

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခြင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်၊ ဆီဖလောင်းကျေးရွာသား မူလတန်းကျောင်းအုပ်ဆရာ ဦးအာဗြေလနှင့် ကြက်ဥ၀ရွာသား (၂) ဦးတို့သည် လက်နက်ကိုင်တစ်စုမှ ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပျောက်ဆုံးသွားရာမှ ရွာသားများက လိုက်လံရှာဖွေကြရာ (၃) ရက်မြောက်နေ့ ဇန်နဝါရီလ (၁၀) ရက်နေ့၌ တောတွင်းတစ်နေရာတွင် လက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။ ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကတော့ ဦးအာဗြေလနှင့် ရွာသား (၂) ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့၀င်များက ကြက်ဥ၀ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ (၁၀) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။ ထို့အပြင် (အေအေ) တပ်ဖွဲ့၀င်များသည် ကျီးလေကျေးရွာသို့ ၀င်ရောက်အခြေပြု၍ ကျေးရွာရှိ အမျိူးသမီးငယ်တစ်ဦးအား […]


“လုံခြုံရေးအကြောင်းပြပြီး ပလက်၀မြို့နယ်အတွင်း ဆန်တင်းသွင်းမှု ကန့်သတ်နေတာဟာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်” Salai Terah Thantluang

မတ် ၆ရက် ၂၀၂၀ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့တွေ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်မှာ စတင်တိုက်ပွဲဖြစ်ပွားလာတာ ခုဆိုရင် (၄) နှစ်ကျော်ရှိနေပါပြီ။ အဲဒီတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ချင်းပြည်သူတွေ နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေကြရသလို လူ့အခွင့်အရေးချိူးဖောက်မှုတွေကော ဘယ်လောက်ထိရှိနေသလဲ။ စစ်ဘေးရှောင်ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက် မရရှိကြပါဘူး။ တဖက်မှာတော့ မြန်မာ့တပ်မတော်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ကူညီထောက်ပံ့ပေးလိုသူတွေအတွက်လည်း အခက်ကြုံစေရပါတယ်။ ကုလားတန်မြစ်ကြောင်းအတွင်း အကြောင်းမဲ့ပစ်ခတ်မှုတွေကြောင့် ရေလမ်းကြောင်းကနေ စားနပ်ရိက္ခာနဲ့ ကုန်စည်စီးဆင်းမှုမလုပ်နိုင်တာတွေကလည်း ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခဖြစ်စေပါတယ်။ ဒါဟာ လူ့အခွင့်အရေးရှု့ထောင့်ကနေကြည့်ရင် ဘယ်လိုရှိပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိူးဖောက်မှုတွေကို ထဲထဲ၀င်၀င် လေ့လာပြုစုနေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Field Director Salai Terah Thantluang ကို တွေ့ဆုံမေးမြန်းထားပါတယ်။ […]


KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာခါးလီနှင့် တွေ့ဆုံမေးမြန်းခြင်း

“ပညာရေး၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေးကိုတော့ အစိုးရတာဝန်ရှိတယ်။ ကျနော်တို့ဘက်က သူတို့အတွက် နေဖို့၊ စားဖို့ လအနည်းငယ်လောက်ပဲ ထောက်ပံ့မှာပါ” ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို ကချင်ပြည်နယ် ကျေးရွာ ၁၀ ခုတွင် နေရပ်ပြန်ပို့နိုင်ရန် စီစဉ်နေပြီဖြစ်သည်။ ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်း ကူညီမှုဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး လုပ်ငန်းဖော်ဆောင်မည်ဖြစ်သော လုပ်ငန်းနောက်ဆုံးအခြေအနေကို KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာ ခါးလီကို တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ စစ်ပြေးဒုက္ခသည်တွေကို နွေရာသီကျရင် နေရပ်ပြန်ပို့မယ်ဆိုပြီး သတင်းစာရှင်းလင်းထားတာ အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲသိချင်ပါတယ်။ ဖြေ။ ။ အခုမတ်လ မှ စမှာပါ။ ရွှေညောင်ပင်၊ တာလောကြီး၊ ကျောက်စခန်း၊ ဒေါ့ဖုန်းယန် စတဲ့ကျေးရွာတွေက ပြန်မယ့်သူတွေစားရင်းကို စိစစ်နေတယ်။ […]


ငြိမ်းချမ်းရေးမှာ ရွေးကောက်ခံအမတ်တွေရဲ့ အသံ ကြားရပါရဲ့လား

မတ် ၄ရက် ၂၀၂၀ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္႑နဲ့ ပါ၀င်မှု ဘယ်လိုရှိပါလဲ။ သူတို့ရဲ့ အသံတွေကို ကြားသိမြင်တွေ့ခွင့် ရရှိနေပါသလား စတဲ့ မေးခွန်းတွေကို ကရင်နီအခြေစိုက် ငြိမ်းချမ်းရေးလေ့စောင့်ကြည့်ကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ကြသလဲဆိုတာက မိမိတို့အနေနဲ့ ယခုလို တွေ့ဆုံမေးမြန်းစုစည်းထားပါတယ်။ ကိုကျော်ထင်အောင် – LAIN နည်းပညာပြုအထောက်အကူအဖွဲ့ ၊ ဥက္ကဌ ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာ ပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေ မတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး […]


ကချင်ပေါင်းစည်းပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာနှင့် မေးမြန်းခြင်း

မတ်လ ၃ရက် ၂၀၂၀ “ငြိမ်းချမ်းရေး ကျန့်ကြာနေတာက ခေါင်းဆောင်မှုပိုင်းမှာ အများကြီးမူတည်တယ်။.. ပြောတာက ငြိမ်းချမ်းရေး လုပ်နေတာက မငြိမ်းချမ်းရေး” ဒေါက်တာတူးဂျာ (ဥက္ကဌ ၊ KSPP)


KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုတာဒိုမှူးနှင့်တွေ့ဆုံခြင်း

ဖေဖော်ဝါရီ ၂၈ရက် ၊ ၂၀၂၀ “အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်တာကို ဦးစားပေး သွားမှာလား၊ ဒီလမ်းဖောက်လုပ်မှုတွေက ပိုပြီး အရေးကြီးသလားဆိုတာ ကျနော်တို့မှာ မေးခွန်းရှိတယ်” ဖဒိုတာဒိုမှူး (အထွေထွေအတွင်းရေးမှူးချုပ်-KNU) ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ နယ်မြေထဲမှာ တပ်မတော်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ လမ်းဖောက်လုပ်နေခြင်းကို အကြောင်းပြုပြီး ဦးသိန်းစိန်လက်ထက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဖာပွန်ဒေသမှာ စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၂၀၀၀ ကျော်အထိ ရှိနေပါပြီ။ နှစ်ဖက်အကြား ထိတွေ့မှု တိုက်ပွဲတွေ ဘယ်လိုရပ်တန့်နိုင်မလဲ၊ စစ်ဘေးရှောင်တွေအတွက် အစီအစဉ်တွေကို စဉ်းစားထားသလား၊ လမ်းဖောက်တဲ့ ကိစ္စကရော ဘယ်လိုညှိနှိုင်းနေသလဲ စတဲ့ မေးခွန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အခြေအနေတွေကို ယခုအင်တာဗျူးမှာ လေ့လာဖတ်ရှုရမှာပါ။ BNI-Myanmar […]


ကရင်နီအခြေစိုက် လယ်ယာမြေအရေးဆောင်ရွက်သည့် KEAN အဖွဲ့ တာ၀န်ခံနှင့် တွေ့ဆုံခြင်း

“တောင်သူတစ်ယောက်တည်းကို ၆ မှုဖြစ်အောင် တရားစွဲတယ်၊ တခါမှမကြားဘူးတဲ့ဟာတွေ၊ မဖြစ်သင့်တဲ့ဟာတွေ၊ ဒါပေမယ့် ဖြစ်နေတယ်” စောအယ်စေး (တာ၀န်ခံ-KEAN) လက်ရှိအစိုးရလက်ထက်မှာ လယ်ယာမြေဥပဒေနဲ ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကိုသွားဖို ့ မဖြစ်နိုင်တဲ့မူဝါဒတွေဖြစ်နေတဲ့အတွက် စစ်တပ်နဲ ့ပတ်သက်ဆက်နွယ်နေတဲ့မြေသိမ်းကိစ္စတွေကို လက်ရှိအစိုးရအနေနဲ ့မကိုင််တွယ်နိုင်သေးဘူးလို ့ လယ်ယာမြေအရေးဆောင်ရွက်နေတဲ့ တစ်ဖွဲ ့ဖြစ်တဲ့ Kayah Earthright Action Network က တာဝန်ခံ စောအယ်စေးကပြောဆိုလိုက်ပါတယ်။ Kayah Earthrights Action Network – KEAN အဖွဲ့ဟာဆိုရင် ကယားပြည်နယ်အခြေစိုက်အဖွဲ ့ဖြစ်ပြီး ကယား(ကရင်နီ )ပြည်နယ်ရှိ ဌာနေတိုင်းရင်းသာတွေရဲ့ မြေနှင့်အရင်းအမြစ်ဆိုင်ရာအခွင့်အရေးကာကွယ်စောင့်ရှောက်တာတွေ၊ လူ့အခွင့်အရေးနှင့်သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်တာတွေ စောင့်ကြည့်အစီအရင်ခံတာတွေ ၊ မြေ၊ သစ်တောနှင့် ပိုက်နက်နယ်နိမိတ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေ၊ ပြည်နယ် ဖက်ဒရယ်မြေအုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲမှုတွေ […]


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် ဆက်သွယ်မေးမြန်းခြင်း

“ငြိမ်းချမ်းရေးက လုပ်ခဲ့တာက ၁၀ နှစ်နီးပါးရှိနေပြီ ၊ လောလောဆယ် စေတနာပါပါနဲ့ စိတ်ရင်းစိတ်ထား မှန်မှန်နဲ့ ဝိုင်းအားစိုက်ဖို့ လိုပါသေးတယ်” ဗိုလ်မှူးစိုင်းဖုန်းဟန် (ပြောရေးဆိုခွင့်ရှိသူ ၊ SSPP) ဖေဖော်ဝါရီ ၂၁ ရက် ၊ ၂၀၂၀ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ် အစည်းအေ၀းကို ဌာနချုပ် ၀မ်ဟိုင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁၅ ရက်တာ ကျင်းပပြု လုပ် ခဲ့သည်။ အစည်းအေ၀းတွင် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ ပြည်တွင်း ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှု အခြေအနေများ […]