“AA လိုအဖွဲ့အစည်းကို ကန့်သတ်ထားပြီးမှ ငြိမ်းချမ်းရေးကို တစ်ဖွဲ့စီ ဆက်လုပ်နေမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ကြာဦးမှာ” ပဒို မန်းမန်းမန်း (အထွေထွေအတွင်းရေးမှူး(၂)ဟောင်း၊ KNU)

KNU အထွေထွေအတွင်းရေးမှူး(၂)ဟောင်း ဖဒိုမန်းမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းချက် ၃၁ သြဂုတ် ၂၀၂၀ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ရရှိခဲ့မှုနဲ့အတူ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအပေါ် သဘောတူညီမှုမရရှိခဲ့တာကလွဲလို့ အပြုသဘောဆောင်တဲ့ သုံးသပ်မှုများရှိခဲ့ပါတယ်။ KNU အထွေထွေအတွင်းရေးမှူး (၂)ဟောင်း ဖဒိုမန်းမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ငြိမ်းချမ်းရေး ညီလာခံ ကနေ နောက်ဆုံးရရှိလာတဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) နဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်လဲ။ ဖြေ – ပထမဦးဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကနေ ရရှိလာတဲ့ National accord ၂၀ လောက် ဆိုကြပါစို့။ အဲ့အချက် ၂၀ ထဲမှာမှ […]


“NCA လည်း အဆင်မပြေဘူး၊ Bilateral လည်း အဆင်မပြေတော့ အချိန်မရွေး စစ်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ အခုနေရပ်ပြန်လိုက်ရင် နောက်ပိုင်း ပိုဒုက္ခရောက်မှာလည်း စိုးရိမ်တယ်” အင်ဂေါင်အောင်ဂျာ (ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်း)

နေရပ် ပြန်သင့်၊ မပြန်သင့် စစ်ဘေးရှောင်များ၏ သဘောထားများ စုစည်းမှု ၂၆ သြဂုတ် ၂၀၂၀ စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်ဖို့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းတွေပြင်ဆင်နေတဲ့အပေါ် စစ်ဘေးရှောင်တွေရဲ့အသံကို စုစည်းတင်ဆက်လိုက်ပါတယ်။ ဒေါ်ခန်ဂျေရွယ်စွန် (မိုင်းနား၊ KBC စစ်ဘေးရှောင်စခန်း) “ကျမတစ်ဦးချင်းအမြင်ဆို အိမ်မပြန်ချင်တော့ဘူး။ အရင် ကျမ လူငယ်ခေတ်ကတည်းက စစ်ပွဲကြား ကြီးလာတာ။ အဲဒီခေတ်ကိုပြန်စဉ်းစားရင် အခုလည်း ငြိမ်းချမ်းရေးအတွက် အာမခံချက်မရှိသေးတဲ့အခါ အိမ်ပြန်ရင် အရင်လို ပြန်ဖြစ်မှာစိုးရိမ်တယ်။ ဒါပေမဲ့ ပြန်ဖို့ အားလုံးပြင်နေပြီဆိုတော့ ဘာမှမတတ်နိုင်ပဲ လိုက်လုပ်နေရတာ။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ လုပ်နေတာကလည်း ကျမတို့ မူလမြေယာကိုပြန်ရဖို့ တစ်ခုတည်းကိုပဲ မျှော်လင့်ပြီး လုပ်နေတာဖြစ်တယ်။ အဲကြောင့် နေရပ်ပြန်ဖို့အစီအစဉ်ကို နောက်ဆုံး လက်ခံလိုက်ရတာဖြစ်ပါတယ်။” ဒေါ်ဘောက်မိုင် (တာလောကြီးကျေးရွာ၊ ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်း) “ကျမတို့ တာလောကြီးဒေသခံတွေမှာက […]


“စစ်ဖြစ်ဖို့ မလိုချင်ဘူး။ လက်နက်ထမ်းပြီးတော့မှ ရွာထွက်၊ ရွာဝင်တောင် မမြင်ချင်ဘူး။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်အိမ်ကို ပြန်၊ ဒါပြီးပြီ” စခွန်းကားလို (ကျောင်းတက်ရင်း ပေါ်တာဆွဲခံခဲ့ရသူ၊ လအိရွာ၊ ဖယ်ခုံ)

စစ်ဒဏ်ခံခဲ့ရသည့် အနောက်ကယန်းဒေသမှ ပြည်သူများ၏ ငြိမ်းချမ်းရေး စကားသံများ ၂၅ သြဂုတ် ၂၀၂၀ ကယန်းဒေသမှာ ကယန်းပြည်သစ်ပါတီ/တပ်မတော် (KNLP/A) ကို ၁၉၆၄ ခုနှစ်မှာ ဖွဲ့စည်းထူထောင်ပြီး စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အပစ်ခတ်ရပ်စဲဖို့ စစ်အစိုးရနဲ့ သဘော တူညီမှုရရှိ ခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလအတွင်း စစ်ဘေး၊ စစ်ဒဏ်ခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသက ပြည်သူတွေရဲ့ ခံစားချက်နဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်က ဘာတွေဖြစ်မလဲ၊ ဒီအနှစ် ၃၀ ကာလအတွင်း ပြည်သူတွေ ကြုံတွေ့၊ ခံစားခဲ့ရတဲ့ အခက်အခဲတွေနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်တွေ ဖော်ပြပေးလိုက်ပါတယ်။ စခွန်းကားလို (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်) “ကျနော် ဇာတိချက်မြုပ် အဲဒီကမိုက်ရွာမှာပါ။ ၁၉၈၅ မှာ စစ်တပ်က အတင်းအကြပ်ပြောင်းစေခိုင်းတာ၊ […]


“မြန်မာပြည်မှာ ဖက်ဒရယ် မရသေးသရွေ့ကတော့ ဘယ်ချေးငွေမှ ဆက်ပြီးတော့ ခွင့်မပြုသင့်ဘူး” စောလေးကပေါ (KPSN တာ၀န်ခံ)

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် တာ၀န်ခံနှင့် အမေးအဖြေ ၂၄ သြဂုတ် ၂၀၂၀ COVID- 19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ပြန်လည် မောင်းနှင်နိုင်ဖို့အ တွက် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၁ ဘီလီ ယံ ကျော်ကို အစိုးရကို ချေးပေးဖို့ ခွင့်ပြုထားတဲ့ အပေါ် အရပ်ဖက် အဖွဲ့အစည်းတွေက ကန့်ကွက်တယ်လို့ ပြောပါတယ်။ အဲဒီချေးငွေတွေဟာ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသတွေအတွက် မဟုတ်ဘဲ ရန်ကုန်နှင့် မန္တ လေးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေချပေးနေတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ထောက်ပံ့ခြင်း ဖြစ် တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အဲဒီ ချေးငွေတွေဟာ စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်း ရှင်တွေဆီ ရောက်ရှိသွား မယ်ဆိုရင် လက်ရှိ တိုင်းရင်းသားဒေသတွေမှာ […]


“ဒီညီလာခံက အောင်မြင်မှုများတယ်ဆိုရင် လက်ရှိဦးဆောင်ဖော်ဆောင်နေတဲ့ အာဏာရပါတီက သူကတော့ နည်းနည်းပိုပြီးတော့ မျက်နှာကောင်းရမှာပေါ့” စိုင်းကျော်ညွှန့် (SNLD ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

UPDJC အတွင်းရေးမှူးအဖွဲ့ဝင်၊ SNLDမှ စိုင်းကျော်ညွှန့်နှင့် အမေးအဖြေ ၁၇ သြဂုတ် ၂၀၂၀ ၂၁ ရာစု ပင်လုံညီလာခံ (စတုတ္ထအကြိမ်) အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးပွဲ တွေအတွက် ဆွေးနွေးမှု အဆင့်ဆင့်ကနေ သဘောတူ ရယူထားကြတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကိုလည်း လက်မှတ်ရေးထိုး သွားကြမယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာတော့ NLD အစိုးရ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ အနေနဲ့ ဒီညီလာခံကို မဖြစ်မနေ လုပ်ဆောင်နေတယ်လို့ ပြောဆိုမှုတွေလည်း တွင်တွင်ကျယ်ကျယ် ထွက်လာပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ […]


“ငြိမ်းချမ်းရေးကို ပါးစပ်နဲ့ပဲပြောရင် ပါးစပ်နဲ့ပဲရမယ် လက်တွေ့လုပ်မှ လက်တွေ့ရမယ် လက်တွေ့မလုပ်ရင်တော့ လက်တွေ့မရဘူး၊ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောချင်တာက လက်ရှိအစိုးရနိုင်ငံရေးအမြင်အရဆိုရင် ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲ” နိုင်တလညီ (မွန်ညီညွတ်ရေးပါတီ ၊ ဗဟိုအလုပ်အမှုဆောင်)

မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင် နိုင်တလညီနှင့် တွေ့ဆုံမေးမြန်းချက် ၁၁ သြဂုတ် ၂၀၂၀ လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်း ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်ပါသလဲ၊ လက်ရှိအစိုးရနှင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုသုံးသပ်နိုင်မလဲ စတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ရှိချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်လည်းဖြစ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်တဲ့ နိုင်တလညီနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးအပေါ် မွန်ညီညွတ်ရေးပါတီ သဘောထား ဘယ်လိုရှိပါသလဲ။ ဖြေ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အရေးကြီတဲ့ညီလာခံတစ်ခုဖြစ်တာပေါ့။ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရှိရင် ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။ ဒီမိုကရေစီရေးတို့ နိုင်ငံဖွံ့ဖြိုးရေးတို့ အခြားအရေးတွေအားလုံး အထိုက်အလျှောက် ဘာမှလည်း တိုးတက်လာမှာမဟုတ်ဘူး၊ ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အရေးကြီးတယ်၊ အရေးကြီးတဲ့အတွက်ကြောင့် […]


“NCA လက်မှတ်ထိုးမယ် ဆိုတဲ့ဘက်ကပဲ သွားနေမယ်ဆိုရင် ပင်လုံညီလာခံပဲလုပ်လုပ်၊ ငြိမ်းချမ်းရေးညီလာခံပဲ လုပ်လုပ်၊ အဖြေက ကောင်းတဲ့နိုင်ငံရေးဘက်ကို ရွေ့လာမှာမဟုတ်ဘူး” ဒေါ်ဆန်ထွယ် (KWAT)

၁၀ သြဂုတ် ၂၀၂၀ မကြာခင် နေပြည်တော်တွင်ကျင်းပပြုလုပ်တော့မည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးအတွက် ကချင်လူထုတွင် စိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ရသည်။ ညီလာခံနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အသံကို မေးမြန်းထားပါသည်။ ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် ပြည်သူ့ပါတီ – KSPP၊ ဥက္ကဌ) “၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ အစိုးရအသစ် ပြောင်းလာမယ်။ ဘယ်ပါတီ ဦးဆောင်တဲ့ အစိုးရဖြစ်မယ်တော့ မသိဘူး။ ညွန့်ပေါင်းအစိုးရပဲဖြစ်လာမလား မသိဘူး။ ဒါပေမဲ့ အဲဒီအစိုးရ အသစ်ကလည်း ပင်လုံညီလာခံကို ဆက်လက်လုပ်ဆောင်ရမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်။ ပင်လုံညီလာခံရဲ့ နောက်ဆုံးပန်းတိုင်က ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ထောင်မယ်ဆိုတာဖြစ်တယ်။ ရွေးကောက်ပွဲပြီးနောက် ထွက်လာမဲ့အစိုးရက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လိုမျိုးအဆင့်ကနေ ဆက်လက်လုပ်ဆောင်သွားမလဲဆိုတာပဲ […]


“ဒေသရဲ့ လိုအပ်ချက် အကူအညီတွေကို နိုင်ငံတကာက တိုက်ရိုက် ကူညီပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေလာမှာ ၊ ကြားထဲမှာ အစိုးရကနေ သဘောတူမှ ထောက်ပံလို့ရမယ်ဆိုရင် အခြေအနေက ကြန့်ကြာမယ်” နိုင်ဗညားလယ်(NMSP)

မွန်ပြည်သစ်ပါတီ COVID- 19 ထိန်းချုပ်ကာကွယ်ကုသရေးဗဟိုအဆင့် အဖွဲ့ခေါင်းဆောင်နှင့် အမေးအဖြေ ၇ သြဂုတ် ၂၀၂၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့ နယ်ထဲက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွေမှာ COVID- 19 ကာလအတွင်း ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိတဲ့အတွက် အဲဒီဒေသက ပြည်သူတွေဟာ စား၀တ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်သစ်ပါတီ NMSP က ပြောပါတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးထဲ က ဒေသတွေမှာကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ နှင့် တိုင်းဒေသကြီးရဲ့ ကူညီထောက်ပံ့မှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးနှင့် တိုင်းဒေသကြီးရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တဲ့အတွက် ပြည်သူများအနေနဲ့ စား၀တ်နေရေး ခက်ခဲမှုကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပေမယ့်လည်း […]