“စစ်ပွဲတွေကိုလည်း အမြန်ဆုံး ရပ်တန့်စေချင်တယ်။ ဘာလို့ဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်ဖို့အတွက် ဒီလိုပဲ စစ်ဘေးရှောင်စခန်းမှာ နေရမယ်ဆိုရင် အကုန်လုံး ပျောက်ကွယ် သွားတော့မယ်” မမေစိုးတင် (စစ်ဘေးရှောင်လူငယ်)

စစ်ဘေးရှောင်ကျောင်းသား၊ လူငယ်များ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေး ၇ သြဂုတ် ၂၀၂၀ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာသို့ နေရပ် စွန့်ခွာထွက်ပြေးနေရသူဦးရေ နှစ်သိန်းခန့်အထိ ရှိလာနေသည်။ ယင်းအထဲမှ စစ်ဘေးရှောင်စခန်း မှာ နေထိုင် ရသူများထဲတွင် ကျောင်းသား၊ ကျောင်းသူနှင့် လူငယ်များ ၃၀% ခန့်ပါဝင်နေကြောင်း စစ်ဘေးရှောင်စာရင်းများကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမွ သိရသည်။လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများမှာ မိမိနေရပ်၊ နေအိမ်မဟုတ်သည့် ဘုန်းတော်ကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းများတွင် အခက်အခက်များစွာနှင့် ဖြတ်သန်းနေရသည်။ ယင်းအထဲမှ စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေ သော ကျောင်းတက်ရမည့် ကျောင်းသားများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသော လူငယ်များ၏ ရည်မှန်းချက်၊ အနာဂတ်များကို လက်ရှိ ရောက်နေသည့်နေရာမှ […]


“ငြိမ်းချမ်းရေးကို ဘယ်လိုနားလည်လည်းဆိုတော့ အရင်တုန်းကလို လက်နက်တွေဘာတွေ၊ တိုက်ပွဲတွေ မဖြစ်တဲ့ဟာပေါ့။ အလောက်ပဲ သိတယ်” မဘူးမယ် (ငယ်) (တောင်ပိုင်းရပ်ကွက်၊ ရွာသစ်မြို့)

ဘောလခဲခရိုင်အတွင်းက စစ်ရှောင်ပြည်သူများရဲ့ စကားသံများအား စုစည်းဖော်ပြချက် ၄ သြဂုတ် ၂၀၂၀ ၁၉၉၆ ခုနှစ် ဝန်းကျင်မှာ ပြည်တွင်းစစ်ကြောင့် မိမိတို့ ရပ်ရွာတွေကို စွန့်ခွာခဲ့ရပြီး ဘောလခဲခရိုင် ရွာသစ်မြို့ရှိ စုစည်းရွာတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေ အများအပြားရှိခဲ့ပါတယ်။ ရွာသစ်မြို့မှာဆိုရင် ရှမ်းနဲ့ကယားလူမျိုးတွေ အများဆုံးနေထိုင်တာ တွေ့ရပြီးတော့ ကယန်းလူမျိုးတွေလည် အနည်းငယ်နေထိုင် ကြပါတယ်။ ခုလို စုစည်းရွာတွေဘက် ရွှေ့ပြောင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ တောင့်တ နေကြပါတယ်။ ဘောလခဲမြို့နယ်၊ ရွာသစ်ဒေသခံ အမျိုးသမီးတွေက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပြောဆိုချက်တွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။ ဒေါ်ဘူးမယ် (လွယ်ဝိုင်းကျေးရွာအုပ်စု) “နမ့်မလင်းရွာကနေ ပြောင်းလာတာ။ ခုက လွယ်ဝိုင်းပြောရမှာပေါ့။ ၂၄ နှစ်ကြာပြီ။ ပြောင်းလာခါနီးအချိန်မှာဆို တောထဲမှာပဲ သွားပုန်းနေရတယ်။ မပြောင်းလာချင်ပါဘူး ဘယ်သူမှ၊ […]


“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး” ဦးရွှေမျိုးသန့်(အထွေထွေ အတွင်းရေးမှူး၊ KNPP)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အထွေထွေ အတွင်းရေးမှုး ဦးရွှေမျိုးသန့်နှင့် မေးမြန်းခြင်း ၁ သြဂုတ် ၂၀၂၀ မေး ။ ။ စတုတ္တအကြိမ် ၂၁ ပင်လုံ ညီလာခံကို လာမဲ့ သြဂုတ်လ ၁၂-၁၃-၁၄ မှာ ကျင်းပမယ်လို့ သိရတယ်ရှင့်။ ဆိုတော့ ဒီညီလာခံကို ဆရာတို့ KNPP အနေနဲ့ တက်ရောက်ဖို့ အစီအစဉ်ရှိသလား၊ ဘယ်လို စီစဉ်ထားလဲ သိချင်ပါတယ်ရှင့်။ ဖြေ ။ ။ ကျနော်တို့ အစီအစဉ်မှာတော့ တရားဝင်ဖိတ်စာ မရသေးဘူးပေါ့နော်။ ကျနော်တို့ ရပ်တည်ချက်နဲ့တော့ နည်းနည်း စဉ်းစားရမယ် ။ ဒီညီလာခံကို ကျနော်တို့ ကြည့်နေတယ်။ သူတို့ပြောတာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ပြောတာပေါ့လေ။ ဒါပေမဲ့ တကယ်တမ်း အသံတွေပေါ့။ အထူးသဖြင့် တိုင်းရင်းသား […]


“ စွန့်ပစ်ခံတဲ့ တိုင်းရင်းသားတွေဖြစ်နေတော့ တစ်ခုမှ ခံစားပိုင်ခွင့်လည်း မရှိဘူး။ ခံစားရတာပဲ ရှိပါတယ်။ အဲဒါကြောင့် နိုင်ငံရေးသားကောင် မဖြစ်ဖို့အတွက် ဆက်လက်ပြီးတော့ ခရီးဆက်မယ်” ဦးတင်လှိုင်ဝင်း (အထွေထွေအတွင်းရေးမှူး၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ)

၃၁ ဇူလိုင် ၂၀၂၀ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လူနည်းစု ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ကမန် အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း ကို ဆက်သွယ်မေးမြန်းထားပါသည်။ ကမန်အမျိုးသားတိုးတက်ရေးပါတီအေနနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်နှစ်နေရာလောက် ဝင်ပြိုင် သွားမလဲ။ ဘာတွေပြင်ဆင်ထားပြီလဲ။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အနည်းဆုံး (၄)နေရာနဲ့အထက်ကို လောလောဆယ် လျာထား သတ်မှတ်ထားတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားဝင်ဆော်သြစည်းရုံးပိုင်ခွင့်မရှိသေးသလို တစ်ဖက် မှာလည်း ကိုရိုနာနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်တာတော့ မရှိသေးပါဘူး။ သို့သော်လည်း ပါတီဝင်တွေအနေနဲ့ကတော့ အခုလိုပဲ ပါတီရဲ့ မူဝါဒ တွေကို အားလုံးနားလည်သဘောပေါက်အောင် ဆော်သြစည်းရုံးရင်းနဲ့ တိုက်တွန်းတာတွေကို ဆောင်ရွက် နေတာတော့ ရှိပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းက အခြေအနေကိုလည်း […]


“KIO/KIA နဲ့ တပ်မတော်ရဲ့ ကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူလူထုကို ကယ်ထုတ်ဖို့ တောင်းဆိုတာ၊ ဒါကို တပ်ကလည်း တရားစွဲတယ်။ ရဲဖက်ကလည်း တရားစွဲတယ်။ ပြီးရင် ကျနော်တို့ကို မရ ရအောင် ထောင်ချလိုက်တယ်” ကိုလွမ်းဇောင်း (ဥက္ကဋ္ဌ ၊ ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ-AKYU)

ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU) ဥက္ကဋ္ဌ ကိုလွမ်းဇောင်းနှင့် အင်တာဗျူး ၃၀ ဇူလိုင် ၂၀၂၀ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဟစ်ကြွေးခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ဖွဲ့စညး်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်တွေကို ဘယ်လောက်လုပ်ဆောင်နိုင်ခဲ့ပါသလဲ။ ဒီမိုကရေစီဖွံ့ဖြိုးမှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU) ဥက္ကဋ္ဌ ကိုလွမ်းဇောင်းက ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း ဘာတွေပြုပြင်ပြောင်းလဲခဲ့လဲ၊ အားသာချက်နဲ့ အားသာချက်က ဘာတွေလဲ၊ စတဲ့မေးခွန်းတွေကို ကိုလွမ်းဇောင်းအား မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး – NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေရခဲ့လဲ၊ အရင် အစိုးရလက်ထက်နဲ့ရော ဘာတွေ […]


“ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ သွားဖို့ကို အမြဲတမ်းလည်း လမ်းဖွင့်ထားပေးတယ်။ ဒါပေမဲ့ ပြန်ကြည့်ရင် နှစ်ဖက်စလုံးက သဘောတူညီချက် လက်မှတ်ထိုးထားတာတွေကို အကောင်အထည် မဖော်နိုင်ကြဘူး” နော်ဝါးခူရှီး (KPSN)

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်း ၂၉ ဇူလိုင် ၂၀၂၀ တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အခြေတည်ပြီး ဆောင်ရွက်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်အလုပ်ဖြစ်တယ်လို့ သုံးသပ်နေကြသလဲ၊ တိုက်ပွဲတွေရပ်စဲဖို့အတွက် စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အမှန်တကယ်ရော တိုက်ပွဲတွေရပ်စဲခဲ့သလား စတဲ့မေးခွန်းတွေကို ယခုအင်တာဗျူးမှတ် ဖတ်ရှုရမှာပါ။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး – ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အစိုးရ သက်တမ်းမကုန်ခင် ဘာကြောင့် အစောတလျင်လုပ်ရတယ်လို့ သုံးသပ်မိလဲ။ ဖြေ – ကျမတို့ မြင်မိတာက သူတို့(အစိုးရ) အခုလို အလောတကြီးပုံစံ လုပ်ဆောင်ရတာက သူတို့ သက်တမ်း မကုန်ခင် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်သွားနေသေးတယ်ဆိုတာကို ပြသချင် တာလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာတစ်ခုက […]


“ဖက်ဒရယ်ဆိုတာက တရားမျှတခြင်းကို ပြောတာ။ တစ်ယောက်နဲ့ တစ်ယောက် အနိုင်မကျင့်ဘူး။ ဘယ်အပေါ်မှာ အနိုင်မကျင့်ဘူးလဲဆိုတော့ လူနည်းစု၊ လူများစုဖြစ်တဲ့အပေါ်မှာ အနိုင်မကျင့်ဘူး” ဦးမော်ထွန်းအောင် (မဟာဗျူဟာ အကြံပေး၊ Another Development)

၂၇ ဇူလိုင် ၂၀၂၀ ထိရောက်မှုရှိတဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို ပြောင်းလဲဖို့အတွက် လှုံ့ဆော်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းချက်ထုတ်ရာမှာ ပါဝင်နိုင်ဖို့ Another Development (AD)ကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတစီမံခန့်ခွဲမှုနှင့် အနာဂတ် ဖက်ဒရယ်ဆိုင်ရာ အယူအဆပိုင်းတွေကို AD ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ် မဟာဗျူဟာအကြံပေးလည်း ဖြစ်တဲ့ ဦးမော်ထွန်းအောင်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး – လက်ရှိမှာ ကျောက်မျက်ဥပဒေကလည်း ရှိတယ်ပေါ့။ ဒါပေမယ့် ဖားကန့်လိုမျိုးဖြစ်စဉ်တွေမှာဆိုရင် အစိုးရက ဒေသခံတွေ ရေမဆေးတွေအပေါ် အပြစ်ပုံချတဲ့ သဘောတွေ တွေ့ရတယ်။ ဆိုတော့ အစိုးရအနေနဲ့ ဒီကျောက်မျက် ဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုအ ခက်အခဲတွေ စိန်ခေါ်မှုတွေ၊ ရှိနေတာလဲဆိုတာ အပြင်လူတစ်ယောက်အနေနဲ့ သုံးသပ်ပေးပါ။ ဖြေ – […]


“အရင့်အရင်ဆွေးနွေးပွဲတွေက ဦးအောင်မင်း၊ ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ မျိုးဆက်လက်ထက်က အပေးအယူလုပ်ပြီး သဘောတူခဲ့ကြတာ ရှိတယ်၊ အခု ကျနော်တို့ဆွေးနွေးနေရတဲ့ ဗိုလ်ချုပ်ရာပြည့်၊ ဗိုလ်ချုပ်မင်းနောင်တို့က ဒါကို သူတို့ မသိပါဘူးတဲ့” နိုင်အောင်မငေး(NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်)

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် နိုင်အောင်မငေးနှင့် ဆက်သွယ်မေးမြန်းချက် ၂၇ ဇူလိုင် ၂၀၂၀ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် သြဂုတ်လ ၁၂-၁၃-၁၄ ရက်နေ့များတွင် ကျင်းပသည့်အခါ တပ်မတော်ပါဝင်သော အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO တို့ ချုပ်ဆိုကြမည့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် နိုင်အောင်မငေးနှင့် မွန်ဘာသာ ဆက်သွယ်မေးမြန်းချက်ကို မြန်မာဘာသာသို့ အနီးစပ်ဆုံးပြန်ဆိုသည်။ မေး – မကြာမီကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် Union Accord-3 ချုပ်ဆိုတဲ့အခါ ဘယ်လိုအချက်အလက်တွေ ပါဝင်လာမလဲဆရာ။ ဖြေ – အခု Union […]