ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်နှင့် တွေ့ဆုံခြင်း

“တပ်တွေအနေနဲ့ .. တောင်သူလယ်မားတွေအပေါ်မှာ စွဲဆိုထားတဲ့ အမှုအားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးခြင်းအားဖြင့် တောင်သူလယ်သမား အပေါ်ထားတဲ့ သဘေားထားကြီးမှုကို ပြသနိုင်ရင်တော့ အကောင်းဆုံးပါ” ကိုတူရယ် (ဥက္ကဌ – ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ)


ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး (၂) မော်ဖရေးမြာနဲ့ တွေ့ဆုံခြင်း

“လူထုရဲ့တောင်းဆိုချက် လိုအပ်ချက်တွေကို လျစ်လျူရှူပြီးတော့ သူတို့လုပ်ချင်တာလုပ်တဲ့ အပိုင်းတွေ၊ လူထုနဲ့ အဆင်မပြေမှု မြောက်များစွာကို ကြည့်ခြင်းအားဖြင့် လုံး၀မငြိမ်းချမ်းသေးဘူးလို့ ပြောလို့ရတယ်” မော်ဖရေးမြာ (အတွင်းရေးမှူး -၂ ၊ ကရင်နီအမျိုးသမီးအစည်းအရုံး) ကယား(ကရင်နီ)ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ထားသလဲဆိုတာကို ယခုအင်တာဗျူးမှာ မြင်တွေ့ရမှာပါ။ ကရင်နီဒေသရှိ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္႑မှာ ပါ၀င်နေမှုနဲ့ ငြိမ်းချမ်းရေးမှာ ဘယ်လိုနေရာပေးခြင်းခံရသလဲဆိုတာတွေကို ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး (၂) မော်ဖရေးမြာနဲ့ တွေ့ဆုံမေးမြန်းထားသည်များထဲမှာ ကောက်နှုတ်တင်ပြအပ်ပါတယ်။ မေး ။ ။ အရင်ဆုံး ကယား(ကရင်နီ)ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစ်မရဲ့ အမြင်လေး ပြောပြပေးပါ။ ဖြေ ။ ။ ကျမတို့ပြည်နယ်မှာ ငြိမ်းချမ်းတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပြည်နယ်ထဲမှာဆိုရင် ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုနဲ့ တပ်ပိုင်းဆိုင်ရာမှာက […]


“လူမျိုးတစ်မျိုးဟာ တန်းတူခွင့်ရမယ် ဒီမိုကရေစီရှိမယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်ဆိုရင် ဘယ်သူမှ ခွဲထွက်မှာ မဟုတ်ဘူး” နိုင်ဟံသာ ( ဥက္ကဌ – မွန်ပြည်သစ်ပါတီ )

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာနဲ့တွေ့ဆုံခြင်း မြန်မာ့ငြိမ်းချမ်းရေးရှေ့အလားအလာနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ လည်းဖြစ် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့(Myanmar Peace Monitor – BNI) ရဲ့ မြေပြင်သတင်းစာဆရာလည်း ဖြစ်တဲ့ ဗညားအောင်က မွန်ဘာသာနဲ့တွေ့ဆုံမေးမြန်းချက်ကို အနီးစပ်ဆုံး မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ မေး- ကနဦး ကျနော် မေးချင်တာက တစ်နှခွဲကြာ တစ်ဆို့ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စပါ။ မကြာသေးခင် ၈ ကြိမ်မြောက် JICM အစည်းအဝေး ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ပေါ် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ သိထားရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွေမှာ အကောင်းဘက်က ဘာရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲဆရာ။ ဖြေ- (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ပြီးချိန် ၂၀၁၈ နှစ်လယ်ကစပြီး ကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားလို့မရတော့ဘဲ ရပ်တန့်ခဲ့တာပေါ့၊ ဒါပေမယ့် ဒီကနေ့အနေအထားမှာတော့ အစိုးရဘက်ကနေပြီး […]


“အင်အား ၅သောင်းရှိပါလျက်နဲ့ လွှတ်တော်ရုံးကလည်း ကရင် ဖြူတွေ ရွာနားမှာရှိပါလျက်နဲ့ ကရင်ဖြူတွေ လွှတ်တော်အထိ ဝင်ရောက် အရွေးချယ်ခံပိုင်ခွင့်မရှိတာ၊ မတက်နိုင်တာကို တော်တော်စိတ်မကောင်းဘူ” ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်

ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်အား ကေအိုင်စီ-ကရင်သတင်းဌာနက ဇွန်လဆန်းတွင် သွားရောက်တွေ့ဆုံမေး မြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။ ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကော်မတီကိုဘယ်ခုနှစ်ကစပြီး ဘယ်လိုပုံစံဖွဲ့စည်းခဲ့တာလဲ။ ကရင်ဖြူရေးရာကော်မတီကို ကျနော်တို့ ၂၀၁၅ မှာ စတင်ဖွဲ့စည်းတည်ထောင်တယ်။ ဘာကြောင့် ဖွဲ့စည်းလဲဆိုတော့ ၂၀၁၄သန်းခေါင်စာရင်းမှာ ကရင်ရဲ့အောက်မှာ ကရင်ဖြူမျိုးနွယ်စုဆိုတာ ပါလာတယ်။ ကုဒ်နံပါတ်က ၃၀၂ ပါလာရဲ့သားနဲ့ သန်းခေါင်စာရင်းရောက်လာတဲ့အချိန်ကျတော့ မင်းတို့က ကရင်မဟုတ်ဘူး။ မင်းတို့ဒီကုဒ်ကို ပြောင်းထည့်ပါဆိုပြီး လာစည်းရုံး တဲ့အချိန်မှာ ဒီက ကျနော်တို့ ရပ်မိရပ်ဖတချို့က ငါတို့က ကရင်ဖြူဖြစ်တယ်။ ငါတို့ကုဒ်ကို ငါတို့ပေးမှရမယ်ဆိုပြီးတော့မှ အဲဒီမှာ အတိုက်အခံ အကြီးအကျယ် စကားများတယ်။ အငြင်းအခုန်ဖြစ်တယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်တောင်ဖြစ်တယ်။ ကျနော်တို့ ဒီလောက်လုပ်တာတောင် မပါတဲ့သူတွေရှိတယ်။ အဓိကကတော့ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဥပမာ အလယ်ချောင်းအုပ်စုဆိုရင် ယခင်တုန်းက […]


KNU အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

“PPCM ကို ဖွဲ့တဲ့ရည်ရွယ်ချက်က လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်” ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၁၄မှ ၁၈ရက်နေ့အထိ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁ဝဖွဲ့၏ NCA_EAOs ထိပ်သီးအစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လက်ရှိ ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းစဉ်ကို PPST စုဖွဲ့မှု ပုံစံမှ PPCM (Peace Process Consultative Meeting) လမ်းကြောင်းဖြင့် ဆက်သွားရန် အဆိုပြုချက်တစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းအဆိုပြုချက်အပေါ် EAOs ထိပ်သီးခေါင်းဆောင်များအကြား အဓိက ဆွေးနွေးစရာ ကဏ္ဍတစ်ခုဖြစ်ခဲ့သလို သဘောထားကွဲလွဲမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ၎င်းအဆိုပြုချက်ကိစ္စ အပါအဝင် ရှေ့ဆက် ကေအဲန်ယူ […]


“တဖက်နှင့်တဖက် NCA အပေါ် နားလည်လက်ခံမှု မတူညီကြရင်တော့ ငြိမ်းချမ်းရေးရှေ့အနာဂတ်ခရီး ဆက်လက်လျှောက်လှမ်းသွားဖို့က လွယ်ကူမှာတော့ မဟုတ်ပါဘူး”

မေလပထမပတ်က ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်တိုးမြှင့်လိုက်သဖြင့် ဗဟိုနိုင်ငံရေးဌာနတာဝန်ခံဖြစ်လာသူ “နိုင်အောင်မငေး” အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့သည်။ မေး- မွန်ပြည်သစ်ပါတီကို ယေဘူယျအားဖြင့် ဘယ်လိုဖွဲ့စည်းထားပါသလဲ၊ သာမန်ပရိတ်သတ်တွေ သိရှိနိုင်အောင် ရှင်းပြပေးပါလား? ဖြေ-ကျနော်တို့ မွန်ပြည်သစ်ဗဟိုအဆင့်မှာ ပါတီရေးရာ၊ အုပ်ချုပ်ရေး၊ စစ်ရေးဌာနဆိုပြီး ဌာနကြီး ၃ ခု၊ ပြည်တွင်းရေးရာဌာနကြီးနဲ့ ပြည်ပရေးရာဌာနကြီး ၂ ခု စုစုပေါင်း ဌာနကြီး ၅ ခုရှိပါတယ်၊ ဒီဌာနကြီး ၅ ခုကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် EC တစ်ဦးစီက တာဝန်ယူရတာပါ၊ ပါတီမှာအမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၉ ဦးထဲမှာ ၅ ဦးက ဒီဌာနကြီး ၅ ခုကို တိုက်ရိုက်ကိုင်တွယ်တာပေါ့။ မေး- ဒါဆိုရင် ပါတီရေးရာမှာ […]


“ ၂၀၂၀မှာ ငြိမ်းချမ်းရေးရ အောင်လုပ်မယ်ဆိုတာထက် ၂၀၂၀မှာ တစ်နိုင်ငံလုံး အပစ်ရပ်အောင်လုပ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိတယ်။ အထူးသဖြင့် တပ်မတော်ပေါ်မှာပဲ မူတည်တယ်”RISE ဒါရိုက်တာ နန်းမြသီတာနှင့် တွေ့ဆုံခြင်း

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ပြောဆိုပေးရန်အတွက် ကရင်ပြည်နယ်အခြေစိုက် (Research Institute for Society and Ecology – RISE) ၏ ဒါရိုက်တာ နန်းမြသီတာကို ကေအိုင်စီ သတင်းထောက် စအိုင်ဆူး က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။


“အချက်အလက်ကောင်းတွေ ဘယ်လောက်ပဲစုဆောင်းခဲ့တယ်ဆိုဦးတော့ ပြည်ထောင်စုအဆင့်မှာ ဘယ်ချောင်ထိုးထည့်မှန်းမသိ ဖြစ်သွားတယ်”

ဗိုလ်မှူးကြီးကောင်းရွတ်သည် မွန်ပြည်သစ်ပါတီတွင် ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားအနားယူခဲ့သူ ဖြစ်သည်။ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်ဆွေးနွေးပွဲများတွင် စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကဦးဆောင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်ခဲ့သည့်အတွက် လက်ရှိ NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီအပေါ် ၎င်း၏အမြင်သုံးသပ်ချက်များအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းချက်ကို မြန်မာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။