“အပစ်အခတ်ရပ်စဲမှု ကြေညာမှုကို စစ်တိုင်းအလိုက် မသတ်မှတ်ဘဲနဲ့ တစ်ပြည်လုံး မှာ အပစ်အခတ်ရပ်စဲရေးတွေ ကြေညာပြီး လုပ်သွားရင် ပိုကောင်းတယ်” ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)

ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဗဟိုဦးဆောင်ကော်မတီဝင် ဦးမြအေးနှင့် ဆက်သွယ်မေးမြန်းခြင်း ၁ ဇူလိုင် ၂၀၂၀ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအခြေအနေမှာ ရှိနေပါသလဲ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပြွဲဖစ်ပွားနေမှုများက ဆက်လက်ဖြစ်ပွားနေဆဲပါ။ အထွေထွေရေးကောက်ပွဲကြီးကလည်း မကြာခင် ကျင်းပဖို့ ရှိနေသည်။ ထို့မတိုင်ခင် ၂၁ရာစု ပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး တစ်ခုလည်း ကျင်းပရန် လျာထားသသေးသည်။ အရပ်ဖက် အင်အားစုတစ်ခု ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်အင်အား စု ဗဟိုဦးဆောင်ကော်မတီ ဝင် ဦးမြအေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ အခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဘယ်လိုအခြေအနေ ရှိနေပါလဲ။ ဖြေ။ ။ ကျွန်တော်မြင်တာကတော့ လက်ရှိအစိုးရလက်ထက်မှာ ၂၁ ပင်လုံ ညီလာခံ ၃ ကြိမ်လုပ်ခဲ့တယ်။ လက်ရှိအခြေအနေအရ အချက် ၅၁ ချက်ထွက်တယ် ရွေးကောက်ပွဲမတိုင်မီ […]


“ ရခိုင်အမျိုးသားတွေရဲ့ နိုင်ငံရေးရေချိန်၊ အမျိုးသားရေး စိတ်ဓာတ်ခိုင် မြဲနေသမျှ ကာလပတ်လုံး ရခိုင်ဒေသမှာ ရခိုင်ပါတီကပဲ အနိုင်ရမယ်လို့ ယုံကြည်တယ် ” ဒေါ်အေးနုစိန်(ANP ပြောရေးဆိုခွင့်ရှိသူ)

ရခိုင်အမျိုးသားပါတီ ANP ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်နှင့် အင်တာဗျူး ၁ ဇူလိုင် ၂၀၂၀ မြန်မာနိုင်ငံအတွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောဆိုထားသည်။ လက်ရှိတွင် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ချို့တွင် မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုများပြုလုပ်နေကြသည်။ ယင်းသို့လာမည့် ရွေးကောက်ပွဲအတွက် ရခိုင္ အင္အားႀကီးပါတီတစ္ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ သဘောထား၊ ပြင်ဆင်နေမှု၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုတို့ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်အား မေးမြန်းထားသည်။ ANP ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေလုပ်ဆောင်နေလဲ။ လာမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ “ ဝ ” ဒေသနဲ့ ရခိုင်ပြည်နယ်ဟာ ချွင်းချက်လိုမျိုး […]


“စစ်လည်း မပြီး၊ ငြိမ်းချမ်းရေးလည်းမရဆိုတဲ့ အနေအထားကို ကျွန်တော်တို့ တိုင်းပြည်က ရောက်နေတာပါ” ဆရာသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ သိန်းစိုးနိုင်နှင့် မေးမြန်းခြင်း ၃၀ ဇွန် ၂၀၂၀ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ထင်သလောက်ခရီးမရောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံအရွေ့တိုင်းကို စဉ်ဆက်မပျက်လေ့လာသုံးသပ်နေတဲ့ စာရေးဆရာဦးသန်းစိုးနိုင်နှင့် ဆက်သွက်မေးမြန်းထားပါတယ်။ မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိ ဘယ်လို အခြေအနေ ရှိနေပါသလဲခင်ဗျား။ ဖြေ။ ။ လက်ရှိငြိမ်းချမ်းရေး အခြေအနေကတော့ သောင်မတင်ရေမကျပဲဗျ၊ ခြုံပြောရရင်တော့နော် တချို့အဖွဲ့တွေက လက်မှတ်ထိုး၊ တစ်ချို့အဖွဲ့တွေက လက်မှတ်မထိုး တစ်ချို့အဖွဲ့တွေက စစ်ရပ်ဆဲ၊ တစ်ချို့အဖွဲ့တွေက စစ်တိုက်ဆဲပေါ့ဗျာ။ တစ်ဖက်ကလည်း ၂၁ ရာစုပင်လုံ စတုတ္ထအကျော့ကလည်း ခုကိုဗစ်ကာလကြားထဲမှာဆိုတော့ သိပ်ပြီးတော့ အလုပ်ဖြစ်မယ် မထင်ပါဘူးဗျာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းကျမှ ဒီလုပ်ငန်းတွေကို အသေအချာ […]


“ဘာမှ လက်နက်မရှိတဲ့ မြေဇာပင်ပြည်သူတွေက တကယ် အခက်အခဲကြုံတွေ့နေရကြတာကို နိုင်ငံတော်ကလည်း ဝိုင်း၀န်းပြီးတော့ ဖြေရှင်းပေးစေချင်တယ်” ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ်)

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် ဆက်သွယ်မေးမြန်းခြင်း ၃၀ ဇွန် ၂၀၂၀ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ထဲမှာရှိတဲ့ ကျောက်တန်းနှင့် အနီးအနား ကျေးရွာများအတွင်း နယ်မြေ ရှင်းလင်းရေးလုပ်မှာ ဖြစ်တဲ့အတွက် ရွာသားတွေ အနေနဲ့ ခေတ္တတိမ်းရှောင် ပေးဖို့ နယ်လုံ၀န်ကြီးက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြား ထားပါတယ်။ အဲဒီစာကို ရသေ့ တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီကို နယ်လုံ၀န်ကြီးက အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ စာထဲမှာ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့တွေ ဖြန့်ကျက်လှုပ် ရှားနေတဲ့ သတင်းတွေ ရရှိထာကြောင်း ဒါကြောင့် AA နဲ့ ပတ်သက်ဆက်နွယ်သူတွေကို လက်မခံထားဖို့နဲ့ အဲဒီ ဒေသ ကို […]


“ကျောင်း ပြန်လည်ဖွင့်နိုင်ဖို့ ပလက်ဝစစ်ဘေးက ပြန်လည်ငြိမ်းဖို့ အရေးကြီးပါတယ်၊ ကျန်တဲ့အပိုင်းက ကျနော်တို့ ဖြေရှင်းနိုင်ပါတယ်” ဦးပေါင်လွန်မင်းထန်(လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်)

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် ဆက်သွယ်မေးမြန်းခြင်း ၂၃ ဇွန် ၂၀၂၀ ခိုနူမ်းသုန်သတင်း၊ အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့ကနေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနကကြေညာထားပေမယ့် ခုလိုကိုဗစ်နိုင်တင်းကာလမျိူးမှာ အခြေခံပညာကျောင်းပေါင်း ၁၄၉၈ ကျောင်းရှိတဲ့ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အဆင်သင့်ဖြစ်နေပြီလား။ ကျောင်းတွေကို ဘယ်လိုပုံစံနဲ့ တက်ရောက်မလဲ၊ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေကဘယ်လိုရှိနေလဲ။ အထူးသဖြင့် စစ်မက်ဖြစ်ပွားဒေသ ပလက်ဝမြို့နယ်မှာ ကျောင်းပြန်ဖွင့်နိုင်မယ့်အလားလားက ဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကို ခိုနူမ်းသုန်မီဒီယာမှ မေးမြန်းထားပါတယ်။ မေး ။ ။ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိနေလဲ။ ဖြေ ။ ။ ဖွင့်လှစ်နိုင်အာင်လုပ်ထားပါတယ်။ Social distancing အရ နည်းနည်း အခန်းအခက်အခဲရှိပါတယ် […]


“မပြေးနိုင်တော့ဘူး။ အသက်လည်း ကြီးနေပြီ။ မပြေးချင်တော့ဘူး။ ပုန်းလည်း မပုန်းချင်တော့ဘူး။ ပြန်ပြီး မတိုက်ခိုက်ကြပါနဲ့တော့” ဒေါ်မိမယ် – (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)

တိုက်ပွဲဖြစ်ပွားရာ ရှားတောနယ်မှ ပြည်သူ့အသံများ စုစည်းချက် ၂၂ ဇွန် ၂၀၂၀ ပြီးခဲ့တဲ့ မေလ အတွင်းမှာ ကယားပြည်နယ် ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စုအတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) နဲ့ စစ်တပ်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့ ကျေးရွာဒေသခံတချို့ရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။ ဦးဌေးရယ် – (ရှားတောမြို့နယ်၊ ဒေါကလော်လဲ ကျေးရွာ) “ဒီလိုမျိုး ပြန်ဖြစ်လာမယ်ဆိုရင် ကျတော်တို့ တောင်ယာထဲ အလုပ်လုပ်ဖို့လည်း အဆင်မပြေတော့ဘူး။ ကျတော်တို့ တောင်ယာထဲ သွားမယ်ဆိုရင်လည်း အိမ်အတွက် စိုးရိမ်တယ်။ ဘာမှ ပဋိပက္ခတွေ မဖြစ်တော့ဘူးဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် ပိုပြီးတော့ အဆင်ပြေတယ်လေ။ ကျတော်တို့ ရွာထဲမှာတော့ ပဋိပက္ခတွေ […]


“မဲပေးခွင့် ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာတွေက နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေဖြစ်တယ်။ အဲတော့ သူတို့တွေရဲ့ ကိုယ်စား ပြုမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက် သူတို့ဒေသအတွက် နစ်နာတယ်” ဦးမျိုးကျော် (UNA အတွင်းရေးမှူးအဖွဲ့ဝင်)

UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း ၈ ဇွန် ၂၀၂၀ COVID- 19 ကာလမှာ ၂၀၂၀ ရွေးကောက်ပွဲကို ပုံမှန်အတိုင်းသာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေနဲ့ ပတ် သက်ပြီးတော့ ပါတီတွေကို တရား၀င် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားတာတွေ မရှိသေးဘူးလို့ နိုင် ငံ ရေးပါတီတွေက ဆိုပါတယ်။ အဲလို အနေအထားမျိုးမှာ ဇွန်လ ၁ ရက်နေ့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစည်းထားတဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန် ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ရွှေ့ဆိုင်းတာပဲဖြစ် ဖြစ် ဒါမှမဟုတ် […]


“စစ်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတဲ့အတွက် ကိုဗစ်ကာလမှာ တစ်ချို့သော လူသားချင်းစာနာသော အကူအညီတွေပေးဖို့ ခက်ခဲတာတွေရှိတယ်။ တစ်ချိန်တည်းမှာ စစ်ပွဲကာလအတွင်း တိုင်းရင်းသားတွေအပေါ်မှာ ပိုမိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်” ဦးအောင်မျိုးမင်း(ညီမျှခြင်း-မြန်မာ)

ညီမျှခြင်း-မြန်မာ၊ ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း ၁ ဇွန် ၂၀၂၀ COVID- 19 ကာလအတွင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့များက ပြောပါ တယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ကတော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာတွေ လုပ်ဆောင်တာတွေ မရှိပဲ နှုတ်ဆိတ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့များက ဆိုပါတယ်။ ဒါကြောင့် COVID- 19 ကာလအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှုတ်ဆိတ်မနေပဲ ကိုင် တွယ် ဖြေရှင်းပေးရန်နှင့် မဖြစ်ခင်ကြိုတင်ကာကွယ်မှုမျိုးတွေ လုပ်ဆောင်ပေးရန် လူ့အခွင့်အရေးအဖွဲ့ ၂၂ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ဖြင့် […]