ကရင်အမျိုးအသားအစီးအရုံး (KNU)၏ စိုက်ပျိုးရေးဌာနမှူး ပဒိုစောနေသဘလေးနှင့် တွေ့ဆုံခြင်း

“ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ မြေယာနဲ့ သယံ ဇာတကဏ္ဍကို သွားဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ရည်ရွယ်ထားသလို စိတ်ကျေနပ်မှု မရခဲ့ပါဘူး” အစိုးရမှ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈ခုနှစ်)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ ၁၁ရက်နေ့တွင် ပြဌာန်းလိုက်သည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မြေယာနှင့်လယ်ယာစိုက်ပျိုးရေးဌာန မှူး ပဒိုစောနေသဘလေးနှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းထားပါသည်။


ပြည်သူ့အကျိုးဆောင် လူငယ်ခေါင်းဆောင် ၃ဦးကို ပြစ်ဒဏ် မချသင့်

တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော ကချင်လူငယ်ခေါင်းဆောင် ၃ဦးကို မြန်မာအစိုးရ တရားရုံးက ပြင်းထန်စွာ ပြစ်ဒဏ်ချခြင်းသည် ငြိမ်းချမ်းရေး အတွက် အတားဆီးဖြစ်နေကြောင်း ယနေ့ Dr. Manam Tu Ja ပြောဆိုလိုက်သည်။


ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့် တွေ့ဆုံခြင်း

၉-၄-၂၀၁၆ ဖားအံမြို့မှအပြန် သထုံမြို့နယ် မြသပိတ်တောင် ဘုရားလမ်းတွင် နေထိုင်သူ စောဂျူးထံ ဝင်ရောက်တွေ့ဆုံခဲ့သည်။ စောဂျူးသည် KNU ဗိုလ်ချုပ်ဟောင်းစောအုန်းဖေ၏ သားဖြစ်ပြီး တစ်ချိန်က KNU တပ်မဟာ(၅) တပ်မင်းဗိုလ်လင်းထင်၏ ကိုယ် ရေးအရာရှိလည်း ဖြစ်ခဲ့သည်။ တပ်မဟာမှူးကို ယခင်အချိန်က တပ်မင်းဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ စောဂျူးအား KNU လက်နက် ကိုင်ထဲတွင် သူ ပါဝင်ပတ်သက်ခဲ့ဖူးသည့် အကြောင်းကို မေးမြန်းခွင့်ရခဲ့ရာ စောဂျူးမှလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ သည်။


မိုင်း ရှင်းလင်းရေးအခြေအနေများကို ဦးဇော်မင်းအား တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်အတွင်း လုပ်ဆောင်နေသည့် မိုင်းအသိပညာပေးလုပ်ငန်းနှင့် လုပ်ဆောင်ရန် ကြိုးပမ်းနေဆဲဖြစ်သည့် မိုင်းရှင်း လင်းရေးလုပ်ငန်းအခြေအနေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ပြည်နယ်ဦးစီးမှူး၊ ဒုတိယညွန်ကြားရေးမှူး ဦးဇော်မင်းအား တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါတယ်။


ပဒိုစောတာဒိုမူးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

“မြန်မာအစိုးရနဲ့ မြန်မာတပ် မတော်ဘက်ကလည်းပဲ NCA အတိုင်း ရပ်တည်မယ်ဆိုရင် လမ်းကြောင်းက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။”


ပြည်နယ် တိုင်ကြားစာ ကော်မတီဥက္ကဌ စောလှမြင့်နှင့် တွေ့ဆုံခြင်း

“ပြည်သူတွေ စိတ်ကျေနပ်လောက်တဲ့အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး” ကရင်ပြည်နယ်လွှတ်တော်ရှိ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံ စာဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဌဖြစ်သူ စောလှမြင့်အား ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက် စောရှားက သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။


မွန်ပြည်သစ်ပါတီစစ်ဦးစီးချုပ် ဗိုလ်ချုပ် လယီကောင်းနှင့် ဆက်သွယ်မေးမြန်းချက်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC –U အဖွဲ့ဝင် ၁၅ ဦးတို့သည် နီပေါနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များကို တစ်ပတ်ကြာလေ့လာခဲ့သည့်ခရီးစဉ် တွင် ပါဝင်ခဲ့သူ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA စစ်ဦးစီးချုပ် “ဗိုလ်ချုပ် လယီကောင်း” အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် မွန်ဘာသာဖြင့် ဆက်သွယ်မေးမြန်းချက်ကို မြန်မာဘာသာသို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုသည်။


ဖာပွန် ဝက်သက်ရောဂါ အခြေအနေအပေါ် BPHWT ဒါရိုက်တာနှင့် မေးမြန်းခြင်း

“ကာကွယ်ဆေးတွေ ထိုးနိုင်မယ်ဆိုရင်တော့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။” ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ မူတြော် (ဖာပွန်)ဒေသမှာ သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်ပြီး လက်ရှိ စက်တင်ဘာလ တတိယအပတ် အထိ ကလေးငယ် ၃၀၀ ဦးဝန်းကျင် ဝက်သက်ရောဂါ ဆိုးဝါးစွာဖြစ်ပွားနေသော အခြေအနေနှင့်ပတ်သက်ပြီး အနီးကပ် လိုက်လံကြည့်ရှုကုသပေးနေသည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့(BPHWT) ညွှန်ကြားရေးမှူး စောဝင်းကျော်အား ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက် စောရှားက သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။