ရှမ်းမြောက် စစ်ပြေးဒုက္ခသည်များ အရေးပေါ် အကူညီလိုအပ်

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ ပြန်လည်ပြင်ထန်းလာသောကြောင့် စစ်ပြေးဒုက္ခသည်သစ် လူဦးရေတိုးလာပြီး အရေးပေါ်အကူများလိုအပ်နေကြောင်း သိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများ နှင့် မိမိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး ၎င်းတို့အတွက် အစားအသောက် နှင့် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းပြည်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းရေးကော်မတီမှ တာဝန်ရှိသူ Hkawng Dau (ဦးဟောင်းဒေါင်)က ယခုလိုပြောဆိုသည်။ “အခုချိန်မှာ အကူအညီတွေက အများကြီးလိုအပ်နေတယ်။ ပြောရမယ်ဆို အဓိကတော့ အစားအသောက်ပေါ့။ နောက်သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်။ ကူညီရေးအဖွဲ့ တွေကလည်း အခုထိသိပ် မတွေ့ရသလောက်ဘဲ။ တစ်ချို့ဆို ဘာအကူအညီ မှမရသေးတာကပိုပြီးများ နေတယ်” ဟု သူကဆိုသည်။ ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများတွင် စစ်ရှောင် လူဦးရေ ဆက်လက်တိုးလာနေဆဲ ဖြစ်သောကြောင့် အစားအသောက်များ နှင့် […]

  • Author:
  • Date: August 21st, 2019
  • Category: News

လျှပ်စစ်မီးကိစ္စကြောင့် KNU/KNLA (PC)တပ်ဖွဲ့ဝင်က ကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဆေးရုံတင်ထားရ

ကရင်ပြည်နယ်၊ မြဝတီမြို့ ဝှေ့ရှမ်းကျေးရွာအုပ်စု ညောင်နန်းသာကျေးရွာအတွင်း လျှပ်စစ်မီး အသုံးပြုရေးသွယ် တန်းမှုကိစ္စနှင့်ပတ်သက်၍ အချင်းများရာမှ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA (PC) အဖွဲ့ဝင်အချို့က ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် လက်ရှိ အုပ်ချုပ်ရေးမှူးမှာ ဆေးရုံတင်ထားလိုက်ရသည်ဟု သိရသည်။ ညောင်နန်းသာကျေးရွာတွင် လက်ရှိသုံးစွဲနေသော ထိုင်းလျှပ်စစ်မီးကိုရုတ်သိမ်းပြီး မြန်မာလျှပ်စစ်မီးကို သွယ်တန်းရန် ပြောဆိုမရသဖြင့် အချင်းများရာမှာ ကျေနပ်မှုမရှိ၍ သြဂုတ်လ ၁၈ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့နယ်၊ ဝှေ့ရှမ်းကျေးရွာအုပ်စု၊ ညောင်နန်းသာကျေးရွာ၊ သမာဓိ(၄)လမ်းနေ ညောင်နန်းသာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဦး နေအိမ်သို့ KNU/KNLA (PC) တပ်ရင်း(၇ဝ၉)ရင်းမှူး (ဒုဗိုလ်မှူးကြီး)အဆင့်ရှိ စောဝမ်းနိုင်း၏ လက်အောက်ခံများဖြစ်သော ကြည်နိုင်ဆိုသူနှင့် အပေါင်းအပါ(၅)ဦးက သေနတ်ဖြင့် ၅ချက် ပစ်ခတ်ခဲ့ပြီး တိမ်းရှောင်သွားခဲ့သည်ဟု […]

  • Author:
  • Date: August 21st, 2019
  • Category: News

အချင်းချင်း ပြန်လည်တိုက်ခိုက်ရန် ဆန္ဒမရှိတော့ကြောင်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပြော

ညီအစ်ကို အချင်းချင်းကြားတွင် ပြန်လည်တိုက်ခိုက်ကြရန် ဆန္ဒမရှိတော့ဘဲ ပြည်နယ်တွင်း ငြိမ်းချမ်းမှုရရှိလာပါ က လက်နက်မကိုင်လိုတော့ကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက (၉)နှစ်မြောက် BGF တပ်နှစ်ပတ်လည် နေ့အခမ်းအနားတွင် ပြောဆိုလိုက်သည်။ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBAမှ နယ်ခြားစောင့်တပ်အဖြစ်သို့ အသွင်ကူး ပြောင်းခြင်း (၉)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့ကို ယနေ့ (သြဂုတ်လ ၂ဝ ရက်)တွင် မြဝတီမြို့ခရိုင်၊ ရွှေကု က္ကိုမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၃)တပ်နယ်တွင် ကျင်းပသည့် အခမ်းအနား၌ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး စောချစ်သူက “ကျနော်တို့ ညီအစ်ကို အချင်းချင်း နှစ်ပေါင်းများစွာ တိုက်နေကြတာမကဘဲနဲ့ ကရင် အချင်းချင်း နှစ်ပေါင်း ၂ဝ ဝန်းကျင်လောက် သတ်နေကြတာ။ အဲ့ဒီ တိုက်တာ၊ […]

  • Author:
  • Date: August 21st, 2019
  • Category: News

ဟူးကောင်းချိုင့်ဝှမ်းဒေသခံများ၏ ‘သွေးစွန်းနေသော’ ပယင်း

ကမ္ဘာ့အဖိုးတန်ရတနာ ပယင်းထွက်ရှိရာ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို မြန်မာ့တပ်မတော်မှ သိမ်းပိုက်လိုက်ခြင်းသည် ၎င်းဒေသရှိ ဌာနေတိုင်းရင်းသားများကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည် ဟု ‘သွေးစွန်းသောပယင်း’ အစီရင်ခံစာတွင် ဖော်ပြလိုက်ပါသည်။ ဤအစီရင်ခံစာအုပ် မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို ဒေသခံများ နှင့် Kachin Development Networking Group (KDNG) တို့ သြဂုတ်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြပါသည်။ “သွေးစွန်းနေတဲ့ ပယင်းမှော်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဘာလို့ဆိုတော့ ကမ္ဘာမှာ အရမ်းအဖိုးတန် ရတနာဖြစ်ပေမယ့် ဒီဟာကို သွေးစွန်းပြီး ရယူကြတယ်။ သွေးမြေကျတဲ့ နေရာ။ ငိုကြွေးသံတွေနဲ့ ပြည့်တဲ့နေရာဖြစ်တယ်” ဟု အစီရင်ခံစာကို ထုတ်ဝေသည့် ကချင်လူမှုဖွံ့ဖြိုးရေးကွက်ရက် KDNG မှ ဦး Tsa Ji က […]

  • Author:
  • Date: August 21st, 2019
  • Category: News

ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို တရားစွဲဆိုခြင်းအပေါ် ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းအချို့ ရှတ်ချ

ရန်ကုန်မြို့တွင် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူများကို အာဏာပိုင်များမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့အစည်းအချို့က ယခုရက်ပိုင်းအတွင်း သဘောထားထုတ်ပြန်ချက် အသီးသီးထုတ်ပြန်မှုများပြုလုပ်ခဲ့ကြသည်။ ကရင်အာဇာနည်နေ့ ကျင်းပမှုများနှင့်ပတ်သက်ပြီး ကန့်ကွက်ခံရမှုနှင့် တရားစွဲဆိုမှုများကို ရှှုတ်ချသည့်အနေဖြင့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၊ နော်ဝေးနိုင်ငံရောက် နော်ဝေးကရင်ကွန်မြူနတီ-KCNနှင့် KNU-ကရင်အ မျိုးသားအစည်းအရုံး၏ ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် KNU Concerned Groupနှင့် ကရင် လူငယ်ကွန်ယက်-KYNစသည့် အဖွဲ့များက ကန့်ကွက်ရှှုတ်ချ သဘောထားထုတ်ပြန်ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့၊ ရန်ကုန်မြို့ ဗန္ဒုလပန်းခြံတွင် ကရင်အမျိုးသား အာဇာနည်ခေါင်းဆောင်များ ကို ဂုဏ်ပြုသည့် ကရင်အမျိုးသားအာဇာနည်နေ့ကို ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့သည်ဟုဆိုကာ ဦးဆောင် ကျင်း ပသူ ကရင်အမျိုးသမီးအစည်းအရုံး-KWU ဥက္ကဌ နော်အုန်းလှအပါအဝင် ရန်ကုန်နှင့် အိမ်မဲရှိ […]

  • Author:
  • Date: August 21st, 2019
  • Category: News

မြန်မာစစ်တပ် တပ်မ(၂)ခုမှ စစ်သားများ ရှမ်းမြောက်သို့ တက်လာ

မြန်မာစစ်တပ် တပ်မ (၄၄) နှင့် တပ်မ (၇၇) စစ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။ တနင်္ဂနွေ ညနေပိုင်း လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ ကွတ်ခိုင်ဘက်သို့ တက်လာသော စစ်ကား ၄၀ ကျော်နှင့် သံချပ်ကာကား ၂ စီးကို သိန္နီအနီး မြောက်ပိုင်းမဟာတပ်ဖွဲ့မှ တားဆီးပစ်ခတ်ခဲ့ကြောင်းသိရသည်။ “ညနေ ၆နာရီကျော်လောက်မှာ လားရှိုးဘက်နေ တက်လာတဲ့ ကားအစီး ၄၀ ကျော်နဲ့ တင့်ကား ၂စီးကို ခလွမ် နဲ့ နမ်တွန်းကြား ခဏပစ်ခတ်တားဆီးတယ်။ ဒါမဲ့ ကျော်ဖြတ်နိုင်ပြီး အခု သိန္နီ၊ ကျွန်းသစ်တောမှာ ရပ်နေပုံရတယ်။ တပ်မ (၄၄) နဲ့ တပ်မ […]

  • Author:
  • Date: August 20th, 2019
  • Category: News

Burma Army Shoots Two Men Dead on Muse-Kutkai Road

The Burma Army shot dead two motorbike drivers and injured two more people traveling on the road between Muse and Kutkai in northern Shan State on Sunday. The soldiers from the government forces reportedly tried to stop the motorbike drivers at the Nam Khai bridge in Nampaka, but they failed to stop. “The incident occurred […]

  • Author:
  • Date: August 20th, 2019
  • Category: News

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် ကိုက်ညီမှု မရှိသောအချက်များကို အမြန်ပြင်ဆင်ရန်လိုအပ်ကြောင်း ထောက်ခံပွဲဟောပြောခဲ့သူ နိုင်ငံရေး စီးပွားရေး သုတေသီ ဦးနိုင်ကိုကို ယခုလို ပြောဆိုပါသည်။

  • Author:
  • Date: August 16th, 2019
  • Category: News