၃၀ ဇွန် ၂၀၂၂ စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အဆိုပါဒေသရှိ ပြည်သူအများအပြား ဗန်းမောက်မြို့အနီး ကျေးရွာများနှင့် မြို့ပေါ်သို့စစ်ရှောင်လာကြရာ အမျိုးသမီး နှင့်ကလေးငယ်အများစု ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
၃၀ ဇွန် ၂၀၂၂ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် Non-CDM ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာသော Shalom Youth Committee လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
၃၀ ဇွန် ၂၀၂၂ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ကို ဒေသတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၃၀ ဇွန် ၂၀၂၂ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာထိပ်တံတား၌ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၅ ဦး ဆိုင်ကယ်စီး သေနတ်သမားများ၏ အနီးကပ်ပစ်သတ်လုပ်ကြံခံလိုက်ရပြီး သေနတ် ၃ လက်လည်း ပါသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
၂၉ ဇွန် ၂၀၂၂ ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ စစ်ဘေးရှောင်ရတဲ့အတွက် ထောင်ဝင်စာ ပုံမှန်သွားတွေ့နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ မိသားစုဝင် တချို့က ပြောပါတယ်။
၂၉ ဇွန် ၂၀၂၂ လက်နက်ကိုင်အချင်းချင်း ဖမ်းဆီးမှုအကြားတွင် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်နေခြင်းမှာ ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်အနေနှင့် ၎င်းလုပ်ရပ်ကိုမရပ်တန့်ပါက တိုက်ပွဲအချိန် မရွေးဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာကို ပြောဆိုသည်။
၂၈ ဇွန်၂၀၂၂ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ ဇွန်လအစပိုင်းကနေစပြီး ၁၀ နှစ်အောက် ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များလာနေတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့သူတွေက ဆိုကြပါတယ်။
၂၈ ဇွန် ၂၀၂၂ ရခိုင်ပြည်တွင် ယခုရက်ပိုင်း အတွင်း စစ်တွေ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အပြစ်မဲ့ အရပ်သားပြည်သူ ၃၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်လိုက်သည်။