စောဘဦးကြီး မူ ၄ချက် အဖိနှိပ်ခံတိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်ဆဲဟု ANC ပြောဆို

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်သည် မျက်မှောက်ကာလထိတိုင် အဖိနှိပ်ခံ တိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်သည့် လမ်းစဉ်အဖြစ် အသုံးဝင်နေဆဲဖြစ်သည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က သြဂုတ် ၁၂ရက် နေ့တွင် ပေးပို့သည့် ၆၈နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အတွက် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။

  • Author:
  • Date: August 14th, 2018
  • Category: News

ကရင့်အာဇာနည်များ၏ ဆန္ဒအတိုင်း ဆက်လျှောက်ရန် ကရင်ရေးရာ ဝန်ကြီးတိုက်တွန်း

ကရင့်အာဇာနည်ခေါင်းကြီးများ၏ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း ဆက်လျှောက်လှမ်းကြရန် သြဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ၆၈နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ယခုလို တိုက်တွန်းပြောဆိုသည်။

  • Author:
  • Date: August 14th, 2018
  • Category: News

အာဇာနည်များ၏ ရည်မှန်းချက် ပြည့်ဝရေး စည်းလုံးကြရန် လိုအပ်ပြီဟု KNU တိုက်တွန်း

အာဇာနည်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် ကရင်အမျိုးသားများအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်ပြီဟု ယနေ့ (သြဂုတ်လ ၁၂ရက်) KNU၊ တပ်မဟာ(၇)ဌာနချုပ်၌ ကျင်းပသည့် (၆၈)နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် KNU-ကရင်အမျိုးသား အစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

  • Author:
  • Date: August 14th, 2018
  • Category: News

ခြိမ်းခြောက်မှုများကြားက ကျင်းပရသည့် ဟင်္သာတမြို့နယ် ကရင်အာဇာနည်နေ့ အခမ်းအနား

ယနေ့ (သြဂုတ် ၁၂ရက်) ကျရောက်သည့် (၆၈)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဧရာဝ တီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံး၌ ကျင်းပရာ အာဏာပိုင်များ၏ ခေါ်ယူသတိပေး ခြင်းခံရမှုနှင့် ခြိမ်းခြောက်မှုများကြားမှ ကျင်းပပြုလုပ်ခဲ့ရကြောင်း ကျင်းပရေး တာဝန်ရှိသူများထံမှ သိရ သည်။

  • Author:
  • Date: August 14th, 2018
  • Category: News

ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်းထား အနည်းငယ်မြင့်တက်လာဟု MIPS ဖော်ပြ

လွန်ခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံ တစ်ဝှန်းလုံး၌  လက်နက်ကိုင်ထိတွေ့မှု ၂၇ ကြိမ်၊ လက်လုပ်မိုင်း တိုက်ခိုက်မှုများ ၂ ကြိမ် စုစုပေါင်း လက်နက်ကိုင်ပဋိပက္ခ ၂၉ ကြိမ်ဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် ဇွန်လထက် ဖြစ်ပွားမှုနှုန်းထား အနည်းငယ် မြင့်တက်လာကြောင်း Myanmar Institute for Peace and Security –MIPS ၏ Facebook သတင်းစာမျက်နှာတွင် ဖော်ပြသည်။

  • Author:
  • Date: August 14th, 2018
  • Category: News

ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ

၁၉၅၀ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နှင့် အပေါင်းပါတို့ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း အာဇာနည် ပီသစွာ ကျဆုံးသွားရသည့်နေ့ ဖြစ်သည်။

  • Author:
  • Date: August 14th, 2018
  • Category: News

ကူကီးလူမျိုးများအပေါ် သမိုင်းဖျောက်ဖိနှိပ်ခံရမှု အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တမူးခရိုင်အတွင်း အဓိက နေထိုင်သည့် လူနည်းစု ကူကီးလူမျိုးများအပေါ် သမိုင်း ဖျောက်ဖိနှိပ်ခံရမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ သြဂုတ် ၁၀ ရက်နေ့တွင် ကူကီးလူငယ်ကွန်ရက်က ဦးဆောင်ပြုလုပ်ခဲ့သည်။

  • Author:
  • Date: August 14th, 2018
  • Category: News

သမိုင်းဝင် ကချင်ပေါင်းစည်းပါတီကြီး အဖြစ် ‘ကချင်ပြည်နယ်ပါတီ KSP’ ကို ထူထောင်

KIA တပ်မဟာ (၆) တပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းကချင် (၄)ပါတီ KNC၊ KSDP၊ UDPKS၊ KDP ခေါင်းဆောင်များ ကချင်ပြည်နယ်ပါတီ Kachin State Party ကို သြဂုတ်လ (၁၁)၊ ၂၀၁၈ ရက်နေ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် သမိုင်းဝင်ဖွဲ့စည်း။

  • Author:
  • Date: August 14th, 2018
  • Category: News