ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူချက်တွေအပေါ် ပူးပေါင်းလုပ်ဆောင်ရာတွင် ယခင်အစိုးရထက် ယခုအစိုးရလက်ထက်မှာ ပိုအားနည်းနေကြောင်း ကယန်းအမျိုးသားပါတီ ပြောဆို

NRPC ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လွိုင်ကော်မြို့ Famous Hotel မှာ ၂၀၁၉၊ မေ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် (Photo: Hla Maung Shwe) ၁၁ စက်တင်ဘာ ၂၀၂၀ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ဆွေးနွေးသဘောတူထားချက်တွေကို အခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ အားနည်းနေတယ်လို့ ကယန်းအမျိုးသားပါတီက ခွန်းမြင့်နိုင်ကပြောပါတယ်။ “ကေအဲန်ပီပီနဲ့သဘောတူထားတဲ့အချက်တွေကို NLD ခေတ်မှာ အကောင်အထည်ဖော်ဖို့ ဆိုတဲ့နေရာမျိုးတွေမှာ မူဘောင်တွေရဲ့အခက်အခဲတွေ အကန့်အသတ်တွေ အယူအဆတွေ မတူတာလည်းဖြစ်တာပေါ့နော ဒီလိုသုံးသပ်ကြည့်တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ NLD ခေတ်မှာတော့ သဘောတူထားတဲ့ အချက်ပေါင်း ၂၀ ပေါ်မှာလည်း […]

  • Author:
  • Date: September 11th, 2020
  • Category: News

နေရပ်ပြန်ဒုက္ခသည်များ၏ အတွေ့အကြုံဆိုင်ရာ အစီရင်ခံစာ KHRG ထုတ်ပြန်

Photo: karennews.org စက်တင်ဘာ ၁၁ရက်၊ ၂၀၂ဝပြည့်နှစ်။ ပြီးခဲ့သည့် နှစ်များအတွင်း ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းစစ်ပြေးရှောင် စခန်းများမှ မိမိနေရပ်သို့ ပြန်သွား သော ဒုက္ခသည်များ၏ အတွေ့အကြုံဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG)မှ စက်တင်ဘာလ ၁၀ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ “မရေရာမှုများဆီသို့ လှမ်းဝင်ခြင်း” အမည်ဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ အစီရင်ခံစာတွင် နေရပ်ပြန်သွား သော ဒုက္ခသည်များ ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကြောင်းနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဘဝအာမခံချက်နည်းပါခြင်းဆိုင်ရာ အခက်အခဲများကို အဓိက ဖော်ပြရေး သားထား သည်။ KHRG၏ ပြောခွင့်ရ နော်ထူးထူးက “သူတို့(ဒုက္ခသည်)တွေအနေနဲ့ မြေယာ၊ ပညာရေး၊ အလုပ်အကိုင် အခွင့် အလမ်းတွေ တရားဝင် ရရှိဖို့အတွက် […]

  • Author:
  • Date: September 11th, 2020
  • Category: News

ရသေ့တောင်မြို့နယ်အတွင်း မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးအမှုကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးစေလိုကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ပြောဆို

စက်တင်ဘာလ ၁၀ရက်၂၀၂၀ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ဦးဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကလေး လေးယောက် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအမှုကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် အမှုကိုအကူညီပေးသူတို့က လိုလားနေကြသည်။ အမှုကို မှန်ကန်သောတရားဥပဒေဖြင့် စစ်ဆေးနိုင်ရန် လိုအပ်သည့်အတွက် အရပ်ဘက် တရားရုံကို ရောက်ရှိစေချင်ခြင်းဖြစ်ကြောင်း နစ်နာသူအမျိုးအားအား အကူညီပေးနေသူ ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက DMG ကိုပြောသည်။ “ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းကတော့ ကျမတို့ဆီကို တစ်စုံတစ်ရာ ဆက်သွယ်လာတာတော့ မရှိသေးဘူူး။ ဒီအကြောင်းတွေကိုလည်း ရန်ကုန်ကနေ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကျမတို့ဆီကို ပို့ထားတာရှိတယ်။ RFA သတင်းမှာတာ့ ဖော်ပြထားကိုလည်းတွေ့ရတယ်။ သူတို့ဘက်က ကျူးလွန်ခဲ့တာမှန်ကန်ကြောင်းကို […]

  • Author:
  • Date: September 10th, 2020
  • Category: News

၎င်းအပါအဝင် ပြည်နယ်အဆင့်အကြီးအကဲများပါသည့် စက်လှေအား AA မှ ပစ်ခတ်ခဲ့ကြောင်း ချင်းပြည်နယ် ဝန်းကြီးဦးစိုးထက် ပြောဆို

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဦးစိုးထက် စီးနင်းလိုက်ပါလာသည့် စက်လှေအား စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အေအေအဖွဲ့က လက်နက်များဖြင့် အနည်းဆုံး ၁၁ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း ခူမီချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က သတင်းထုတ်ပြန်ထားသည်။ ဦးစိုးထက်မှာ ရွေးကောက်ပွဲမဲဆွယ်ကာလအတွက် ပလက်ဝမြို့တွင်ရောက်ရှိနေခြင်းဖြစ်ပြီး စက်လှေသည် ကုလားတန်မြစ်အနောက်ဘက်ကမ်းရှိ ပလက်ဝမြို့ဆိပ်ကမ်းမှထွက်ခွာပြီး မြစ်အရှေ့ဘက်ကမ်းသို့ကူးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပစ်ခတ်မှုကြောင့် လူအထိအခိုက်မရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်မှသိရသည်။ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုးထက်က “ဒီနေ့နေလည်ပိုင်းက ကျွန်တော်အပါအဝင် ပြည်နယ်အဆင့်အကြီးကဲတွေက ပလက်ဝ မြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စက်လှေနဲ့သွားတော့ လမ်းမှာ အပစ်ခံရတာ။ စက်လှေမှာပါတာကတော့ လူ(၁၀) ကျော်ပါတယ်။ ဒဏ်ရာရတာတော့မရှိဘူး။ ပစ်တာကတော့ AA 80ဖွဲ့က ပစ်တာပါ။ အခုတော့ ပလက်ဝကို ရောက်ပါပြီ” ဟု DMG သို့ ပြောသည်။ […]

  • Author:
  • Date: September 10th, 2020
  • Category: News

ပြည်နယ်အစိုးရရုံးရှေ့ ရခိုင်အရေး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

၉ စက်တင်ဘာ ၂၀၂၀ ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ အင်တာနက်ပြန်ဖွင့်ပေးဖို့ အပါအဝင် ပြည်နယ်အစိုးရကို အလိုမရှိကြောင်းကို ယနေ့ (စက်တင်ဘာလ ၉ ရက်) နေ့လည် ၁၂ နာရီခန့်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားသုံးဦး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ယင်းသုံးဦးတို့မှာ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည် ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် စစ်တွေကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်တို့ ဖြစ်ကြသည်။ ၎င်းတို့သုံးဦးသည် “ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ၊ သွေးစွန်းတဲ့ အစိုးရအလိုမရှိ၊ ပြည်နယ်အစိုးရအား အလိုမရှိ၊ လူသတ်စစ်တပ် အလိုမရှိ၊ 4G အင်တာနက်ပြန်လည်ရရှိရေး” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ခိုင်ရိုးလ (DMG) – ပေးပို့သည်။

  • Author:
  • Date: September 9th, 2020
  • Category: News

မံစီမြို့နယ် နမ်လင်းပါဒေသခံများနေရပ်ပြန်ရေး  နယ်မြေခံတပ်မတော်က ခွင့်မပြုဘဲ ဖြစ်နေ 

၉ စက်တင်ဘာ  ၂၀၂၀ ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ နမ်လင်းပါ (Nam Lim Pa) ကျေးရွာနေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် နယ်မြေခံတပ်မတော်၏ ခွင့်ပြုချက်မရသောကြောင့် ယခုတိုင် စစ်ပြေး ဒုက္ခသည်စခန်းတွင် ခိုလှုံနေရဆဲဖြစ်သည်ဟု ဆိုသည်။ နမ်လင်းပါစစ်ရှောင်များသည် ဗန်းမော်မြို့ရောဘတ်စစ်ရှောင်စခန်းတွင် အများဆုံးနေထိုင်ကြပြီး ၎င်းတို့အနေဖြင့် နေရပ်ပြန်ရေးအတွက်၂၀၁၇မှစကာ သက်ဆိုင်ရာဌာနများသို့ စာတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ နေရပ်ပြန်လည်နေထိုင်ရန် သဘောတူခဲ့ကြသော်လည်း နယ်မြေခံစစ်တပ်၏ ခွင့်ပြုချက်မရရှိသည့်အတွက် ယနေ့ထိရွာတွင်းဝင်ရောက်ခွင့်ပင် မရှိကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ နမ်လင်းပါဒေသခံ ဆရာအင်ဒေါင်တန်ဂွန်းက ပြောသည်။ “ကျနော်တို့ ရွာပြန်ဖို့ နေပြည်တော်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်အဆင့်စာထည့်တယ်။ အဲဒါကိုအုပ်ချုပ်ရေးပိုင်းက ပြန်ဖို့ ခွင့်ပြုတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရွာမှာသွားပြီးလေ့လာတယ်။ အဲချိန်မှာရွာကနယ်ခံတပ်တွေနဲ့ညှိနှိုင်းတယ်။ ဘယ်ချိန်ပြန်ခဲ့မယ်၊ ဘာဆက်လုပ်မယ်ဆိုတာကို ညှိနှိုင်းတယ်။ ညှိနှိုင်းလို့အဆင်ပြေလာသလိုဘဲ ရှိသေးတယ်။ အဲစခန်းကပြောင်းသွားတယ် နောက်ပြောင်းလာတဲ့နယ်ခံတပ်ကို ပြောင်းသွားတဲ့စခန်းက […]

  • Author:
  • Date: September 9th, 2020
  • Category: News

မြန်မာရင်ဆိုင်နေရသည့် ICJ အမှု ကနေဒါနှင့် နယ်သာလန်ပါဝင်လာမှု Justice for Myanmar ကြိုဆို

စက်တင်ဘာ ၉ရက်၊ ၂၀၂ဝပြည့်နှစ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆို ခံထားရသည့် မြန်မာနိုင်ငံ၏ အမှုတွင် ကနေဒါနှင့် နယ်သာလန်ပါဝင်လာမှုအပေါ် Justice For Myanmar မှကြိုဆိုကြောင်း ယနေ့ စက်တင်ဘာလ ၈ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ICJ ၌ မြန်မာနိုင်ငံအား တရား ဆွဲဆိုထားသည့် ဂမ်ဘီယာ နိုင်ငံဘက်မှ ပါဝင် အားဖြည့်သွားမည်ဖြစ်ကြောင်း ကနေဒါ နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးမှ ပြီးခဲ့သည့် စက်တင် ဘာလ ၂ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် ကြိုဆိုခြင်း ဖြစ်ပြီး စစ်တပ်၏ စီးပွားရေး လုပ်ငန်း များအား အဓိက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အဆိုပါ နှစ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး […]

  • Author:
  • Date: September 9th, 2020
  • Category: News

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကော့ကရိတ်တွင် တပ်နှင့် BGF တို့ နယ်မြေစိုးမိုးရေးဆောင်ရွက်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ပြီးနောက် တပ်မတော် နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့မှ နယ်မြေစိုးမိုးရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဩဂုတ်လ (၃၀)ရက်နေ့ကက မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်း အလယ်ဘို တဲအနီး ဆက်သွယ် ရေးစခန်းကုန်းရှိ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရပြီး အလောင်း အောက် မိုင်းထောင်ထား၍ မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်ဆေးတပ်မှ ဗိုလ်ကြီး (၁)ဦး အပါအဝင် တပ်မတော်သား ၃ဦး ထပ်မံ သေဆုံးခဲ့ပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ရာ ယင်းနေရာအနီးရှိ ကျေးရွာများတွင် တပ်စွဲထားသော […]

  • Author:
  • Date: September 9th, 2020
  • Category: News