ယနေ့မနက်ပိုင်း ကလေးမြို့ ပစ်ခတ်မှုဖြစ်စဉ်တွင် ၃ ယောက်ကျဆုံးပြီး အများအပြားဒဏ်ရာရ

၇ ဧပြီ ၂၀၂၁ စစ်ကိုင်းတိုင်း တမူးမြို့ တနင်္ဂနွေနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူလူထုဘက်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ “မနေ့ညက သုံးနာရီကနေစပစ်ကြတာ ၆ နာရီလောက်ထိ ပစ်ကြတယ်၊ ပြည်သူဘက်က ထိခိုက်တာတွေမရှိဘူး၊ သူတို့ဘက်ကလေးယောက်ကျတယ်၊ ကားတစ်စီး တွန်းသွားရတယ်လို့တော့ပြောတယ်၊ ဒီနေ့တော့ ထူးခြားတာမရှိသေးဘူး၊ စစ်သားတွေက အိမ်စီးကားတွေနဲ့ လာနေတယ်လို့တော့ ကြားတယ်”ဟု တမူးမြို့ခံတစ်ဦးမှ ပြောသည်။ တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ အပြန်အလှန်ပစ်ခတ်မှု ယခုရက်ပိုင်းတွင် နေ့စဉ်လိုလိုပစ်ခတ်မှုများရှိပြီး နှစ်ဘက်ကျဆုံးဒဏ်ရာရှိမှုများလည်း ရှိကြောင်း သိရသည်။ ခိုနူမ်းသုန် မှ ပေးပို့သည်။

  • Author:
  • Date: April 7th, 2021
  • Category: News

ကရင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်း လေကြောင်းအပါအဝင် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း FBR ထုတ်ပြန်

ဧပြီလ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ဧပြီလ ၁ရက်နေ့မှစ၍ တစ်လတာအပစ်အခတ်ရပ်စဲထားကြောင်း အကြမ်းဖက် စစ်ကောင်စီမှ ထုတ်ပြန်ကြေ ညာထားသော်လည်း ကရင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် လေကြောင်းအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေကြောင်း ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် Free Burma Ranger(FBR)မှ ထုတ်ပြန်ထားကြောင်း တွေ့ရသည်။ အပစ်ရပ် ကြေညာထားသည့် ဧပြီလ ၁ရက်နေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုမြို့နယ်အတွင်း မနက်တစ်ကြိမ်နှင့် နေ့လည်တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၎င်းနေ့မှာပဲ လူသောမြို့နယ်အတွင်း၌ မြေပြင်တိုက်ခိုက်မှုအနေဖြင့် လက်နက်ကြီးကျည်ဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း FBR၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့နောက် ဧပြီလ ၂ရက်နေ့တွင်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း […]

  • Author:
  • Date: April 7th, 2021
  • Category: News

ကချင် ခရစ်ယာန်ဘုရားကျောင်းအတွင်း အာဏာသိမ်းစစ်တပ် ဝင်ရောက်ရှာဖွေ

ဓာတ်ပုံ – မော်ဖောင်းဘုရားကျောင်း ၇ ဧပြီ ၂၀၂၁ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်သားအပြည့် စစ်ကား ၂စီးဖြင့်ရောက်လာပြီး နာရီဝက်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားသည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘုရာကျောင်းဝင်းအတွင်းကို စစ်ကား ၂စီးနဲ့ရောက်လာပြီး ဝိုင်းထားတယ်။ ပြီးတော့ ဂိတ်စောင့်တဲ့ သူတွေကို ဝင်မေးတာတွေပြုလုပ်တယ်။ ဒီထဲမှာ ဘယ်သူတွေရှိတယ်ဆိုပြီးမေးတယ်။ တာဝန်အရလာစစ်တယ်လို့ပြောသွားတယ်” ဟု ပြောဆိုသည်။ အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း မိုးညှင်းမြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ ကတ်သလစ်ဘုရားကျောင်းနှင့် အင်္ဂလီကန် ဘုရားကျောင်းတို့ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက် စစ်ဆေးခဲ့သည်ဟု အသင်းတော်တာဝန်ရှိသူများထံမှ သိရသည်။ ပြီးခဲ့သည့် […]

  • Author:
  • Date: April 7th, 2021
  • Category: News

KNU နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များအပြင် အထက်တန်းကျောင်းတစ်ကျောင်းပါ ထိခိုက်ပျက်စီး

ဧပြီလ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းကစ၍ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီ၏ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) အပေါ် လေကြောင်းတိုက်ခိုက်မှုတွင် လူနေအိမ်များအပြင် အထက်တန်းကျောင်းတစ်လုံး ပါဝင် ထိခိုက်ပျက်စီးသွားသည့် ပုံရိပ်များ ယမန်နေ့ ဧပြီလ ၆ ရက်နေ့က လူမှုကွန်ယက် သတင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ပေါ် ထွက်လာ ခဲ့သည်။ KNU တပ်မဟာ(၅)၏ ခရိုင်ဌာနချုပ်ဖြစ်သည့် ဒေပူးနို ကျေးရွာအတွင်း တည်ဆောက်ထားသည့် ဒေပူးနို အထက်တန်းကျောင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျည်စ နှင့် ဗုံးစ ထိမှန်ပျက်စီးသွား သည့် ဓါတ်ပုံများနှင့် ရုပ်သံများ ယမန်နေ့ မတ်လ ၆ ရက်နေ့က ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုကို ကိုယ်တိုင်သွားရောက် ရိုက်ကူးခဲ့သည့် ရုပ်သံတစ်ခုကို Wah Fish […]

  • Author:
  • Date: April 7th, 2021
  • Category: News

TNLA ၊ SSPP နှင့် RCSSတို့အကြား တိုက်ပွဲကြောင့် နမ္မတူမြို့နယ်အတွင်း ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

၇ ဧပြီ ၂၀၂၁ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင် အချင်းချင်းကြားက တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။ နမ္မတူမြို့နယ်အတွင်းရှိ မန်လီကျေးရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသားများ သီပေါမြို့သို့ စစ်ဘေးတိန်းရှောင်နေရခြင်း ဖြစ်သည် ဟု ပြောသည်။ နမ္မတူ ဒေသခံတစ်ဦး က “အထူးသဖြင့် ဖြစ်နေတာက TNLA ရယ်၊ SSPP ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တို့ဖြစ်နေ တာ။ […]

  • Author:
  • Date: April 7th, 2021
  • Category: News

KNU နှင့် စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်း‌ရှောင်သူများ ရှိနေ

ဧပြီ ၇ရက်၊ ၂၀၂၁ခုနှစ်။ ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြောင့် ဒေသခံ ထိခိုက်သေဆုံးရမှုနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေကြောင်း KNU က ယနေ့ ထုတ်ပြန်ထားသည်။ KNUတပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်၊မာန်အောင်ရွာ အနီး ယမန်နေ့ညက နာရီဝက်အကြာ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသခံ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကျန်ရွာသားတစ်ဦး၏ ပေါင်ကို ကျည်ထိမှန် ခဲ့ကြောင်းနှင့် တိုက်ပွဲ ကြောင့် ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု KNU ဒူးပလာခရိုင်၏ ထုတ်ပြန်မှုကို သူးလေးသတင်းစဉ်၌ ပြန်လည်ဖော်ပြထားမှုအရ သိရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၂၈၃)နှင့် KNLAတပ်ဖွဲ့ဝင်အကြား ဖြစ်ပွား ခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဒေသခံရွာသားများကို ပစ်ခတ်ခြင်းနှင့် ရွာသားများကို အကာအကွယ်ပြု၍ […]

  • Author:
  • Date: April 7th, 2021
  • Category: News

ဝင်ရေးမြို့နယ်အတွင်း KNU တပ်မဟာ (၆) နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်

ဧပြီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား ဧပြီလ ၆ရက် ညနေ ၆ နာရီခန့်တွင် KNU၏ ဝင်ရေးမြို့နယ် ( မွန်ပြည်နယ်၊ ရေးမြို့နယ်) မာန်အောင်ရွာ၌ တိုက်ပွဲဖြစ်ပွား လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ KNU တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၁၆ နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြော သည်။ ၎င်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မာန်အောင်ရွာမှာ ဒီည ၆နာရီ မိနစ် ၄၀ လောက်ကစပြီး အခု (ည ၇နာရီခွဲ)ထိ ဖြစ်ပွားနေတုန်းပါပဲ။ နောက်ဆက်တွဲတွေကတော့ […]

  • Author:
  • Date: April 7th, 2021
  • Category: News

ရှဒူးဇွပ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ် ဓာတ်ပုံ – ရှဒူးဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာ ပြည်သူ့စစ်စခန်း

၇ ဧပြီ ၂၀၂၁ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင် အခြေစိုက်သော အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ရှဒူးဇွပ်စစ်တပ်ကုန်းမှ လက်နက်ကြီး ၆ကြိမ် ထက်မနည်း ပစ်ခတ်မူကြောင့် ဘန်ကောက်ကျေးရွာ နှင့် နမ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ “မနေ့ည ၈နာရီနဲ့ ၉နာရီကြားမှာ ဟုတ်တယ်။ ဒီရှဒူးဇွပ်စစ်တပ်ကုန်းက လက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဘယ်ကိုပစ်နေကြမလဲ မသိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီဝါရွာဇွပ်ကျေးရွာနဲ့နီးတဲ့ ဘန်ကောက်ကျေးရွာမှာက လက်နက်ကြီးကျတယ်တယ်လို့ သိရတယ်” ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောဆိုသည်။ အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ […]

  • Author:
  • Date: April 7th, 2021
  • Category: News

Myanmar Peace Monitor