ကရင်မျိုးနွယ်စု ၇ စုအရေး လုပ်ဆောင်မည့် ကရင်အမျိုးသားမျိုးနွယ်စုများအသင်း ဖွဲ့စည်း

ကရင်မျိုးနွယ်စု ၇ စု၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ဘာသာစကားနှင့်စာပေဆိုင်ရာကိစ္စရပ်များကို ထိန်းသိမ်းမြှင့်တင်ရေး အဓိကလုပ်ဆောင်မည့် ကရင်အမျိုးသားမျိုးနွယ်စုများအသင်း- KNTA (ကရင်ပြည်နယ်) ကို ဇူလိုင်လ ၆ ရက်နေ့က ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာရုံးတွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။ Karen National Tribal Association (KNTA)မှာ စကော၊ ပိုး၊ ဘွဲ၊ မိုပွာ၊ ဂေဘား၊ ပကူးနှင့် ကညောဝါး (ခေါ်) ကရင်ဖြူစသည့် ကရင်မျိုးနွယ်စုများ၏ အရေးအရာများအတွက် လုပ်ဆောင်နိုင်ရန် အစိုးရထံတွင် တရားဝင် အ သင်းအဖွဲ့ မှတ်ပုံတင်ပြီး လှုပ်ရှားဆောင်ရွက်မည့်အဖွဲ့ဖြစ်လည်း ဖြစ်သည်။ ကရင်အမျိုးသား မျိုးနွယ်စုများ အသင်း- KNTA ဥက္ကဌ စောချစ်သန်းက“ အစိုးရနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ထိ တွေ့မှုက အားနည်းတယ်။ ပြောရမယ်ဆိုရင် ကရင်တိုင်းရင်းသားတွေရဲ့ […]

  • Author:
  • Date: July 10th, 2019
  • Category: News

တပ်ဖွဲ့ဝင် ၃ဦး တပ်မတော်ထံ လက်နက်ချ၊ အလင်းဝင်မှုမှာ လုပ်ကြံမှုဟု ခွဲထွက် DKBA ငြင်းချက်ထုတ်

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ခွဲထွက် DKBA) ကလို့ထူးဝါး တပ်မဟာ စစ်ကြောင်း မှူး ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး(ခ)စောကချောသူး ဦးစီးသည့် အဖွဲ့ဝင် ၃ဦး ဇူလိုင်လ ၆ရက်နေ့က ကော့ကရိတ်မြို့ အမှတ်(၉၇) ခြေလျင်တပ်ရင်းထံသို့ လက်နက်ချအလင်းဝင်သွားမှုမှာ မဟုတ်မမှန်သည့် လုပ်ကြံမှုတစ်ခုသာဖြစ် သည်ဟု ခွဲထွက် DKBA ဘက်က ငြင်းချက်ထုတ်ကာ ပြန်လည်ပြောဆိုသည်။ ခွဲထွက် DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဆန်းအောင်က “ဒီလူတွေနဲ့ပတ်သက်ပြီး (၉၀၇)တပ်ရင်းက ဘယ်နေရာမှာ အခြေချလှုပ်ရှားနေလဲ။ (၉၀၇)တပ်ရင်းက ၂၀၁၅ခုနှစ် အလင်းဝင်ကတည်းက အကုန်ပါသွားကုန်ပြီး။ အခုက ဗိုလ်မှူး အဆင့်တဲ့။ ဒီဗိုလ်မှူးက ကျနော်တို့လည်း မသိဘူးဗျ။ သူ့တပ်သည် ဘယ်မှာရှိလဲ၊ အပေါ်က ကွပ်ကဲမှုပေါ့။ ကျနော်တို့ ဒီရှိနေတဲ့တပ်တွေနဲ့ ကွပ်ကဲ ကြိုးကိုင်တာလည်း မရှိဘူး။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။ […]

  • Author:
  • Date: July 9th, 2019
  • Category: News

KNU နှင့် NRPC အလွတ်သဘော ထပ်မံတွေ့ဆုံ၊ ကြားကာလ ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

KNU -ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန -NRPC တို့သည် ယနေ့ (ဇူလိုင် ၉ရက်)တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ အလွတ်သဘော ထပ်မံတွေ့ဆုံမှု ပြုလုပ်လျက်ရှိသည်။ ဆွေးနွေးပွဲအတွက် KNU ဘက်မှ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ် ဦးဆောင်ပြီး ယခင် ဧပြီလ ၁၁ ရက် နေ့က NRPC နှင့် KNU အကြား အလွတ်သဘောတွေ့ဆုံမှုတွင် ရရှိလာသည့် သဘောထားများအရ ကြားကာလ ဆိုင်ရာ ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရန် ယခုလို ထပ်မံတွေ့ဆုံခြင်းဖြစ်သည်ဟု KNU တွဲဖက် အတွင်းရေးမှူး(၂)ဖြစ်သူ ပဒို စောလှထွန်းက ပြောသည်။ ၎င်းက “အဓိက ကတော့ ကြားကာလဆိုင်ရာကိစ္စရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ […]

  • Author:
  • Date: July 9th, 2019
  • Category: News

နိုင်ငံရေး ဆွေးနွေးမှု ကာလအတွင်း တော်လှန်ရေး သတိရှိရမည်ဟု KNU ပြော

လက်နက်ကိုင် တော်လှန်ရေး ကြားကာလနှင့် နိုင်ငံရေးဆွေးနွေးစဉ် ကာလအတွင်း တော်လှန်ရေး သတိရှိ ရမည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးမှ ယနေ့ (ဇူလိုင်လ ၅ရက်) တွင် ကျရောက်သည့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၇၀)ပြည့်အတွက် ပေးပို့သည့် သဝဏ် လွှာ၌ ပြောဆိုလိုက်သည်။ “ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး ကြားကာလနှင့် နိုင်ငံရေး ဆွေးနွေးသည့် ကာလအတောအတွင်းမှာ တော်လှန်ရေးသတိအမြဲရှိရန် လိုအပ်သလို အခက်အခဲကြားက အခွင့်အရေးကို ရှာယူရင်း ကျနော်တို့လိုချင် သည့် ပန်းတိုင်ထိရောက်အောင် စွမ်းဆောင်ရယူရန် လိုအပ်သည်”ဟု KNU၏ နှစ် (၇ဝ)ပြည့် KNLAနေ့အတွက် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် KNLAသည် ကေအဲန်ယူ၏ နိုင်ငံရေး ရည်မှန်းချက်၊ ရပ်တည်ချက်များနှင့် ကရင်ပြည်သူ လူထုတစ်ရပ် လုံးကို […]

  • Author:
  • Date: July 8th, 2019
  • Category: News

ခွဲထွက် DKBAမှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် (၃)ဦး တပ်မတော်ထံ လက်နက်အပ်နှံ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကောင်းမှုရွာအခြေစိုက် ခွဲထွက် DKBA ကလို့ ထူးဝါးတပ်မဟာ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး(ခ)စောကချောသူး ဦးစီးသည့် အဖွဲ့ဝင် ၃ဦးသည် ယနေ့ ( ဇူလိုင်လ ၆ရက်နေ့)က ကော့ကရိတ်မြို့ အမှတ် ၉၇ ခြေလျင်တပ်ရင်း ထံသို့ လက်နက်အပ်နှံကာ ပူးပေါင်းလိုက်သည် ဟု သိရသည်။ ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး (ခ) စောကချောသူး၊ ဗိုလ်ကြီးအဆင့်ရှိ ရဲနိုင်နှင့် တပ်ကြပ်အဆင့် စောကချောဝါးတို့ ၃ ဦးတို့သည် M.16 သေနတ် (၁)လက်၊ ကျည်(၅၁)တောင့်၊ 9 MM ပစ္စတို (၁)လက်၊ ကျည်(၂)တောင့်နှင့် အတူ ယနေ့ နံနက် (၉:၅၀)အချိန် ကော့ကရိတ်မြို့ အမှတ် ၉၇ ခြေလျင်တပ်ရင်း ဗန္ဓုလခန်းမဆောင်၌ ကျင်းပသည့် […]

  • Author:
  • Date: July 8th, 2019
  • Category: News

မြဝတီမြို့ လမ်းဆုံ ယာဉ်ထိန်းရဲ နားနေဆောင်တွင် ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ

ကရင်ပြည်နယ်၊ မြဝတီ ၅ ရပ်ကွက်၊ ရေပူရပ်၊ အမှတ်(၂) တံတားလမ်းမကြီးနှင့် အာရှလမ်းမကြီးဆုံရပ် မီးပွိုင့် ယာဉ်ထိန်းရဲ နားနေဆောင်တစ်ခုတွင် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းက လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၆ နာရီခန့်တွင် ယာဉ်ထိန်းရဲ အကူနှစ်ဦးက သန့်ရှင်းရေး လာလုပ်နေစဉ် စစ်ကျန်သံချေးတက် ၆၀ မမ ဗုံးသီးဟောင်းအား တိတ်နက်ပတ်၊ စနက်တန်၊ ဝါယာပါ အလျား ၁ ပေ၊ အနံ ၆ လက်မခန့်ရှိ ၎င်း လက်လုပ်ချိန်ကိုက် မိုင်း(၁)လုံး ထောင်ထားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။ အဆိုပါ တွေ့ရှိမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာတွင် ခရိုင်ရဲမှူး ဒုရဲမှူးကြီးမျိုးသန့်၊ ရှေ့တန်းရုံး […]

  • Author:
  • Date: July 5th, 2019
  • Category: News

ဌာနေ တိုင်းရင်းသားများပေါ် ထိခိုက်နေသည့် ဥပဒေနှင့် စီမံကိန်းများကို ဖျက်သိမ်းရန် တောင်းဆို

မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားများအပေါ် ထိခိုက်နေသည့် မြေယာ၊ သစ်တောဆိုင်ရာ ဥပ ဒေများနှင့် စီမံကိန်းများကို ဖျက်သိမ်းရန် ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာလူထုပိုင် ဘုံသစ်တော ကိုယ်စားလှယ်များမှ ယမန်နေ့ (ဇူလိုင် ၃ ရက်)တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပီးတခ ကျေးရွာတွင် ဇူလိုင်လ ၁ ရက်မှ ၃ရက်နေ့အထိ ပြုလုပ်ခဲ့ သည့် ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာလူထုပိုင်ဘုံသစ်တော ပထမဦးဆုံးအကြိမ် နှီးနှောဖလှယ်ပွဲပြီး ထုတ်ပြန်သည့် ကြေညာချက်၌ ဒေသအသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ထိုသို့ တောင်း ဆို လိုက်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်၏ ပြောခွင့်ရ နော်နေဆဲဖောက“အစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေက ကျမတို့ ဌာနေ တိုင်းရင်းသားကို ထိခိုက်စေတယ်။ ဘာဖြစ်လဲဆိုတော့ […]

  • Author:
  • Date: July 5th, 2019
  • Category: News

နှစ်ရက်အတွင်း ထိုင်းရှိ မြန်မာဒုက္ခသည် ၂ဝဝ ကျော် ပြန်လည်ရောက်ရှိ

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရတို့၏ သဘောတူညီမှုဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာဒုက္ခသည်များ မိမိဆန္ဒအလျောက် နေ ရပ်ပြန်ရေး စတုတ္ထအကြိမ် အစီအစဉ်အရ ယခုရက်ပိုင်းအတွင်း နယ်စပ်ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည် ဦးရေ ၂၇၆ ဦး နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။ ထိုင်းနိုင်ငံ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြသည့် အဆိုပါ မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ ပြည်ထဲရေး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့ အစီအ စဉ်ဖြင့် ဇူလိုင် ၁ ရက်နေ့တွင် ၁၅၇ ဦးနှင့် ဇူလိုင်လ ၃ ရက်(ယနေ့)တွင် ၁၁၉ ဦး မဲဆောက်-မြဝတီ အမှတ် (၁) ချစ် ကြည်ရေးတံတားမှ တစ်ဆင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် […]

  • Author:
  • Date: July 4th, 2019
  • Category: News