ညီလာခံ ၃ ရက်မြောက်နေ့တွင် နိုင်ငံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်မူဝါဒများ သဘောတူညီမှုမရ

၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ညီလာခံ ၃ ရက်နေ့မြောက် ကဏ္ဍကြီး ၅ ရပ်ဆွေးနွေးမှုများတွင် နိုင်ငံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၂ ခုကို သဘောတူညီမှုမရသေးကြောင်း ယနေ့ညနေပိုင်းကျင်းပသည့် ညီလာခံသတင်းစာရှင်းလင်းပွဲ၌ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တာဝန်ရှိသူများ ပြောကြားသည်။

  • Author:
  • Date: July 16th, 2018
  • Category: News

မြစ်ကြီးနား Ngwipyaw Sanpya အစိုးရ စစ်ရှောင်ရွာတွင် သင်္ချိုင်းမြေ သတ်မှတ်ရန် လိုအပ်

ကချင် စစ်ရှောင်မိသားစုများကို အစိုးရမှ ပြန်လည် နေရာချပေးသော မြစ်ကြီးနားမြို့ မြောက်ဘက် Nhkai Bum တောင်ခြေရှိ Ngwipyaw စံပြကျေးရွာတွင် သင်္ချိုင်းမြေ နေရာမရှိသောကြောင့် လူသေဆုံးလျှင် အခက်အခဲကြုံတွေ့နေရသည်။

  • Author:
  • Date: July 16th, 2018
  • Category: News

N’Jang Yang တိုက်ပွဲ ထပ်မံဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ယခု ရက်ပိုင်းမှ ကချင်ပြည်နယ် N’Jang Yang မြို့အတွင်း မြန်မာအစိုးရတပ် စစ်ရေး လှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာသဖြင့် တိုက်ပွဲ ထပ်မံဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

  • Author:
  • Date: July 16th, 2018
  • Category: News

သြစတြေးလျ ကချင်အဖွဲ့အစည်းမှ ကဆုန်စစ်ရှောင်များကို ကျပ် (၇၅)သိန်း ကူညီ

သြစတြေးလျ နိုင်ငံရောက် ကချင်အမျိုးသားများ က ၎င်းတို့ ရှာဖွေရရှိသော ရံပုံငွေနှင့် အခြား မြန်မာတိုင်းရင်းသားများ ပေးလှူသော စုစုပေါင်း ကျပ်ငွေ ပမာဏ (၇၅)သိန်း ကို ကချင်ပြည်နယ် ကဆုန်စစ်ရှောင်များကို ကူညီပေးခဲ့သည်။

  • Author:
  • Date: July 12th, 2018
  • Category: News

မြန်မာ့အရေးသုံးသပ်ခြင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများဖိုရမ် နိုင်ငံအသီးသီးမှ ပညာရှင် ၅ဝခန့်တက်ရောက်ခဲ့

မြန်မာနိုင်ငံအရေး ပြန်လည်သုံးသပ်ခြင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများဖိုရမ် (Burma Review and Challenges International Forum-BRACIF)ကို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ရှိ Aichi Gakuin University ရှိ Campus နှစ်ခုတွင် ဇူလိုင်လ ရရက်မှ ၉ရက်နေ့အ ထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနှင့် နိုင်ငံတကာမှ တတ်သိပညာရှင်ပေါင်း (၅၃)ဦး တက်ရောက်ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

  • Author:
  • Date: July 12th, 2018
  • Category: News

၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ဖက်ဒရယ်ရေးရာအချက်များ မချမှတ်နိုင်ဟု မွန်ခေါင်းဆောင်များသုံးသပ်

လက်ရှိကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး)တွင် ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ်ရေးရာအချက်များ ဆုံးဖြတ်ချက် ချမှတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ညီလာခံတက်ရောက်သူ မွန်ခေါင်းဆောင်များက သုံးသပ်ပြောကြားသည်။

  • Author:
  • Date: July 12th, 2018
  • Category: News

၂၀၂၀ ခုနှစ်မတိုင်မီ ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံမူများချမှတ်ရန် မဖြစ်နိုင်သေးဟု နိုင်ဟံသာပြော

၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ရာစုပင်လုံ နောက်ထပ်ညီလာခံ (၃)ကြိမ်ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာအခြေခံမူများချမှတ်ရန် မဖြစ်နိုင်သေးဟု မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

  • Author:
  • Date: July 12th, 2018
  • Category: News

စစ်ရေးအရ ဖိအားပေးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မတည်ဆောက်ဘဲ တန်းတူအခွင့် အရေး ဖြင့်သာ တည်ဆောက်နိုင်မည်ဟု ကေအဲန်ယူပြော

ပြည်ထောင်စုအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စစ်ရေးအရ ဖိအားပေးခြင်း၊ အတင်းအကျပ် တည် ဆောက်၍ ရမည်မဟုတ်ဘဲ တိုင်းရင်သားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အခြခံ များဖြင့်သာ တည်ဆောက်နိုင်မည်ဟု နေပြည်တော် MCC-2 ခန်းမ၌ ယနေ့ ပြလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ-၂၁ ရာစုပင်လုံဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆို လိုက်သည်။

  • Author:
  • Date: July 12th, 2018
  • Category: News